ယူကရိန်းပဋိပက္ခကို ရက်ပေါင်း(၁၀၀)အတွင်း ပြေလည်အောင်ဖြေရှင်းရန် ယူကရိန်းပဋိပက္ခဆိုင်ရာ အမေရိကန်အထူးသံတမန် အချိန်သတ်မှတ်

 76

Pika (NP News) - ဇန်နဝါရီ ၁ဝ

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပေါင်း(၁၀၀)အတွင်း ယူကရိန်း ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ဒေါ်နယ်ရမ့်၏ ယူကရိန်းပဋိပက္ခဆိုင်ရာ အထူးသံတမန်က ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အောင်မြင်သော ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးမည်ဟု အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ မျှဝေခဲ့ကြောင်း သိရသည်။

မီဒီယာများ၏ အစီရင်ခံစာများအရ ဒေါ်နယ်ထရမ့်၏အဖွဲ့သည် ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ပဋိပက္ခကို ရပ်တန့်ရန်အတွက် အဆိုပြုရန်စဉ်းစားနေကြောင်းလည်း သိရသည်။ အမေရိကန်စစ်တပ်မှ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကိတ်ကယ်လော့ က “ကျွန်တော် အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ရမယ်ဆိုတာ သိပါတယ်။ ကိုယ်ရေး ကိုယ်တာအဆင့် ၊ပရော်ဖက်ရှင်နယ်အဆင့်တစ်ခုမှာ ပန်းတိုင်တစ်ခုထားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပေါင်း(၁၀၀)အတွင်း ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတပူတင် နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်စေရန်အတွက် ကတိပြုထားဆဲဖြစ်ကြောင်း ကိတ်ကယ်လော့က ပြောကြားခဲ့သည်။ ကိတ်ကယ်လော့က “ဒေါ်နယ်ထရမ့်ဟာ ပူတင် ဒါမှမဟုတ် ရုရှားနိုင်ငံသားတွေကို တစ်ခုခုပေးဖို့ ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ ၎င်းတို့ရဲ့အချုပ်အခြာအာဏာကို ကယ်တင်ဖို့ အမှန်တကယ်ကြိုးပမ်းနေတာပါ။ ပြီးတော့ အဲဒါက တန်းတူညီမျှပြီး တရားမျှတတယ်ဆိုတာ သေချာအောင် ဒေါ်နယ်ထရမ့်က လုပ်ဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လုပ်ဆောင်ခဲ့သော အကြီးမားဆုံးအမှားမှာ ပူတင်နှင့် ဆွေးနွေးပြောဆိုမှုများ ဘယ်သော အခါမှ မလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကိတ်ကယ်လော့က ထပ်မံပြောကြားခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ရန်သူများ၊ မိတ်ဖက်များနှင့် ထပ်တူညီမျှစွာ စကားပြောဆိုတတ်ကြောင်း ကိတ်ကယ်လော့က ပြောကြားခဲ့သည်။ (၂၀၂၂)ခုနှစ် နွေဦးရာသီတွင် ယူကရိန်းက ဆွေးနွေးပွဲများမှ နှုတ်ထွက်သွားခဲ့ပြီးနောက် ရုရှား နှင့် ယူကရိန်းတို့ကြား စေ့စပ်ညှိနှိုင်းမှုများမှာ ပျက်ပြယ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ယူကရိန္းပဋိပကၡကို ရက္ေပါင္း(၁၀၀)အတြင္း ေျပလည္ေအာင္ေျဖရွင္းရန္ ယူကရိန္းပဋိပကၡဆိုင္ရာ အေမရိကန္ အထူးသံတမန္ အခ်ိန္သတ္မွတ္
Pika (NP News) - ဇန္နဝါရီ ၁ဝ

အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲအၿပီး ရက္ေပါင္း(၁၀၀)အတြင္း ယူကရိန္း ပဋိပကၡကို ေျပလည္ေအာင္ေျဖရွင္းရန္ ေမွ်ာ္လင့္ထားေၾကာင္း ေဒၚနယ္ရမ့္၏ ယူကရိန္းပဋိပကၡဆိုင္ရာ အထူးသံတမန္က ေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္သည္ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ေအာင္ျမင္ေသာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို အျမန္ဆုံးရရွိေအာင္ လုပ္ေဆာင္ေပးမည္ဟု အႀကိမ္ႀကိမ္ကတိျပဳခဲ့ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ အနည္းငယ္ကိုသာ မွ်ေဝခဲ့ေၾကာင္း သိရသည္။

မီဒီယာမ်ား၏ အစီရင္ခံစာမ်ားအရ ေဒၚနယ္ထရမ့္၏အဖြဲ႕သည္ ယူကရိန္းေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ ပဋိပကၡကို ရပ္တန္႔ရန္အတြက္ အဆိုျပဳရန္စဥ္းစားေနေၾကာင္းလည္း သိရသည္။ အေမရိကန္စစ္တပ္မွ အၿငိမ္းစား ဒုဗိုလ္ခ်ဳပ္ႀကီး ကိတ္ကယ္ေလာ့ က “ကြၽန္ေတာ္ အခ်ိန္နဲ႔တစ္ေျပးညီ လုပ္ေဆာင္ရမယ္ဆိုတာ သိပါတယ္။ ကိုယ္ေရး ကိုယ္တာအဆင့္ ၊ပေရာ္ဖက္ရွင္နယ္အဆင့္တစ္ခုမွာ ပန္းတိုင္တစ္ခုထားရမယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ေဒၚနယ္ထရမ့္ က်မ္းသစၥာက်ိန္ဆိုပြဲအၿပီး ရက္ေပါင္း(၁၀၀)အတြင္း ယူကရိန္းပဋိပကၡကို ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ႐ုရွားသမၼတပူတင္ ႏွင့္ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ေဆြးေႏြးပြဲမ်ား ျပန္လည္ စတင္ႏိုင္ေစရန္အတြက္ ကတိျပဳထားဆဲျဖစ္ေၾကာင္း ကိတ္ကယ္ေလာ့က ေျပာၾကားခဲ့သည္။ ကိတ္ကယ္ေလာ့က “ေဒၚနယ္ထရမ့္ဟာ ပူတင္ ဒါမွမဟုတ္ ႐ုရွားႏိုင္ငံသားေတြကို တစ္ခုခုေပးဖို႔ ႀကိဳးပမ္းေနတာ မဟုတ္ပါဘူး။ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔ ၎တို႔ရဲ႕အခ်ဳပ္အျခာအာဏာကို ကယ္တင္ဖို႔ အမွန္တကယ္ႀကိဳးပမ္းေနတာပါ။ ၿပီးေတာ့ အဲဒါက တန္းတူညီမွ်ၿပီး တရားမွ်တတယ္ဆိုတာ ေသခ်ာေအာင္ ေဒၚနယ္ထရမ့္က လုပ္ေဆာင္သြားမွာပါ” ဟု ေျပာခဲ့သည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ လုပ္ေဆာင္ခဲ့ေသာ အႀကီးမားဆုံးအမွားမွာ ပူတင္ႏွင့္ ေဆြးေႏြးေျပာဆိုမႈမ်ား ဘယ္ေသာ အခါမွ မလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ကိတ္ကယ္ေလာ့က ထပ္မံေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္သည္ ရန္သူမ်ား၊ မိတ္ဖက္မ်ားႏွင့္ ထပ္တူညီမွ်စြာ စကားေျပာဆိုတတ္ေၾကာင္း ကိတ္ကယ္ေလာ့က ေျပာၾကားခဲ့သည္။ (၂၀၂၂)ခုႏွစ္ ေႏြဦးရာသီတြင္ ယူကရိန္းက ေဆြးေႏြးပြဲမ်ားမွ ႏႈတ္ထြက္သြားခဲ့ၿပီးေနာက္ ႐ုရွား ႏွင့္ ယူကရိန္းတို႔ၾကား ေစ့စပ္ညႇိႏႈိင္းမႈမ်ားမွာ ပ်က္ျပယ္သြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.