သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် ရေကြောင်းဆိုင်ရာတင်းမာမှုများကို တရုတ်နှင့်ဆွေးနွေးစီမံရန် ဆန္ဒရှိကြောင်း ဖိလစ်ပိုင်အစိုးရပြော
41
Pika (NP News) - ဇန်နဝါရီ ၁ဝ
ဖိလစ်ပိုင်နိုင်ငံသည် သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ၎င်း၏ရေကြောင်းဆိုင်ရာ တင်းမာမှုများကို ဆွေးနွေးရန်နှင့် စီမံခန့်ခွဲရန် ဆန္ဒရှိသော်လည်း ၎င်း၏ ပိုင်နက်အချုပ်အခြာအာဏာနှင့်ပတ်သက်ပြီး အလျှော့ပေးသွား မည်မဟုတ်ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတစ်ဦးက “နိုင်ငံတကာဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့က ကတိကဝတ်ပြုထားပါတယ်။ ဒါက အမြဲတမ်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။ တင်းမာမှု တွေကို စီမံခန့်ခွဲဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ကျွန်တော်တို့ဘက်ကဆန္ဒရှိနေချိန်မှာပဲ သူတို့ဘက်က ကျွန်တော်တို့လို မျိုး ဖြစ်မနေခဲ့ပါဘူး” ဟု ပြောခဲ့သည်။
အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းတွင် ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်များ အတွင်း ဖိလစ်ပိုင် နှင့် တရုတ်တို့ကြား ဆက်ဆံရေးများမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်က ၎င်း၏ ရေပိုင်နက်ကို ကျူးကျော်နေကြောင်း ဖိလစ်ပိုင်ဘက်က စွပ်စွဲပြောဆိုမှုများရှိခဲ့သလို တရုတ်ဘက်ကလည်း ၎င်းတို့၏ ရေပိုင်နက်ကို ဖိလစ်ပိုင်က ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးအါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ရေအောက်သုံးဒရုန်းဟု ယူဆရသော ဒရုန်းတစ်စင်းကို ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရေပြင်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။
Zawgyi Version;
သံတမန္ေရးနည္းလမ္းမ်ားမွတစ္ဆင့္ ေရေၾကာင္းဆိုင္ရာတင္းမာမႈမ်ားကို တ႐ုတ္ႏွင့္ေဆြးေႏြးစီမံရန္ ဆႏၵရွိေၾကာင္း ဖိလစ္ပိုင္အစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၁ဝ
ဖိလစ္ပိုင္ႏိုင္ငံသည္ သံတမန္ေရးနည္းလမ္းမ်ားမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံႏွင့္ ၎၏ေရေၾကာင္းဆိုင္ရာ တင္းမာမႈမ်ားကို ေဆြးေႏြးရန္ႏွင့္ စီမံခန္႔ခြဲရန္ ဆႏၵရွိေသာ္လည္း ၎၏ ပိုင္နက္အခ်ဳပ္အျခာအာဏာႏွင့္ပတ္သက္ၿပီး အေလွ်ာ့ေပးသြား မည္မဟုတ္ေၾကာင္း ဖိလစ္ပိုင္အစိုးရ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
ဖိလစ္ပိုင္အစိုးရ တာဝန္ရွိသူတစ္ဦးက “ႏိုင္ငံတကာဥပေဒနဲ႔အညီ ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြနဲ႔ အျငင္းပြားမႈေတြကို ေျဖရွင္းဖို႔ ကြၽန္ေတာ္တို႔က ကတိကဝတ္ျပဳထားပါတယ္။ ဒါက အၿမဲတမ္း ကြၽန္ေတာ္တို႔ရဲ႕ ရပ္တည္ခ်က္ပါပဲ။ တင္းမာမႈ ေတြကို စီမံခန႔္ခြဲဖို႔ နည္းလမ္းေတြကို ေဆြးေႏြးဖို႔ ကြၽန္ေတာ္တို႔ဘက္ကဆႏၵရွိေနခ်ိန္မွာပဲ သူတို႔ဘက္က ကြၽန္ေတာ္တို႔လို မ်ိဳး ျဖစ္မေနခဲ့ပါဘူး” ဟု ေျပာခဲ့သည္။
အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္အတြင္းတြင္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား မၾကာခဏျဖစ္ပြားခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ႏွစ္မ်ား အတြင္း ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္တို႔ၾကား ဆက္ဆံေရးမ်ားမွာ ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္က ၎၏ ေရပိုင္နက္ကို က်ဴးေက်ာ္ေနေၾကာင္း ဖိလစ္ပိုင္ဘက္က စြပ္စြဲေျပာဆိုမႈမ်ားရွိခဲ့သလို တ႐ုတ္ဘက္ကလည္း ၎တို႔၏ ေရပိုင္နက္ကို ဖိလစ္ပိုင္က က်ဴးေက်ာ္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း ျပန္လည္စြပ္စြဲေျပာဆိုမႈမ်ားလည္း ရွိခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးအါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ၏ ေရေအာက္သုံးဒ႐ုန္းဟု ယူဆရေသာ ဒ႐ုန္းတစ္စင္းကို ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္းေရျပင္တြင္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ဖူးသည္။