တရုတ်နိုင်ငံမှာ mpox အမျိုးအစားသစ် ရှာဖွေတွေ့ရှိ
633
ရောင်နီ (NP News) - ဇန်နဝါရီ ၁ဝ
ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ရတဲ့ mpox ဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်း အမျိုးအစား Clade Ib ကို တရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ဇန်နဝါရီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC) မှာ ခရီးသွားရာဇဝင်ရှိသူ နိုင်ငံခြားသားတစ်ဦး ကူးစက်ခံရမှုမှ စတင်ဖြစ်ပွားခဲ့တဲ့ Ib အမျိုးအစားခွဲအုပ်စုကို တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်သစ်ကူးစက်လူနာ (၄) ဦးထိတွေ့ရှိရပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ Mpox ဟာ အနီးကပ်ထိတွေ့ခြင်းမှတဆင့် ကူးစက်ပျံ့နှံ့နိုင်ပြီး တုပ်ကွေးလက္ခဏာနဲ့ ခန္ဓာကိုယ်အရည်ကြည်အဖုနဲ့အနာတွေ ဖြစ်စေနိုင်ပေမယ့် ကူးစက်မှုကြောင့် သေဆုံးနိုင်ခြေတော့ နည်းတယ်လို့ သိရပါတယ်။
Mpox ဟာ ၂၀၂၄ ခုနှစ်က DRC မှာ ကူးစက်ပျံ့နှံ့မှုများခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ WHO က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံမွာ mpox အမ်ိဳးအစားသစ္ ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁ဝ
ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေၾကညာခဲ့ရတဲ့ mpox ဗိုင္းရပ္စ္ရဲ႕ အသြင္ေျပာင္း အမ်ိဳးအစား Clade Ib ကို တ႐ုတ္ႏိုင္ငံမွာ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ တ႐ုတ္က်န္းမာေရး အာဏာပိုင္ေတြက ဇန္နဝါရီ ၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ကြန္ဂို ဒီမိုကရက္တစ္ သမၼတႏိုင္ငံ (DRC) မွာ ခရီးသြားရာဇဝင္ရွိသူ ႏိုင္ငံျခားသားတစ္ဦး ကူးစက္ခံရမႈမွ စတင္ျဖစ္ပြားခဲ့တဲ့ Ib အမ်ိဳးအစားခြဲအုပ္စုကို တ႐ုတ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာမွ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ဗိုင္းရပ္စ္သစ္ကူးစက္လူနာ (၄) ဦးထိေတြ႕ရွိရၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။ Mpox ဟာ အနီးကပ္ထိေတြ႕ျခင္းမွတဆင့္ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ၿပီး တုပ္ေကြးလကၡဏာနဲ႔ ခႏၶာကိုယ္အရည္ၾကည္အဖုနဲ႔အနာေတြ ျဖစ္ေစႏိုင္ေပမယ့္ ကူးစက္မႈေၾကာင့္ ေသဆုံးႏိုင္ေျခေတာ့ နည္းတယ္လို႔ သိရပါတယ္။
Mpox ဟာ ၂၀၂၄ ခုႏွစ္က DRC မွာ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားခဲ့တာေၾကာင့္ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လမွာ WHO က ကမာၻလုံးဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ရပါတယ္။