Suwon International Film Festival 2025 တွင် ကံကောင်းရုပ်ရှင် ဆန်ခါတင်အဆင့်ထိ ရွေးချယ်ခံရ

 290

အိဖြူ - ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံက မင်းသားပိုင်တံခွန်နဲ့ ခွေးကလေးတစ်ကောင်တို့ရဲ့ ၅၂၈ မေတ္တာကို အခြေခံရိုက်ကူးထားသည့် ကံကောင်း ရုပ်ရှင်ဇာတ်ကားသည် ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 တွင် ဆန်ခါတင်အဆင့်ထိ ရွေးချယ်ခံရကြောင်း ကံကောင်းရုပ်ရှင်ဇာတ်ကား၏ တရားဝင်ပေ့ချ်တွင် အသိပေးကြေညာထားသည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဒါရိုက်တာ ဝင်းလွင်ထက်က အကောင်းဆုံးပုံဖော်ရိုက်ကူးခဲ့ကာ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ကံကောင်းရုပ်ရှင်ကို မြန်မာနိုင်ငံတွင် ၂ဝ၂၃ ခုနှစ်အတွင်းက မြန်မာတစ်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင်သာမက ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် ရုံတင်ပြသနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။
၂ဝ၂၃ ခုနှစ်တွင် ကျင်းပခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင်လည်း ၂ဝ၂၃ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုကို ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံးဓါတ်ပုံဆုကို ဒါရိုက်တာဝင်းလွင်ထက် နှင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ကောင်းဆက်ပိုင်(ဂီတမြို့) တို့က ထိုက်တန်စွာရရှိခဲ့ကြသည်။ သို့သော် ပရိသတ်အားလုံးမျှော်လင့် ထားသည့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတွင် သရုပ်ဆောင်ပိုင်တံခွန် ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ဇာတ်ကားအတွက် ရရှိသည့် အကယ်ဒမီရွှေစင်ရုပ်ထု (၃)ဆုဖြင့်သာ ကျေနပ်ခဲ့ကြရသည်။
ထို့ပြင် ကံကောင်းရုပ်ရှင်ဇာတ်ကား၏ အောင်မြင်မှုသည် ရပ်တန့်မသွားခဲ့ဘဲ ၂ဝ၂၄ ခုနှစ်တွင် SEA International Film Festival 2024 ပွဲတော်၌ Best Producer Award၊ Best Director Award နှင့် Best Actor Award ဆုများ အသီးသီး ထပ်မံ ရရှိခဲ့သည်။
ယခုအခါတွင်လည်း တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် Suwon International Film Festival 2025 ပွဲတော်တွင် ကံကောင်းရုပ်ရှင်ဇာတ်ကား ဆန်ခါတင်အဆင့်ထိ ရွေးချယ်ခံရခြင်းသည် ဆုရခြင်း/မရခြင်းထက် မြန်မာ့ရုပ်ရှင်လောက နှင့် ပါဝင်ထားသောအနုပညာဖန်တီးသူများအတွက် ဂုဏ်ယူဖွယ်အခိုက်အတန့်တစ်ခုဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်များက မှတ်ချက်ပြုထားကြသည်။
တောင်ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 ၏ Final ပွဲကို လာမည့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကာ ဆုရရှိသည့်ဇာတ်ကားများကို ရွေးချယ်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
Suwon International Film Festival 2025 တြင္ ကံေကာင္း႐ုပ္ရွင္ ဆန္ခါတင္အဆင့္ထိ ေ႐ြးခ်ယ္ခံရ
အိျဖဴ - ဇန္နဝါရီ ၁၁
ျမန္မာႏိုင္ငံက မင္းသားပိုင္တံခြန္နဲ႔ ေခြးကေလးတစ္ေကာင္တို႔ရဲ႕ ၅၂၈ ေမတၱာကို အေျခခံ႐ိုက္ကူးထားသည့္ ကံေကာင္း ႐ုပ္ရွင္ဇာတ္ကားသည္ ကိုရီးယားႏိုင္ငံ Suwon International Film Festival 2025 တြင္ ဆန္ခါတင္အဆင့္ထိ ေ႐ြးခ်ယ္ခံရေၾကာင္း ကံေကာင္း႐ုပ္ရွင္ဇာတ္ကား၏ တရားဝင္ေပ့ခ်္တြင္ အသိေပးေၾကညာထားသည္။
အဆိုပါ႐ုပ္ရွင္ဇာတ္ကားကို ခတၳိယ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး၊ ဒါ႐ိုက္တာ ဝင္းလြင္ထက္က အေကာင္းဆုံးပုံေဖာ္႐ိုက္ကူးခဲ့ကာ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္က အဓိကဇာတ္ေဆာင္အျဖစ္ ပါဝင္ခဲ့ျခင္းျဖစ္သည္။
ကံေကာင္း႐ုပ္ရွင္ကို ျမန္မာႏိုင္ငံတြင္ ၂ဝ၂၃ ခုႏွစ္အတြင္းက ျမန္မာတစ္ႏိုင္ငံရွိ ႐ုပ္ရွင္႐ုံမ်ားတြင္သာမက ထိုင္းႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံ စသည့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ႐ုံတင္ျပသႏိုင္သည္အထိ ေအာင္ျမင္မႈရရွိခဲ့သည္။
၂ဝ၂၃ ခုႏွစ္တြင္ က်င္းပခဲ့ေသာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲတြင္လည္း ၂ဝ၂၃ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္ ဇာတ္ကားဆုကို ခတၳိယ႐ုပ္ရွင္ထုတ္လုပ္ေရး၊ အေကာင္းဆုံးဓါတ္ပုံဆုကို ဒါ႐ိုက္တာဝင္းလြင္ထက္ ႏွင့္ အေကာင္းဆုံး ႐ုပ္ရွင္ေတးဂီတဆုကို ေကာင္းဆက္ပိုင္(ဂီတၿမိဳ႕) တို႔က ထိုက္တန္စြာရရွိခဲ့ၾကသည္။ သို႔ေသာ္ ပရိသတ္အားလုံးေမွ်ာ္လင့္ ထားသည့္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုတြင္ သ႐ုပ္ေဆာင္ပိုင္တံခြန္ ရရွိခဲ့ျခင္းမရွိခဲ့ဘဲ ဇာတ္ကားအတြက္ ရရွိသည့္ အကယ္ဒမီေ႐ႊစင္႐ုပ္ထု (၃)ဆုျဖင့္သာ ေက်နပ္ခဲ့ၾကရသည္။
ထို႔ျပင္ ကံေကာင္း႐ုပ္ရွင္ဇာတ္ကား၏ ေအာင္ျမင္မႈသည္ ရပ္တန႔္မသြားခဲ့ဘဲ ၂ဝ၂၄ ခုႏွစ္တြင္ SEA International Film Festival 2024 ပြဲေတာ္၌ Best Producer Award၊ Best Director Award ႏွင့္ Best Actor Award ဆုမ်ား အသီးသီး ထပ္မံ ရရွိခဲ့သည္။
ယခုအခါတြင္လည္း ေတာင္ကိုရီးယားႏိုင္ငံ၌ က်င္းပမည့္ Suwon International Film Festival 2025 ပြဲေတာ္တြင္ ကံေကာင္း႐ုပ္ရွင္ဇာတ္ကား ဆန္ခါတင္အဆင့္ထိ ေ႐ြးခ်ယ္ခံရျခင္းသည္ ဆုရျခင္း/မရျခင္းထက္ ျမန္မာ့႐ုပ္ရွင္ေလာက ႏွင့္ ပါဝင္ထားေသာအႏုပညာဖန္တီးသူမ်ားအတြက္ ဂုဏ္ယူဖြယ္အခိုက္အတန႔္တစ္ခုျဖစ္ေၾကာင္း ျမန္မာ့႐ုပ္ရွင္ခ်စ္ ပရိသတ္မ်ားက မွတ္ခ်က္ျပဳထားၾကသည္။
ေတာင္ကိုရီးယားႏိုင္ငံ Suwon International Film Festival 2025 ၏ Final ပြဲကို လာမည့္ ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္တြင္ က်င္းပမည္ျဖစ္ကာ ဆုရရွိသည့္ဇာတ္ကားမ်ားကို ေ႐ြးခ်ယ္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.