ရွှေကြိုရွေးချယ်မခံရသူများကို ဖျော်ဖြေရေးကဏ္ဍအတွက် ဖိတ်ခေါ်ခြင်းမှာ အခွင့်အရေးရှိသင့်သောကြောင့် နေရာ ဖန်တီးပေးခြင်းဖြစ်

 116

ချယ်ရီ (NP News) - ဇန်နဝါရီလ ၉

ရွှေကြိုရွေးချယ်မခံရသူများကို ဖျော်ဖြေရေးကဏ္ဍအတွက် ဖိတ်ခေါ်ခြင်းမှာ အခွင့်အရေးရှိသင့်သောကြောင့် နေရာဖန်တီး ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး အကယ်ဒမီချမ်းသာကြည်စိုးက NP News ကို ပြောသည်။
ရုပ်ရှင်အကယ်ဒမီပေးပွဲ၏ ဖျော်ဖြေရေးကဏ္ဍအတွက် ပါဝင်နိုင်ရန်အတွက် ရွှေကြိုနောက်ဆုံးအဆင့်မှ ကျန်ရစ်ခဲ့သူများ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ဖိတ်ခေါ်ထားသည်။
“ဖျော်ဖြေရေးကဏ္ဍ ပါဝင်ဖို့တော့ ဖိတ်ခေါ်ထားတယ်။ ပါဝင်ဖို့အတွက်ဆိုပြီးတော့ စာရင်းစာရွက်ပေးသွင်းနေတဲ့သူတွေ လည်း ရှိတယ်။ ဘယ်နှယောက်ပါပြီလဲဆိုတော့ (၁၁)ရက်လောက်အထိကို ပထမအနေနဲ့ နောက်ဆုံးရွေးချယ်ပွဲမှာ ကျန်ခဲ့တဲ့ကလေးက (၁၄)ယောက်ရှိတယ်။ အဲဒီ(၁၄)ယောက်ကို ဦးစားပေးပြီးစောင့်မယ်။ အဲဒီလို အချိန်ကာလတစ်ခု အထိကို စောင့်ပြီးတော့ ရွေးမယ်။ အဲဒီနောက် ပါဝင်ရမယ့်လူထဲမှာ လိုနေသေးတယ်ဆိုရင် ဒုတိယအဆင့်မှာ ပယ်တဲ့ ကလေးတွေက (၃၅)ယောက်လောက်ရှိတာဆိုတော့ အဲဒီထဲကနေပြီးတော့ ကျွန်တော်တို့ကို မေးနေတာရှိတယ်။ အဲဒီအခါကျရင် သူတို့ကို ဦးစားပေးပြီး ရွေးချယ်မှာ။ အဆင့်တိုင်း သွားရမှာပေါ့နော်” ဟု အကယ်ဒမီချမ်းသာကြည်စိုးက ပြောသည်။
ရွှေကြိုနောက်ဆုံးအဆင့်သို့ ရောက်ရှိလာကြသူများမှာ ကိုယ်စီအရည်အချင်း ပြည့်မီကြသူများဖြစ်ပြီး အမှတ်အနည်းငယ် ကွာခြားမှုကြောင့်သာ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လုပ်ချင်တဲ့သူကတော့ ကျွန်တော်တို့ ဖွင့်ပေးသလောက်ကို အများကြီးဝင်လာမှာပဲ။ သူတို့အတွက်လည်း အခွင့်အလမ်း တစ်ခုရှိသင့်တယ်လို့ မြင်တာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးအဆင့်ကိုရောက်လာတဲ့လူတွေအကုန်လုံးက အမှတ်တွေက မတိမ်းမယိုင်းလေးတွေပဲ ကွာနေတာ။ အဲဒီတော့ ကျန်ခဲ့ရတဲ့ကလေးလည်း ရှင်းရှင်းပြောရလို့ရှိရင် ပြိုင်ပွဲ သဘောတရားအရ မတတ်သာလို့ ဖြုတ်လိုက်ရတာ။ သူတို့နဲ့ ပါသွားတဲ့ကလေးတွေနဲ့က အရည်အချင်းတွေက ဘာမှ သိပ်ကွာတာမဟုတ်ဘူး။ အခုရွေးချယ်ခံလိုက်ရတဲ့သူတွေက ကျန်ခဲ့တဲ့ကလေးတွေထက် နည်းနည်းလေး ကံသာသွားလို့။ အဲဒီလိုပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။
နောက်ဆုံးအဆင့်တွင် ကျန်ရစ်ခဲ့သူများကို လာမည့် ဇန်နဝါရီလ(၁၁) ရက်အထိကို နောက်ဆုံးထား၍ ခေါ်ယူမည်ဖြစ်ပြီး လူဦးရေအရ လိုအပ်မှုရှိပါက ဒုတိယအဆင့်တွင် ကျန်ရစ်ခဲ့သူများထဲမှ ဆက်လက်ရွေးချယ်သွားမည်ဖြစ်ရာ လာမည့် (၁၇)ရက်တွင် နောက်ဆုံးထားခေါ်ယူသွားမှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နောက်ထပ်သူတို့အတွက်လည်း ထွက်ပေါက်တစ်ခုဖြစ်သင့်တယ်။ အခွင့်ရေးတစ်ခုရှိသင့်တယ်။ ပြီးတော့ အနုပညာ လောကထဲကို ဝင်လာတဲ့ တက်သစ်စကြယ်ပွင့်တွေကို ကျွန်တော်တို့က နေရာဖန်တီးပေးရမှာက ဒီလိုပလက်ဖောင်း ဖန်တီးပေးရမှာက ရုပ်ရှင်အစည်းအရုံးရဲ့တာဝန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒါကိုဖန်တီးပေးတာပါ” ဟု အကယ်ဒမီ ချမ်းသာကြည်စိုးက ဆိုသည်။

Zawgyi Version;
ေ႐ႊႀကိဳေ႐ြးခ်ယ္မခံရသူမ်ားကို ေဖ်ာ္ေျဖေရးက႑အတြက္ ဖိတ္ေခၚျခင္းမွာ အခြင့္အေရးရွိသင့္ေသာေၾကာင့္ ေနရာ ဖန္တီးေပးျခင္းျဖစ္
ခ်ယ္ရီ (NP News) - ဇန္နဝါရီလ ၉

ေ႐ႊႀကိဳေ႐ြးခ်ယ္မခံရသူမ်ားကို ေဖ်ာ္ေျဖေရးက႑အတြက္ ဖိတ္ေခၚျခင္းမွာ အခြင့္အေရးရွိသင့္ေသာေၾကာင့္ ေနရာဖန္တီး ေပးျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး အကယ္ဒမီခ်မ္းသာၾကည္စိုးက NP News ကို ေျပာသည္။
႐ုပ္ရွင္အကယ္ဒမီေပးပြဲ၏ ေဖ်ာ္ေျဖေရးက႑အတြက္ ပါဝင္ႏိုင္ရန္အတြက္ ေ႐ႊႀကိဳေနာက္ဆုံးအဆင့္မွ က်န္ရစ္ခဲ့သူမ်ား ကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ျပန္လည္ဖိတ္ေခၚထားသည္။
“ေဖ်ာ္ေျဖေရးက႑ ပါဝင္ဖို႔ေတာ့ ဖိတ္ေခၚထားတယ္။ ပါဝင္ဖို႔အတြက္ဆိုၿပီးေတာ့ စာရင္းစာ႐ြက္ေပးသြင္းေနတဲ့သူေတြ လည္း ရွိတယ္။ ဘယ္ႏွေယာက္ပါၿပီလဲဆိုေတာ့ (၁၁)ရက္ေလာက္အထိကို ပထမအေနနဲ႔ ေနာက္ဆုံးေ႐ြးခ်ယ္ပြဲမွာ က်န္ခဲ့တဲ့ကေလးက (၁၄)ေယာက္ရွိတယ္။ အဲဒီ(၁၄)ေယာက္ကို ဦးစားေပးၿပီးေစာင့္မယ္။ အဲဒီလို အခ်ိန္ကာလတစ္ခု အထိကို ေစာင့္ၿပီးေတာ့ ေ႐ြးမယ္။ အဲဒီေနာက္ ပါဝင္ရမယ့္လူထဲမွာ လိုေနေသးတယ္ဆိုရင္ ဒုတိယအဆင့္မွာ ပယ္တဲ့ ကေလးေတြက (၃၅)ေယာက္ေလာက္ရွိတာဆိုေတာ့ အဲဒီထဲကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ေမးေနတာရွိတယ္။ အဲဒီအခါက်ရင္ သူတို႔ကို ဦးစားေပးၿပီး ေ႐ြးခ်ယ္မွာ။ အဆင့္တိုင္း သြားရမွာေပါ့ေနာ္” ဟု အကယ္ဒမီခ်မ္းသာၾကည္စိုးက ေျပာသည္။
ေ႐ႊႀကိဳေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိလာၾကသူမ်ားမွာ ကိုယ္စီအရည္အခ်င္း ျပည့္မီၾကသူမ်ားျဖစ္ၿပီး အမွတ္အနည္းငယ္ ကြာျခားမႈေၾကာင့္သာ က်န္ရစ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
“လုပ္ခ်င္တဲ့သူကေတာ့ ကြၽန္ေတာ္တို႔ ဖြင့္ေပးသေလာက္ကို အမ်ားႀကီးဝင္လာမွာပဲ။ သူတို႔အတြက္လည္း အခြင့္အလမ္း တစ္ခုရွိသင့္တယ္လို႔ ျမင္တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ဆုံးအဆင့္ကိုေရာက္လာတဲ့လူေတြအကုန္လုံးက အမွတ္ေတြက မတိမ္းမယိုင္းေလးေတြပဲ ကြာေနတာ။ အဲဒီေတာ့ က်န္ခဲ့ရတဲ့ကေလးလည္း ရွင္းရွင္းေျပာရလို႔ရွိရင္ ၿပိဳင္ပြဲ သေဘာတရားအရ မတတ္သာလို႔ ျဖဳတ္လိုက္ရတာ။ သူတို႔နဲ႔ ပါသြားတဲ့ကေလးေတြနဲ႔က အရည္အခ်င္းေတြက ဘာမွ သိပ္ကြာတာမဟုတ္ဘူး။ အခုေ႐ြးခ်ယ္ခံလိုက္ရတဲ့သူေတြက က်န္ခဲ့တဲ့ကေလးေတြထက္ နည္းနည္းေလး ကံသာသြားလို႔။ အဲဒီလိုေပါ့ေနာ္” ဟု ၎က ရွင္းျပသည္။
ေနာက္ဆုံးအဆင့္တြင္ က်န္ရစ္ခဲ့သူမ်ားကို လာမည့္ ဇန္နဝါရီလ(၁၁) ရက္အထိကို ေနာက္ဆုံးထား၍ ေခၚယူမည္ျဖစ္ၿပီး လူဦးေရအရ လိုအပ္မႈရွိပါက ဒုတိယအဆင့္တြင္ က်န္ရစ္ခဲ့သူမ်ားထဲမွ ဆက္လက္ေ႐ြးခ်ယ္သြားမည္ျဖစ္ရာ လာမည့္ (၁၇)ရက္တြင္ ေနာက္ဆုံးထားေခၚယူသြားမွာျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။
“ေနာက္ထပ္သူတို႔အတြက္လည္း ထြက္ေပါက္တစ္ခုျဖစ္သင့္တယ္။ အခြင့္ေရးတစ္ခုရွိသင့္တယ္။ ၿပီးေတာ့ အႏုပညာ ေလာကထဲကို ဝင္လာတဲ့ တက္သစ္စၾကယ္ပြင့္ေတြကို ကြၽန္ေတာ္တို႔က ေနရာဖန္တီးေပးရမွာက ဒီလိုပလက္ေဖာင္း ဖန္တီးေပးရမွာက ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕တာဝန္ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔က ဒါကိုဖန္တီးေပးတာပါ” ဟု အကယ္ဒမီ ခ်မ္းသာၾကည္စိုးက ဆိုသည္။

Related news

© 2021. All rights reserved.