စကိတ်ဖြင့် မိုင်(၃၀ဝဝ)ကျော်ခရီးသွားပြပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည့် အမေရိကန်အမျိုးသား

 131

Pika (NP News) - ဇန်နဝါရီ ၁ဝ

အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် မိုင်ပေါင်း (၃၁၆၂) မိုင်ကို စကိတ်ဖြင့် ရက်ပေါင်း (၅၇) ရက်ကြာ ဖြတ်သန်းသွားလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံကို စကိတ်ဖြင့် အမြန်ဆုံးဖြတ်သန်းသွားလာခဲ့သည့်အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ချက်ကာယူဆို ဆိုသည့် အမျိုးသားသည် ဗင်းနစ်ကမ်းခြေမှ ဗာဂျီးနီးယားကမ်းခြေအထိ စကိတ်ဖြင့်သွားလာခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ချက်ကာယူဆိုသည် ဗင်းနစ်ကမ်းခြေမှ ဗာဂျီးနီးယားကမ်းခြေသို့ ရောက်ရှိရန်အတွက် (၅၇)ရက် (၆) နာရီနှင့် (၅၆)မိနစ် ကြာခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် စကိတ်နှင့် ကျောပိုးအိတ်တစ်ခုတည်းကိုသာ ယူဆောင်ပြီး အဆိုပါခရီးစဉ်ကို ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့နောက် ဗာဂျီးနီးယားကမ်းခြေသို့ရောက်ရှိချိန်တွင် ချက်ကာယူဆိုသည် စကိတ်ကို ပင်လယ်ထဲသို့လွှင့်ပစ်ခဲ့ပြီး အောင်ပွဲခံခဲ့ကြောင်းလည်း သိရသည်။

ချက်ကာယူဆို က “ဗာဂျီးနီးယား ကမ်းခြေကို ကျွန်တော်ရောက် ရှိတဲ့ အချိန်မှာ လူရာပေါင်းများစွာက ကျွန်တော့်ကို အားပေးနေကြပြီး ရဲတပ်ဖွဲ့က လိုက်ပါစောင့်ကြည့် ပေးခဲ့ပါတယ်၊ ပြီးတော့ တခြားစကိတ်သမားတွေကလည်း ကျွန်တော့်ဘေးနားကနေအတူ လိုက်ခဲ့ ပါသေးတယ်၊ ဒီလိုမျိုးကြိုဆိုခဲ့ကြတဲ့အတွက် ကျွန်တော်တကယ် ဝမ်းသာမိပါတယ်။ စကိတ်ကွင်းက မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေကို နောက်ချန်ထားခဲ့ရပြီး ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ ကူညီပေးတယ်လို့ ပရိ သတ်တွေဆီက စကားလုံးတွေကိုလည်း ကြားခဲ့ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ဒီလိုမျိုး ဂင်းနစ် စံချိန်တင်နိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
စကိတ္ျဖင့္ မိုင္(၃၀ဝဝ)ေက်ာ္ခရီးသြားျပၿပီး ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - ဇန္နဝါရီ ၁ဝ

အေမရိကန္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ မိုင္ေပါင္း (၃၁၆၂) မိုင္ကို စကိတ္ျဖင့္ ရက္ေပါင္း (၅၇) ရက္ၾကာ ျဖတ္သန္းသြားလာခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံကို စကိတ္ျဖင့္ အျမန္ဆုံးျဖတ္သန္းသြားလာခဲ့သည့္အမ်ိဳးသားအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ခ်က္ကာယူဆို ဆိုသည့္ အမ်ိဳးသားသည္ ဗင္းနစ္ကမ္းေျခမွ ဗာဂ်ီးနီးယားကမ္းေျခအထိ စကိတ္ျဖင့္သြားလာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ခ်က္ကာယူဆိုသည္ ဗင္းနစ္ကမ္းေျခမွ ဗာဂ်ီးနီးယားကမ္းေျခသို႔ ေရာက္ရွိရန္အတြက္ (၅၇)ရက္ (၆) နာရီႏွင့္ (၅၆)မိနစ္ ၾကာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ၎သည္ စကိတ္ႏွင့္ ေက်ာပိုးအိတ္တစ္ခုတည္းကိုသာ ယူေဆာင္ၿပီး အဆိုပါခရီးစဥ္ကို ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ေနာက္ ဗာဂ်ီးနီးယားကမ္းေျခသို႔ေရာက္ရွိခ်ိန္တြင္ ခ်က္ကာယူဆိုသည္ စကိတ္ကို ပင္လယ္ထဲသို႔လႊင့္ပစ္ခဲ့ၿပီး ေအာင္ပြဲခံခဲ့ေၾကာင္းလည္း သိရသည္။

ခ်က္ကာယူဆို က “ဗာဂ်ီးနီးယား ကမ္းေျခကို ကြၽန္ေတာ္ေရာက္ ရွိတဲ့ အခ်ိန္မွာ လူရာေပါင္းမ်ားစြာက ကြၽန္ေတာ့္ကို အားေပးေနၾကၿပီး ရဲတပ္ဖြဲ႕က လိုက္ပါေစာင့္ၾကည့္ ေပးခဲ့ပါတယ္၊ ၿပီးေတာ့ တျခားစကိတ္သမားေတြကလည္း ကြၽန္ေတာ့္ေဘးနားကေနအတူ လိုက္ခဲ့ ပါေသးတယ္၊ ဒီလိုမ်ိဳးႀကိဳဆိုခဲ့ၾကတဲ့အတြက္ ကြၽန္ေတာ္တကယ္ ဝမ္းသာမိပါတယ္။ စကိတ္ကြင္းက မူးယစ္ေဆးဝါးနဲ႔ အရက္ေသစာေတြကို ေနာက္ခ်န္ထားခဲ့ရၿပီး ဘဝကို ေကာင္းမြန္စြာ ျဖတ္သန္းႏိုင္ဖို႔ ကူညီေပးတယ္လို႔ ပရိ သတ္ေတြဆီက စကားလုံးေတြကိုလည္း ၾကားခဲ့ရတဲ့ အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ ၿပီးေတာ့ ဒီလိုမ်ိဳး ဂင္းနစ္ စံခ်ိန္တင္ႏိုင္ခဲ့လို႔လည္း အရမ္းဝမ္းသာပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.