(၂၀၂၄)ခုနှစ်က သမိုင်းတစ်လျှောက် စံချိန်တင်အပူဆုံးနှစ် တစ်နှစ်ဖြစ်ကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်
56
Pika (NP News) - ဇန်နဝါရီ ၁ဝ
(၂၀၂၄)ခုနှစ်သည် တရုတ်နိုင်ငံ၏ စံချိန်တင်အပူဆုံးနှစ်ဖြစ်ပြီး ပြီးခဲ့သည့်လေးနှစ်တာကာ လသည် သမိုင်းတစ်လျှောက် အပူဆုံးနှစ်များဖြစ်ခဲ့ကြောင်း ၎င်း၏မိုးလေဝသအေဂျင်စီက ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကို ဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ အများဆုံးထုတ်လွှတ်သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ တရုတ်မိုးလေဝသဌာနက “(၁၉၆၁)ခုနှစ် အပူချိန်မှတ်တမ်းတင်မှုတွေစတင်ပြီးနောက်ပိုင်းတည်းက ပြီးခဲ့တဲ့ လေးနှစ်တာကာလဟာ သမိုင်းတစ်လျှောက် ထိပ်တန်းအပူဆုံးနှစ်တွေဖြစ်ခဲ့ပါတယ်။ ထို့ပြင် (၂၀၂၄) ခုနှစ် ဇူလိုင်လ သည် တရုတ်နိုင်ငံ၏စောင့်ကြည့်လေ့လာရေးသမိုင်းတွင် အပူဆုံးလအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး သမိုင်းတစ်လျှောက် အပူဆုံးဆောင်းဦးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
အခြားနိုင်ငံအများအပြားသည်လည်း (၂၀၂၄)ခုနှစ်တွင် စံချိန်တင်အပူချိန်များကို မှတ် တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ (၂၀၂၄)ခုနှစ်သည် (၁၉၀၁)ခုနှစ်နောက်ပိုင်း အပူဆုံးနှစ်ဖြစ်ကြောင်း ဩစတြေးလျ မိုးလေဝသဌာနက ဇန်နဝါရီလ(၂) ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့ပြီး (၁၉၁၀) ပြည့်နှစ်တွင် အပူချိန်မှတ်တမ်းတင်မှုများ စတင်ပြီးနောက်ပိုင်းကတည်းက (၂၀၂၄)ခုနှစ်သည် ဒုတိယမြောက်အပူဆုံး နှစ်တစ်နှစ် ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ထို့ပြင် (၂၀၂၄)ခုနှစ်သည် ပြီးခဲ့သည့် (၁၈၈၂)ခုနှစ်တွင် အပူချိန်မှတ်တမ်းတင်မှုများ စတင်ပြီး နောက်ပိုင်း အပူဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း ဂျာမနီမိုးလေဝသအေဂျင်စီက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ (၂၀၂၄)ခုနှစ်သည် (၁၇၇၅)ခုနှစ်တွင် အပူချိန်မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အပူဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း ချက်ပြည်သူ့သမ္မတနိုင်ငံ မိုးလေဝသဝန်ဆောင်မှုဌာန(CHMI) က ဒီဇင်ဘာလ(၂)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
zawgyi version
(၂၀၂၄)ခုႏွစ္က သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အပူဆုံးႏွစ္ တစ္ႏွစ္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရ သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁ဝ
(၂၀၂၄)ခုႏွစ္သည္ တ႐ုတ္ႏိုင္ငံ၏ စံခ်ိန္တင္အပူဆုံးႏွစ္ျဖစ္ၿပီး ၿပီးခဲ့သည့္ေလးႏွစ္တာကာ လသည္ သမိုင္းတစ္ေလွ်ာက္ အပူဆုံးႏွစ္မ်ားျဖစ္ခဲ့ေၾကာင္း ၎၏မိုးေလဝသေအဂ်င္စီက ယခုသီတင္းပတ္အတြင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာပူေႏြးမႈကို ျဖစ္ေပၚေစသည့္ ဖန္လုံအိမ္ဓာတ္ေငြ႕မ်ား အမ်ားဆုံးထုတ္လႊတ္သည့္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။ တ႐ုတ္မိုးေလဝသဌာနက “(၁၉၆၁)ခုႏွစ္ အပူခ်ိန္မွတ္တမ္းတင္မႈေတြစတင္ၿပီးေနာက္ပိုင္းတည္းက ၿပီးခဲ့တဲ့ ေလးႏွစ္တာကာလဟာ သမိုင္းတစ္ေလွ်ာက္ ထိပ္တန္းအပူဆုံးႏွစ္ေတြျဖစ္ခဲ့ပါတယ္။ ထို႔ျပင္ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ သည္ တ႐ုတ္ႏိုင္ငံ၏ေစာင့္ၾကည့္ေလ့လာေရးသမိုင္းတြင္ အပူဆုံးလအျဖစ္ မွတ္တမ္း ဝင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ အပူဆုံးေဆာင္းဦးရာသီအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္းလည္း သိရသည္။
အျခားႏိုင္ငံအမ်ားအျပားသည္လည္း (၂၀၂၄)ခုႏွစ္တြင္ စံခ်ိန္တင္အပူခ်ိန္မ်ားကို မွတ္ တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ (၂၀၂၄)ခုႏွစ္သည္ (၁၉၀၁)ခုႏွစ္ေနာက္ပိုင္း အပူဆုံးႏွစ္ျဖစ္ေၾကာင္း ဩစေၾတးလ် မိုးေလဝသဌာနက ဇန္နဝါရီလ(၂) ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့ၿပီး (၁၉၁၀) ျပည့္ႏွစ္တြင္ အပူခ်ိန္မွတ္တမ္းတင္မႈမ်ား စတင္ၿပီးေနာက္ပိုင္းကတည္းက (၂၀၂၄)ခုႏွစ္သည္ ဒုတိယေျမာက္အပူဆုံး ႏွစ္တစ္ႏွစ္ ျဖစ္ေၾကာင္းလည္းေျပာၾကားခဲ့သည္။
ထို႔ျပင္ (၂၀၂၄)ခုႏွစ္သည္ ၿပီးခဲ့သည့္ (၁၈၈၂)ခုႏွစ္တြင္ အပူခ်ိန္မွတ္တမ္းတင္မႈမ်ား စတင္ၿပီး ေနာက္ပိုင္း အပူဆုံးႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း ဂ်ာမနီမိုးေလဝသေအဂ်င္စီက ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ (၂၀၂၄)ခုႏွစ္သည္ (၁၇၇၅)ခုႏွစ္တြင္ အပူခ်ိန္မွတ္တမ္းတင္မႈမ်ား စတင္ခဲ့ၿပီးေနာက္ပိုင္း အပူဆုံးႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း ခ်က္ျပည္သူ႔သမၼတႏိုင္ငံ မိုးေလဝသဝန္ေဆာင္မႈဌာန(CHMI) က ဒီဇင္ဘာလ(၂)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။