နိုင်ငံ နှင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက်ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြော
429
ချယ်ရီ (NP News) - ဇန်နဝါရီ ၁ဝ
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက်ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသော ရေခံ၊ မြေခံနှင့် သဘာဝအရင်းအမြစ်များကို လက်တွေ့အသုံးချ၍ ပြည်နယ်၏ စီးပွားရေးကဏ္ဍမြင့်တက်လာနိုင်စေရန် ဖော်ဆောင်နိုင်မည့် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိပြီး ယခုအချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်ကို ရည်မှန်းကာ ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်နေသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် ပဓာနကျသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားများအားလုံးက အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်အတွက် နစကဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါသောအချိန်ကာလဖြစ်သောကြောင့် တိုင်းရင်းများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရပြီး ပြည်တွင်း၊ ပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကို ရပ်တန့်စေပြီး မိမိတို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
zawgyi version
ႏိုင္ငံ ႏွင့္ ျပည္သူအားလုံးအတြက္ ၿငိမ္းခ်မ္းသာယာဝေျပာသည့္အနာဂတ္ကို ရည္မွန္းလ်က္ေကာင္းမြန္သည့္ ပစၥဳပၸန္ကိုတည္ေဆာက္လ်က္ရွိေၾကာင္း နစကဥကၠ႒ ေျပာ
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁ဝ
ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားျပည္သူအားလုံးအတြက္ ၿငိမ္းခ်မ္းသာယာဝေျပာသည့္အနာဂတ္ကို ရည္မွန္းလ်က္ေကာင္းမြန္သည့္ ပစၥဳပၸန္ကိုတည္ေဆာက္လ်က္ရွိေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က (၇၇) ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာတြင္ ထည့္သြင္းေျပာၾကားထားသည္။
ကခ်င္ျပည္နယ္သည္ သဘာဝကဖန္တီးေပးထားေသာ ေရခံ၊ ေျမခံႏွင့္ သဘာဝအရင္းအျမစ္မ်ားကို လက္ေတြ႕အသုံးခ်၍ ျပည္နယ္၏ စီးပြားေရးက႑ျမင့္တက္လာႏိုင္ေစရန္ ေဖာ္ေဆာင္ႏိုင္မည့္ အေျခခံေကာင္းမ်ားႏွင့္ ျပည့္စုံလ်က္ရွိၿပီး ယခုအခ်ိန္အခါသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံ၏ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးက႑ေပါင္းစုံတြင္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေနေသာကာလျဖစ္သည္ႏွင့္အညီ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရး၊ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေစေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားျပည္သူအားလုံးအတြက္ ၿငိမ္းခ်မ္းသာယာဝေျပာေသာ အနာဂတ္ကို ရည္မွန္းကာ ေကာင္းမြန္သည့္ ပစၥဳပၸန္ကိုတည္ေဆာက္ေနေသာေၾကာင့္ ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားျပည္သူမ်ားႏွင့္ လက္တြဲကာ ေအာင္ျမင္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏ ပကတိလိုအပ္ခ်က္ျဖစ္ေသာ ႏိုင္ငံေရးရည္မွန္းခ်က္ (၂)ရပ္ျဖစ္သည့္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ က်င့္သုံးေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးကို ေဖာ္ေဆာင္လ်က္ရွိၿပီး ထိုသို႔ ေဆာင္႐ြက္ရာတြင္ ပဓာနက်ေသာ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးကို ႏိုင္ငံသူႏိုင္ငံသားမ်ားအားလုံးက အစိုးရ၊ တပ္မေတာ္ႏွင့္အတူ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္အတြက္ နစကဥကၠ႒က တိုက္တြန္းမွာၾကားခဲ့သည္။
ထို႔ျပင္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈသည္ ႏိုင္ငံေတာ္အတြက္ အသက္တမွ် အေရးပါေသာအခ်ိန္ကာလျဖစ္ေသာေၾကာင့္ တိုင္းရင္းမ်ားအၾကား ထာဝရၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ႏွင့္ တိုင္းရင္းသားျပည္သူမ်ားအားလုံး စည္းလုံးညီၫြတ္ေသာ စုေပါင္းအားျဖင့္ ႏိုင္ငံအက်ိဳးကို တက္ညီလက္ညီ ေဆာင္႐ြက္သြားၾကရန္တိုက္တြန္းလိုေၾကာင္း နစကဥကၠ႒က ဆိုသည္။
ယေန႔ ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ား၏လုပ္ရပ္မ်ားေၾကာင့္ တိုင္းရင္းသားျပည္သူအားလုံးအတြက္ လုံၿခဳံမႈႏွင့္တည္ၿငိမ္ေအးခ်မ္းမႈကင္းမဲ့ကာ ဆင္းရဲဒုကၡမ်ားစြာႀကဳံေတြ႕ေနၾကရၿပီး ျပည္တြင္း၊ ျပည္ပ ပေယာဂမ်ားေၾကာင့္ ဆင္ျခင္ေတြးေတာမႈကင္းမဲ့ကာ ႏိုင္ငံႏွင့္လူမ်ိဳးအက်ိဳးကို ဖ်က္ဆီးေနၾကသည့္လုပ္ရပ္မ်ားကို ရပ္တန႔္ေစၿပီး မိမိတို႔တိုင္းရင္းသားမ်ိဳးႏြယ္စုအားလုံးႏွင့္ ဗလငါးတန္ျပည့္ဝသည့္ လူငယ္မ်ားအေနျဖင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ ၿငိမ္းခ်မ္းသာယာေသာ ျပည္ေထာင္စုႀကီးကို လက္တြဲညီညီ စည္းလုံးညီၫြတ္စြာ တည္ေဆာက္သြားၾကရန္ လိုအပ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။