NUG ကြီးစိုးရာ အညာဒေသဘက်တွင် လက်နက်ရောင်းချသည့် စျေးကွက်တစ်ခု ပေါ်ပေါက်ကာ မထိန်းချုပ်နိုင်ဖြစ်မည်ကို စိုးရိမ်နေရ

 6873

သုတကျော် (NP News) - ဇန်နဝါရီ ၁၁

NUG ကြီးစိုးရာ အညာဒေသဘက်တွင် လက်နက်ရောင်းချသည့် စျေးကွက်တစ်ခု တဖြေးဖြေးချင်း ပေါ်ပေါက်လာနေကာ မထိန်းချုပ်နိုင်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း NP News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အတွင်းရှိ ပကဖ အဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်း မီးကျောက်များကို ပြန်လည် ရောင်းချခြင်း မပြုလုပ်ရန် အထက်ပါ မြို့နယ် ပကဖက ထုတ်ပြန်ခဲ့သည့်အပေါ် မေးမြန်းရာတွင် ၎င်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒါက တဖြေးဖြေးချင်း ဖြစ်လာနေတာပေါ့။ လက်နက်တွေကလည်း ပေါလာတယ်။ ပေါလာတော့ အစွန်းထွက် ပြဿနာ ပေါ့နော်။ ဒါပေမယ့် ကျွန်တော် သိရသလောက်က အရမ်းတန်ဖိုးမြင့်တဲ့ သေနတ်တော့ မဟုတ်ဘူး။ လက်နက်ကော ခဲယမ်းကော ပါတယ်။ ခဲယမ်းလည်း ရှိတယ်။ အဖွဲ့ချင်း ပြန်ရောင်းကြတာ ရှိတယ်။ မဟုတ်ပဲ တခြားသူတွေကို ပြန်ရောင်းတာလည်း ရှိတယ်။ ပြီးရင်တော့ ထိန်းချုပ်မရနိုင်တဲ့ ပြဿနာလည်း ဒီဟာနဲ့အတူ စိန်ခေါ်ချက် ပေါ်ပေါက် တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြင်ပ လူများအနေဖြင့် လက်နက်ဝယ်ယူသည် ဆိုရာတွင် ရည်ရွယ်ချက် ၂ မျိုးဖြင့် ဝယ်ယူခြင်းမျိုး ရှိနိုင်ပြီး ပထမ တစ်ခုမှာ မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်ကာ ဒုတိယတစ်ခုမှာ ဓားပြတိုက်၊ လုယက်ရာတွင် အသုံးချရန်ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက သုံးသပ်သည်။
“ထပ်ပွားရရင် ဝယ်ထားပြီးတော့ ငှားစားလည်း အလုပ်ဖြစ်တယ် ဆိုတဲ့ ဂိုဏ်းစတားတွေ ရှိတယ်။ မိမိကိုယ်ပိုင် လုံခြုံရေး အတွက် ဝယ်တာ ရှိလောက်တယ်။ လူတွေက လိုအပ်လာတယ် ဆိုတာကိုး။ နောင်ခါလာ နောင်ခါစျေး ဆောင်ထားမှ ဆိုပြီး ဝယ်တဲ့သူက ရှိမှာပေါ့။ ၁၀၂၇ အစပိုင်းမှာ (လက်နက်စျေးက) သိပ်မှ မရှိတာ။ ကရင်မှာ တိုက်ပွဲမဖြစ်ခင်က သိန်းအစိတ်လောက်ရတယ် သတင်းထွက်တာကိုး။ လုံခြုံရေး အတွက် ဝယ်တာကတော့ တရားမဝင် ကိုင်ဆောင်မှုနဲ့ ငြိရင် ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခြင်း သို့မဟုတ် အခြေအနေပေးလျှင် လုပ်စားမည်။ မပေးလျှင် ငှားစား မည် ဆိုသော ရည်ရွယ်ချက်ဖြင့် လက်နက်ဝယ်ယူမည် ဆိုပါက လုံခြုံရေးကို ထိခိုက်မည်ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီးက ပြောသည်။

Zawgyi Version;
NUG ႀကီးစိုးရာ အညာေဒသဘက္တြင္ လက္နက္ေရာင္းခ်သည့္ ေစ်းကြက္တစ္ခု ေပၚေပါက္ကာ မထိန္းခ်ဳပ္ႏိုင္ျဖစ္မည္ ကို စိုးရိမ္ေနရ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၁

NUG ႀကီးစိုးရာ အညာေဒသဘက္တြင္ လက္နက္ေရာင္းခ်သည့္ ေစ်းကြက္တစ္ခု တေျဖးေျဖးခ်င္း ေပၚေပါက္လာေနကာ မထိန္းခ်ဳပ္ႏိုင္ျဖစ္မည္ကို စိုးရိမ္ေနရေၾကာင္း NP News ၏ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္ အတြင္းရွိ ပကဖ အဖြဲ႕ဝင္မ်ားအေနျဖင့္ လက္နက္ခဲယမ္း မီးေက်ာက္မ်ားကို ျပန္လည္ ေရာင္းခ်ျခင္း မျပဳလုပ္ရန္ အထက္ပါ ၿမိဳ႕နယ္ ပကဖက ထုတ္ျပန္ခဲ့သည့္အေပၚ ေမးျမန္းရာတြင္ ၎က အထက္ပါ အတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ဒါက တေျဖးေျဖးခ်င္း ျဖစ္လာေနတာေပါ့။ လက္နက္ေတြကလည္း ေပါလာတယ္။ ေပါလာေတာ့ အစြန္းထြက္ ျပႆနာ ေပါ့ေနာ္။ ဒါေပမယ့္ ကြၽန္ေတာ္ သိရသေလာက္က အရမ္းတန္ဖိုးျမင့္တဲ့ ေသနတ္ေတာ့ မဟုတ္ဘူး။ လက္နက္ေကာ ခဲယမ္းေကာ ပါတယ္။ ခဲယမ္းလည္း ရွိတယ္။ အဖြဲ႕ခ်င္း ျပန္ေရာင္းၾကတာ ရွိတယ္။ မဟုတ္ပဲ တျခားသူေတြကို ျပန္ေရာင္းတာလည္း ရွိတယ္။ ၿပီးရင္ေတာ့ ထိန္းခ်ဳပ္မရႏိုင္တဲ့ ျပႆနာလည္း ဒီဟာနဲ႔အတူ စိန္ေခၚခ်က္ ေပၚေပါက္ တာေပါ့” ဟု ၎က ဆိုသည္။
ျပင္ပ လူမ်ားအေနျဖင့္ လက္နက္ဝယ္ယူသည္ ဆိုရာတြင္ ရည္႐ြယ္ခ်က္ ၂ မ်ိဳးျဖင့္ ဝယ္ယူျခင္းမ်ိဳး ရွိႏိုင္ၿပီး ပထမ တစ္ခုမွာ မိမိကိုယ္ကို ကာကြယ္ရန္ျဖစ္ကာ ဒုတိယတစ္ခုမွာ ဓားျပတိုက္၊ လုယက္ရာတြင္ အသုံးခ်ရန္ျဖစ္ေၾကာင္း အၿငိမ္းစား ရဲမႉးႀကီး တစ္ဦးက သုံးသပ္သည္။
“ထပ္ပြားရရင္ ဝယ္ထားၿပီးေတာ့ ငွားစားလည္း အလုပ္ျဖစ္တယ္ ဆိုတဲ့ ဂိုဏ္းစတားေတြ ရွိတယ္။ မိမိကိုယ္ပိုင္ လုံၿခဳံေရး အတြက္ ဝယ္တာ ရွိေလာက္တယ္။ လူေတြက လိုအပ္လာတယ္ ဆိုတာကိုး။ ေနာင္ခါလာ ေနာင္ခါေစ်း ေဆာင္ထားမွ ဆိုၿပီး ဝယ္တဲ့သူက ရွိမွာေပါ့။ ၁၀၂၇ အစပိုင္းမွာ (လက္နက္ေစ်းက) သိပ္မွ မရွိတာ။ ကရင္မွာ တိုက္ပြဲမျဖစ္ခင္က သိန္းအစိတ္ေလာက္ရတယ္ သတင္းထြက္တာကိုး။ လုံၿခဳံေရး အတြက္ ဝယ္တာကေတာ့ တရားမဝင္ ကိုင္ေဆာင္မႈနဲ႔ ၿငိရင္ ရမွာေပါ့” ဟု ၎က ဆိုသည္။
ရာဇဝတ္မႈ က်ဴးလြန္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဝယ္ယူျခင္း သို႔မဟုတ္ အေျခအေနေပးလွ်င္ လုပ္စားမည္။ မေပးလွ်င္ ငွားစား မည္ ဆိုေသာ ရည္႐ြယ္ခ်က္ျဖင့္ လက္နက္ဝယ္ယူမည္ ဆိုပါက လုံၿခဳံေရးကို ထိခိုက္မည္ျဖစ္ေၾကာင္း အၿငိမ္းစား ရဲမႉးႀကီးက ေျပာသည္။

Picture

Win Lwin

11/01/2025 10:15

တပ်ထွက်တွေဝယ်ကိုင်ကြတယ်။

Related news

© 2021. All rights reserved.