ညစ်ညမ်းစာများ ပုံနှိပ်မှုကြောင့် Yangon Printing Service နဲ့ ယွန်းစာပေတိုက် အပါအဝင် ထုတ်ဝေသူ(၃)ဦးတို့၏ လုပ်ငန်းများ ပိတ်သိမ်းခံရ

 2065

သန့်ဇင် (NP News) - ဇန်နဝါရီ ၉

ညစ်ညမ်းစာများ ထုတ်လုပ်ဖြန့်ချိသူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်)၊ ဒေါ်အေးမြတ်မွန် (Yangon Printing Service) ၊ ဒေါ်လှိုင်ယမင်း (ယွန်းစာပေ-၀၃၂၇၃) တို့၏လုပ်ငန်းများအား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၂ဝ၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စာရေးသူ Aung Khant ရေးသားသည့် "ကျွန်တော့် နှလုံးသားထက်မှာ လိပ်ပြာတစ်ကောင် ခိုနားနေသည်" စာအုပ်များ နှင့် စာရေးသူ Mahuyar ရေးသားသည့် "1500 Miles to you" နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များကို ထုတ်ဝေသူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက် - ၁၃၃၇)က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
စာရေးသူ မြင့်မိုရ်ရေးသားသည့် ”မေတ္တာနှောင်ချည်ချစ်ကြိုးချည်” စာအုပ်များနှင့် စာရေးသူ DiDi Zaw ရေးသားသည့်” "Match Made in Clouds" စားများကို ဒေါ်အေးမြတ်မွန် (Yangon Printing Service) က ပုံနှိပ်ထုတ်ဝေခဲ့ပြီး စာရေးသူ RED IN PEACE ရေးသားသော "DISO-Extra” စာအုပ်များနှင့် စာရေးသူ Vi Vian ရေးသားသော “သက်ဆိုင်သူ ဦးဝေ” စာအုပ်များကို ဒေါ်ဆုစန္ဒီသင်း (99 Printing) နှင့် ဒေါ်လှိုင်ယမင်း (ယွန်းစာပေ-၀၃၂၇၃)တို့က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
အထက်ပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစား နားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း ပြန်ကြားရေးဝင်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါ ပုံနှိပ်သူ နှင့် ထုတ်ဝေသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခြင်း၊ ၎င်းတို့၏ ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန် နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

Zawgyi Version;
ညစ္ညမ္းစာမ်ား ပုံႏွိပ္မႈေၾကာင့္ Yangon Printing Service နဲ႔ ယြန္းစာေပတိုက္ အပါအဝင္ ထုတ္ေဝသူ(၃)ဦးတို႔၏ လုပ္ငန္းမ်ား ပိတ္သိမ္းခံရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၉

ညစ္ညမ္းစာမ်ား ထုတ္လုပ္ျဖန႔္ခ်ိသူ ဦးရာဇာရဲထြဋ္ (Right ပုံႏွိပ္တိုက္)၊ ေဒၚေအးျမတ္မြန္ (Yangon Printing Service) ၊ ေဒၚလႈိင္ယမင္း (ယြန္းစာေပ-၀၃၂၇၃) တို႔၏လုပ္ငန္းမ်ားအား ပိတ္သိမ္းလိုက္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနသည္ ၂ဝ၁၄ ခုႏွစ္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ပုံႏွိပ္ျခင္းလုပ္ငန္း၊ ထုတ္ေဝျခင္းလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
စာေရးသူ Aung Khant ေရးသားသည့္ "ကြၽန္ေတာ့္ ႏွလုံးသားထက္မွာ လိပ္ျပာတစ္ေကာင္ ခိုနားေနသည္" စာအုပ္မ်ား ႏွင့္ စာေရးသူ Mahuyar ေရးသားသည့္ "1500 Miles to you" ႏွင့္ “အမုန္းနဲ႔ပ်ိဳးတဲ့ ခ်စ္ျခင္းအလကၤာ” စာအုပ္မ်ားကို ထုတ္ေဝသူ ဦးရာဇာရဲထြဋ္ (Right ပုံႏွိပ္တိုက္ - ၁၃၃၇)က ပုံႏွိပ္ထုတ္ေဝခဲ့ေၾကာင္း သိရသည္။
စာေရးသူ ျမင့္မိုရ္ေရးသားသည့္ ”ေမတၱာေႏွာင္ခ်ည္ခ်စ္ႀကိဳးခ်ည္” စာအုပ္မ်ားႏွင့္ စာေရးသူ DiDi Zaw ေရးသားသည့္” "Match Made in Clouds" စားမ်ားကို ေဒၚေအးျမတ္မြန္ (Yangon Printing Service) က ပုံႏွိပ္ထုတ္ေဝခဲ့ၿပီး စာေရးသူ RED IN PEACE ေရးသားေသာ "DISO-Extra” စာအုပ္မ်ားႏွင့္ စာေရးသူ Vi Vian ေရးသားေသာ “သက္ဆိုင္သူ ဦးေဝ” စာအုပ္မ်ားကို ေဒၚဆုစႏၵီသင္း (99 Printing) ႏွင့္ ေဒၚလႈိင္ယမင္း (ယြန္းစာေပ-၀၃၂၇၃)တို႔က ပုံႏွိပ္ထုတ္ေဝခဲ့ေၾကာင္း သိရသည္။
အထက္ပါ ပုံႏွိပ္သူႏွင့္ထုတ္ေဝသူမ်ားသည္ ပုံႏွိပ္ျခင္း ႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ(၈)၊ ပုဒ္မခြဲ(ဂ)ပါ ညစ္ညမ္းစာမ်ားကိုေဖာ္ျပျခင္း စည္းကမ္းခ်က္ကိုေဖာက္ဖ်က္၍ ဟီရိဩတၱပၸကင္းေသာ၊ ျမန္မာ့လူ႔အဖြဲ႕အစည္းက လက္မခံေသာ၊ လူငယ္မ်ား၏ ေတြးေခၚေျမာ္ျမင္မႈႏွင့္ခံစား နားလည္မႈကို လြဲမွားေစႏိုင္ေသာအေၾကာင္းအရာမ်ားကို ပုံႏွိပ္၊ ထုတ္ေဝျဖန႔္ခ်ိခဲ့ေၾကာင္း ျပန္ၾကားေရးဝင္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျပန္ၾကားေရးဝန္ႀကီးဌာနသည္ အဆိုပါဥပေဒစည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္က်ဴးလြန္ေသာ အထက္ေဖာ္ျပပါ ပုံႏွိပ္သူ ႏွင့္ ထုတ္ေဝသူမ်ားအား ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလႏွင့္ ဒီဇင္ဘာလအတြင္း လုပ္ငန္းအသိအမွတ္ျပဳ လက္မွတ္မ်ားကို ႐ုပ္သိမ္းျခင္း၊ ၎တို႔၏ ထုတ္ေဝစာအုပ္မ်ားကို တရားမဝင္ထုတ္ေဝစာအျဖစ္ ထုတ္ျပန္ေၾကညာျခင္း၊ ဥပေဒႏွင့္အညီ တရားစြဲဆိုျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပုံႏွိပ္သူႏွင့္ထုတ္ေဝသူမ်ားသည္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒကို ေလးစားလိုက္နာၾကရန္ ႏွင့္ ဥပေဒပါစည္းကမ္းခ်က္မ်ားကိုေဖာက္ဖ်က္၍ ပုံႏွိပ္ျခင္း၊ ထုတ္ေဝျခင္းမ်ားကို ျပဳလုပ္ပါက ဥပေဒႏွင့္အညီ တရားစြဲဆို ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.