လော့အိန်ဂျလိစ် တောမီးကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ နာမည်ကြီးတွေထဲမှာ သရုပ်ဆောင် ပဲရစ်ဟေတန်၊ ဘီလီခရစ်စတယ် နဲ့ အဒန်ဘရောဒီတို့ပါဝင်
400
ရောင်နီ(NP News) - ဇန်နဝါရီ ၁ဝ
အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ် တောမီးလောင်ကျွမ်းမှုမှာ နာမည်ကျော် မင်းသမီးပဲရစ်ဟေတန်၊ မင်းသားကြီး ဘီလီခရစ်စတယ် နဲ့ မင်းသား အဒမ်ဘရောဒီတို့ရဲ့ နေအိမ်တွေလည်း မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိအတွင်း တောမီးကြောင့် လူ (၆)ဦးထက်မနည်း သေဆုံးပြီး ရုပ်ရှင်၊ သရုပ်ဆောင် နာမည်ကျော်တွေ နေထိုင်တဲ့ မြို့တွင်းနဲ့အနီးတစ်ဝိုက်ရှိ အဆောက်အအုံ ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့(ဇန်နဝါရီ ၇ ရက်)ကစ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ဧကပေါင်း ရာနဲ့ချီ မီးလောက်ကျွမ်းပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် အော်စကာဆု လျာထားစာရင်း ထုတ်ပြန်ချိန်ကို နှစ်ရက်ရွှေ့ဆိုင်းခဲ့ပြီး အခြားဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ Unstoppable၊ Better Man၊ Wolfman ရုပ်ရှင်တွေအတွက် ပရီးမီးယားအစီအစဉ်တွေလည်း ပိတ်ထားရပြီး၊ Screen Actors Guild Awards တိုက်ရိုက်ထုတ်လွှင့်မှု အခမ်းအနားကိုလည်း ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။ အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ ကယ်လီဖိုးနီးယား သမိုင်းမှာ အဆိုးရွာဆုံး တောမီး ဖြစ်ပါတယ်။
zawgyi version
ေလာ့အိန္ဂ်လိစ္ ေတာမီးေၾကာင့္ အိုးအိမ္ဆုံးရႈံးခဲ့ရတဲ့ နာမည္ႀကီးေတြထဲမွာ သ႐ုပ္ေဆာင္ ပဲရစ်ဟေတန်၊ ဘီလီခရစ္စတယ္ နဲ႔ အဒန္ဘေရာဒီတို႔ပါဝင္
ေရာင္နီ(NP News) - ဇန္နဝါရီ ၁ဝ
အေမရိကန္ႏိုင္ငံ၊ ေလာ့အိန္ဂ်လိစ္ ေတာမီးေလာင္ကြၽမ္းမႈမွာ နာမည္ေက်ာ္ မင္းသမီးပဲရစ္ေဟတန္၊ မင္းသားႀကီး ဘီလီခရစ္စတယ္ နဲ႔ မင္းသား အဒမ္ဘေရာဒီတို႔ရဲ႕ ေနအိမ္ေတြလည္း မီးထဲပါသြားခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္ထိအတြင္း ေတာမီးေၾကာင့္ လူ (၆)ဦးထက္မနည္း ေသဆုံးၿပီး ႐ုပ္ရွင္၊ သ႐ုပ္ေဆာင္ နာမည္ေက်ာ္ေတြ ေနထိုင္တဲ့ ၿမိဳ႕တြင္းနဲ႔အနီးတစ္ဝိုက္ရွိ အေဆာက္အအုံ ၁,၀၀၀ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ၿပီ ျဖစ္ပါတယ္။ အဂၤါေန႔(ဇန္နဝါရီ ၇ ရက္)ကစ ေလာင္ကြၽမ္းခဲ့တဲ့ ေတာမီးေၾကာင့္ ဧကေပါင္း ရာနဲ႔ခ်ီ မီးေလာက္ကြၽမ္းပ်က္စီးခဲ့ၿပီ ျဖစ္ပါတယ္။
အဆိုပါ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေအာ္စကာဆု လ်ာထားစာရင္း ထုတ္ျပန္ခ်ိန္ကို ႏွစ္ရက္ေ႐ႊ႕ဆိုင္းခဲ့ၿပီး အျခားေဖ်ာ္ေျဖေရးအစီအစဥ္ေတြကိုလည္း ဖ်က္သိမ္းခဲ့ရပါတယ္။ Unstoppable၊ Better Man၊ Wolfman ႐ုပ္ရွင္ေတြအတြက္ ပရီးမီးယားအစီအစဥ္ေတြလည္း ပိတ္ထားရၿပီး၊ Screen Actors Guild Awards တိုက္႐ိုက္ထုတ္လႊင့္မႈ အခမ္းအနားကိုလည္း ေ႐ႊ႕ဆိုင္းထားရတယ္လို႔ သိရပါတယ္။ အခုေလာင္ကြၽမ္းေနတဲ့ ေတာမီးဟာ ကယ္လီဖိုးနီးယား သမိုင္းမွာ အဆိုး႐ြာဆုံး ေတာမီး ျဖစ္ပါတယ္။