ဆီကြိတ်စက် (၅၀၀၀)ဝန်းကျင်ရှိလာပြီဖြစ်၍ ဆီတင်သွင်းရန်မလိုဟုဆို

 778

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၁ဝ

မြန်မာနိုင်ငံ၌ စားသုံးဆီထုတ်လုပ်သည့် ဆီစက်ပေါင်း (၅၀ဝဝ) ဝန်းကျင်အထိရှိလာပြီး ပြည်ပ မှတင်သွင်းရန် မလိုအပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။

မြန်မာပြည်တွင်းဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲနှင့် အခြားသီးနှံများ ကြိတ်ခွဲ ထုတ်လုပ်သည့်ဆီစက်ရုံများ တိုးတက်များပြားလာခြင်း‌ကြောင့် ပြည်ပမှတင်သွင်းနေရသော စားသုံးဆီပမာဏကို အစားထိုးနိုင်မည်ဟု သိရသည်။ ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်သည့် ဆီစက်ပေါင်း (၅၀ဝဝ) ဝန်းကျင်အထိရှိလာပြီး လည်ပတ်မှု (၈၅) ရာခိုင်နှုန်းအထိရှိနေကာ ပြည်ပမှတင်သွင်းရန်မလိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နှင့် စားသုံးဆီ ဈေး ရောင်းပွဲတော်များကိုပါကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှသိရသည်။

“ပြည်တွင်းမှာလိုအပ်နေတဲ့ စားသုံးဆီ ပမာဏကို နိုင်ငံခြားကနေ မတင်သွင်းဘဲ ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ်လို့ရနေပြီဆိုတဲ့ Message ကိုပေးလိုပါတယ်။ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက်ရော စားသုံးသူတွေအတွက်ပါ အကျိုးရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။

ပြည်တွင်း၌ထုတ်လုပ်ဖြန့်ချိသော စားသုံးဆီများကို လုံလောက်စွာ စတင်ဖြန့်ချိရောင်းချနေပြီ ဖြစ်ပြီး စားသုံးဆီများကို ဈေးရောင်းပွဲတော်တစ်ရပ်ကျင်းပပြီး ရောင်းချသွားမည်ဟု သိရသည်။ “ပြည်တွင်းကပြည်သူတွေ ပြည့်ဝဆီကို အလွန်အကျွံစားသုံးနေမယ့်အစား မပြည့်ဝဆီဖြစ်တဲ့ ပြည်တွင်းမှ ထုတ်လုပ်ထားတဲ့ မြေပဲ၊ နှမ်း၊ နေကြာဆီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးချင်တဲ့ဆန္ဒကြောင့် ဒီဈေးရောင်းပွဲတော်ကို ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကကြီးမှူးကာ (၂၀၂၅) ခုနှစ် ပြည်တွင်းဆီဖူလုံမှု ပြယုဂ်အဖြစ် ပြည်တွင်းဆီစက်များ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်တိုင်ကျင်းပခဲ့ကြောင်း သိရသည်။ ဈေးပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပခဲ့ပြီး ပြည်တွင်းမှထုတ်လုပ်သည့် မြေပဲ၊ နှမ်း၊ နေကြာစသော စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြေပဲဆီများကို တစ်ပိဿာ (၁၇၀ဝဝ)ကျပ်နှုန်းဖြင့် (၅၀) သား၊ (၁) ပိဿာ၊ (၅) ပိဿာ၊ (၁၀) ပိဿာ စသည့် ပမာဏ အတိုင်းအတာပါရှိသည့် ဘူးများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

zawgyi version
ဆီႀကိတ္စက္ (၅၀၀၀)ဝန္းက်င္ရွိလာၿပီျဖစ္၍ ဆီတင္သြင္းရန္မလိုဟုဆို
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၁ဝ

ျမန္မာႏိုင္ငံ၌ စားသုံးဆီထုတ္လုပ္သည့္ ဆီစက္ေပါင္း (၅၀ဝဝ) ဝန္းက်င္အထိရွိလာၿပီး ျပည္ပ မွတင္သြင္းရန္ မလိုအပ္သည့္အေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းမွ သိရသည္။

ျမန္မာျပည္တြင္းဆီထြက္သီးႏွံမ်ားျဖစ္သည့္ ေနၾကာ၊ ႏွမ္း၊ ေျမပဲႏွင့္ အျခားသီးႏွံမ်ား ႀကိတ္ခြဲ ထုတ္လုပ္သည့္ဆီစက္႐ုံမ်ား တိုးတက္မ်ားျပားလာျခင္း‌ေၾကာင့္ ျပည္ပမွတင္သြင္းေနရေသာ စားသုံးဆီပမာဏကို အစားထိုးႏိုင္မည္ဟု သိရသည္။ ျပည္တြင္း၌ စားသုံးဆီထုတ္လုပ္သည့္ ဆီစက္ေပါင္း (၅၀ဝဝ) ဝန္းက်င္အထိရွိလာၿပီး လည္ပတ္မႈ (၈၅) ရာခိုင္ႏႈန္းအထိရွိေနကာ ျပည္ပမွတင္သြင္းရန္မလိုအပ္သည့္ အေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ႏွင့္ စားသုံးဆီ ေဈး ေရာင္းပြဲေတာ္မ်ားကိုပါက်င္းပရန္ စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ား အသင္းမွသိရသည္။

“ျပည္တြင္းမွာလိုအပ္ေနတဲ့ စားသုံးဆီ ပမာဏကို ႏိုင္ငံျခားကေန မတင္သြင္းဘဲ ျပည္တြင္းမွာတင္ စိုက္ပ်ိဳးထုတ္လုပ္လို႔ရေနၿပီဆိုတဲ့ Message ကိုေပးလိုပါတယ္။ ဒီအေျခအေနကိုသာ မွန္မွန္ကန္ကန္၊ တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းသိမ္းေဆာင္႐ြက္သြားမယ္ဆိုရင္ ႏိုင္ငံအတြက္ေရာ စားသုံးသူေတြအတြက္ပါ အက်ိဳးရွိပါတယ္”ဟု ျမန္မာႏိုင္ငံ ဆီစက္ ပိုင္ရွင္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။

ျပည္တြင္း၌ထုတ္လုပ္ျဖန႔္ခ်ိေသာ စားသုံးဆီမ်ားကို လုံေလာက္စြာ စတင္ျဖန႔္ခ်ိေရာင္းခ်ေနၿပီ ျဖစ္ၿပီး စားသုံးဆီမ်ားကို ေဈးေရာင္းပြဲေတာ္တစ္ရပ္က်င္းပၿပီး ေရာင္းခ်သြားမည္ဟု သိရသည္။ “ျပည္တြင္းကျပည္သူေတြ ျပည့္ဝဆီကို အလြန္အကြၽံစားသုံးေနမယ့္အစား မျပည့္ဝဆီျဖစ္တဲ့ ျပည္တြင္းမွ ထုတ္လုပ္ထားတဲ့ ေျမပဲ၊ ႏွမ္း၊ ေနၾကာဆီေတြကို ေဈးႏႈန္းသက္သက္သာသာနဲ႔ ေရာင္းခ်ေပးခ်င္တဲ့ဆႏၵေၾကာင့္ ဒီေဈးေရာင္းပြဲေတာ္ကို က်င္းပေပးျခင္းျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းမွ တာဝန္ ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းကႀကီးမႉးကာ (၂၀၂၅) ခုႏွစ္ ျပည္တြင္းဆီဖူလုံမႈ ျပယုဂ္အျဖစ္ ျပည္တြင္းဆီစက္မ်ား ေဈးေရာင္းပြဲေတာ္ကို ဇန္နဝါရီလ (၄) ရက္မွ (၆) ရက္အထိ (၃) ရက္တိုင္က်င္းပခဲ့ေၾကာင္း သိရသည္။ ေဈးပြဲေတာ္ကို ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္းရွိ ျမန္မာႏိုင္ငံ ကုန္သည္/စက္မႈအသင္းခ်ဳပ္ (UMFCCI)၌ က်င္းပခဲ့ၿပီး ျပည္တြင္းမွထုတ္လုပ္သည့္ ေျမပဲ၊ ႏွမ္း၊ ေနၾကာစေသာ စားသုံးဆီမ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ဝယ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ေျမပဲဆီမ်ားကို တစ္ပိႆာ (၁၇၀ဝဝ)က်ပ္ႏႈန္းျဖင့္ (၅၀) သား၊ (၁) ပိႆာ၊ (၅) ပိႆာ၊ (၁၀) ပိႆာ စသည့္ ပမာဏ အတိုင္းအတာပါရွိသည့္ ဘူးမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.