ကျောင်းသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတွင် ဆန္ဒပြပွဲများ ဖြစ်ပွား
249
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁ဝ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ကျောင်းသားတစ်ဦးသေဆုံးခဲ့မှုနှင့်ဆက်နွယ်ပြီး ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိနေ ကြောင်း သိရသည်။ ဇန်နဝါရီ ၂ ရက်က တရုတ်နိုင်ငံ ပူချန်မြို့ရှိစာသင်ကျောင်းတစ်ခုတွင် အက်ဆီဒန့်တစ်ခုဖြစ်ပွားကာ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပူချန်မြို့တွင် ပြုလုပ်ခဲ့သောဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများကို ရိုက်နှက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ခဲလုံးများဖြင့် ပစ်ပေါက်နေခဲ့ကြောင်း သိရသည်။ ကျောင်းသားအိပ်ဆောင်အတွင်းဖြစ်ပွားခဲ့သော အက်ဆီဒန့်အတွင်း ကျောင်းသား တစ်ဦးသေဆုံးသည့် ရုပ်သံဖိုင်သည်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စိတ်ဆိုးဒေါသဖြစ်ပွားမှုများမြင့်တက်ခဲ့ကြောင်း သိရသည်။
တရုတ်မီဒီယာများသည် ပူချန်မြို့တွင်ဖြစ်ပွားသော ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီးရေးသားဖော်ပြခြင်းမျိုး မရှိသေး ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ ပူချန်မြို့အာဏာပိုင်များသည် ဆန္ဒပြပွပြပွဲများနှင့်ပတ်သက်ပြီး တုံ့ပြန် ဖြေဆိုရန် ငြင်းဆန်ထားကြောင်း သိရသည်။ ဒေသဆိုင်ရာအာဏာပိုင်များက အက်ဆီဒန့်ကြောင့် သေဆုံးခဲ့သော လူငယ်သည် ပူချန်မြို့ပညာရေးစင်တာတွင် တက်ရောက်နေသော တတိယနှစ်တက္ကသိုလ်ကျောင်းသား ဒန် ဆိုသူဖြစ် ကြောင်း ပြောဆိုထားသည်။
ဒန်သည် မသေဆုံးခင် အဆောင်တွင်အခြားကျောင်းသားများနှင့် အိပ်ခဲ့ကြောင်း၊ ဒန်သည် အိပ်ခါနီးအချိန်တွင် အခြား ကျောင်းသားတစ်ဦး နှင့် အငြင်းပွားခြင်းများရှိခဲ့ပြီး ကျောင်းတာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ကြောင်း၊ ကျောင်းတာဝန်ရှိ သူများက အငြင်းပွားမှုကိုဖြေရှင်းခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဒန်အမည်ရှိ ကျောင်းသား၏ ရုပ်အလောင်းကို အဆောင်ခြေရင်းတွင် တွေ့မြင်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ အဆိုပါကျောင်းသားသည် အဆောင်အပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆောင်တာဝန်ရှိသူများကပြောဆိုထားသလို ရဲတပ်ဖွဲ့ကလည်း ဒန်အမည်ရှိ ကျောင်းသား သေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး စစ်ဆေးလျက်ရှိနေကြောင်း သိရသည်။
သို့သော်လည်း ဒန် သေဆုံးမှုနှင့်ပတ်သက်ပြီး အမှန်တရားကိုကျောင်းအာဏာပိုင်များနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သော ဒန်၏ ခန္ဒာကိုယ်တွင် ဒဏ်ရာများရှိခဲ့ကြောင်း၊ကျောင်းအာဏာပိုင်များက ဒန်၏ ရုပ်အလောင်းကိုအခြားသူများ တွေ့မြင်ခွင့် မပေးခဲ့ကြောင်း ဒန်အမည်ရှိ ကျောင်းသား နှင့်နီးစပ်သူများက ပြောသည်။ တရုတ်နိုင်ငံရှိ ကျောင်းအချို့တွင် ပြီးခဲ့သောနှစ်အတွင်း အနိုင်ကျင့်ဗိုလ်ကျခြင်းများရှိခဲ့ရာ ဝေဖန်မှုများမြင့်တက်ခဲ့ကြောင်းသိရသည်။
Zawgyi Version;
ေက်ာင္းသားတစ္ဦး ေသဆုံးမႈႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံတြင္ ဆႏၵျပပြဲမ်ား ျဖစ္ပြား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁ဝ
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ ေက်ာင္းသားတစ္ဦးေသဆုံးခဲ့မႈႏွင့္ဆက္ႏြယ္ၿပီး ဆႏၵျပပြဲမ်ားျဖစ္ပြားလ်က္ရွိေန ေၾကာင္း သိရသည္။ ဇန္နဝါရီ ၂ ရက္က တ႐ုတ္ႏိုင္ငံ ပူခ်န္ၿမိဳ႕ရွိစာသင္ေက်ာင္းတစ္ခုတြင္ အက္ဆီဒန႔္တစ္ခုျဖစ္ပြားကာ ေက်ာင္းသားတစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ျခင္းျဖစ္သည္။
ပူခ်န္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာဆႏၵျပပြဲမ်ားအတြင္း ဆႏၵျပသူမ်ားကို ႐ိုက္ႏွက္ခဲ့ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားကို ခဲလုံးမ်ားျဖင့္ ပစ္ေပါက္ေနခဲ့ေၾကာင္း သိရသည္။ ေက်ာင္းသားအိပ္ေဆာင္အတြင္းျဖစ္ပြားခဲ့ေသာ အက္ဆီဒန႔္အတြင္း ေက်ာင္းသား တစ္ဦးေသဆုံးသည့္ ႐ုပ္သံဖိုင္သည္လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ စိတ္ဆိုးေဒါသျဖစ္ပြားမႈမ်ားျမင့္တက္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္မီဒီယာမ်ားသည္ ပူခ်န္ၿမိဳ႕တြင္ျဖစ္ပြားေသာ ဆႏၵျပပြဲမ်ားႏွင့္ပတ္သက္ၿပီးေရးသားေဖာ္ျပျခင္းမ်ိဳး မရွိေသး ေၾကာင္း ဘီဘီစီသတင္းတြင္ ေဖာ္ျပထားသည္။ ပူခ်န္ၿမိဳ႕အာဏာပိုင္မ်ားသည္ ဆႏၵျပပြျပပြဲမ်ားႏွင့္ပတ္သက္ၿပီး တုံ႔ျပန္ ေျဖဆိုရန္ ျငင္းဆန္ထားေၾကာင္း သိရသည္။ ေဒသဆိုင္ရာအာဏာပိုင္မ်ားက အက္ဆီဒန႔္ေၾကာင့္ ေသဆုံးခဲ့ေသာ လူငယ္သည္ ပူခ်န္ၿမိဳ႕ပညာေရးစင္တာတြင္ တက္ေရာက္ေနေသာ တတိယႏွစ္တကၠသိုလ္ေက်ာင္းသား ဒန္ ဆိုသူျဖစ္ ေၾကာင္း ေျပာဆိုထားသည္။
ဒန္သည္ မေသဆုံးခင္ အေဆာင္တြင္အျခားေက်ာင္းသားမ်ားႏွင့္ အိပ္ခဲ့ေၾကာင္း၊ ဒန္သည္ အိပ္ခါနီးအခ်ိန္တြင္ အျခား ေက်ာင္းသားတစ္ဦး ႏွင့္ အျငင္းပြားျခင္းမ်ားရွိခဲ့ၿပီး ေက်ာင္းတာဝန္ရွိသူမ်ားက ေျဖရွင္းေပးခဲ့ေၾကာင္း၊ ေက်ာင္းတာဝန္ရွိ သူမ်ားက အျငင္းပြားမႈကိုေျဖရွင္းခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ဒန္အမည္ရွိ ေက်ာင္းသား၏ ႐ုပ္အေလာင္းကို အေဆာင္ေျခရင္းတြင္ ေတြ႕ျမင္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ အဆိုပါေက်ာင္းသားသည္ အေဆာင္အေပၚမွ ျပဳတ္က်ကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း အေဆာင္တာဝန္ရွိသူမ်ားကေျပာဆိုထားသလို ရဲတပ္ဖြဲ႕ကလည္း ဒန္အမည္ရွိ ေက်ာင္းသား ေသဆုံးခဲ့ျခင္းႏွင့္ပတ္သက္ၿပီး စစ္ေဆးလ်က္ရွိေနေၾကာင္း သိရသည္။
သို႔ေသာ္လည္း ဒန္ ေသဆုံးမႈႏွင့္ပတ္သက္ၿပီး အမွန္တရားကိုေက်ာင္းအာဏာပိုင္မ်ားႏွင့္ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက ဖုံးကြယ္ထားသည္ဟု စြပ္စြဲမႈမ်ား ထြက္ေပၚလာၿပီးေနာက္ ဆႏၵျပပြဲမ်ား ျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။ ေသဆုံးခဲ့ေသာ ဒန္၏ ခႏၵာကိုယ္တြင္ ဒဏ္ရာမ်ားရွိခဲ့ေၾကာင္း၊ေက်ာင္းအာဏာပိုင္မ်ားက ဒန္၏ ႐ုပ္အေလာင္းကိုအျခားသူမ်ား ေတြ႕ျမင္ခြင့္ မေပးခဲ့ေၾကာင္း ဒန္အမည္ရွိ ေက်ာင္းသား ႏွင့္နီးစပ္သူမ်ားက ေျပာသည္။ တ႐ုတ္ႏိုင္ငံရွိ ေက်ာင္းအခ်ိဳ႕တြင္ ၿပီးခဲ့ေသာႏွစ္အတြင္း အႏိုင္က်င့္ဗိုလ္က်ျခင္းမ်ားရွိခဲ့ရာ ေဝဖန္မႈမ်ားျမင့္တက္ခဲ့ေၾကာင္းသိရသည္။