တောင်ကိုရီးယားမင်းသမီး ဆိုးရယ်ဂျီနဲ့ပတ်သက်ပြီး မဟုတ်မမှန် မှတ်ချက်ပေးသူတွေကို အရေးယူမယ်လို့ အေဂျင်စီကြေညာ
670
ရောင်နီ (NP News) - ဇန်နဝါရီ ၁၁
တောင်ကိုရီးယားမင်းသမီး ဆိုးရယ်ဂျီရဲ့အေဂျင်စီဖြစ်တဲ့ Sublime Artist Agency က မင်းသမီးနဲ့ပတ်သက်ပြီး မဟုတ်မမှန် သတင်းလွှင့်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ဇန်နဝါရီလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ကြေညာချက်မှာ အေဂျင်စီက "ကျွန်ုပ်တို့ရဲ့မင်းသမီး ဆိုးရယ်ဂျီနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အကြောင်းအရာ ရေးသားသူ တွေကြောင့် မင်းသမီးဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ရှိလာနေတာကြောင့် မဟုတ်မမှန်ပြောဆိုတဲ့ ပို့စ်များ၊ မှတ်ချက်များ ရေးသားပြောဆိုကြသူတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အေဂျင်စီက အွန်လိုင်းအသိုင်းအဝိုင်း၊ ဆိုရှယ်မီဒီယာပလပ်ဖောင်းများနဲ့ ပေါ်တယ်ဆိုက်များပေါ်က အန္တရာယ်ရှိ ပို့စ်တွေကို စောင့်ကြည့်တဲ့ သီးသန့်အဖွဲ့လည်း ဖွဲ့စည်းထားကြောင်း၊ မဟုတ်မမှန် သတင်းလွှင့်သူ လူပေါင်း ၁၃၀ ခန့်ကို လက်ရှိ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ဆိုပါတယ်။ လက်ရှိလည်း အန္တရာယ်ရှိ ကောလာဟလပို့စ်တွေနဲ့ မှတ်ချက်တွေကို ဆက်လက်စောင့်ကြည့်မှာဖြစ်ပြီး သက်ညှာမှုမရှိဘဲ ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မင်းသမီးဆိုးရယ်ဂျီဟာ "It's Ok not to be Ok" ဒရာမာဇာတ်ကားနဲ့ ပရိသတ် စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ကျောင်းတုန်းက အတန်းဖော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် နာမည်ပျက်ကာ နှစ်အနည်းငယ်ကြာ ပရိသတ်ရှေ့က ပျောက်နေခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတလက် ဖြစ်ပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားမင္းသမီး ဆိုးရယ္ဂ်ီနဲ႔ပတ္သက္ၿပီး မဟုတ္မမွန္ မွတ္ခ်က္ေပးသူေတြကို အေရးယူမယ္လို႔ ေအဂ်င္စီေၾကညာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၁
ေတာင္ကိုရီးယားမင္းသမီး ဆိုးရယ္ဂ်ီရဲ႕ေအဂ်င္စီျဖစ္တဲ့ Sublime Artist Agency က မင္းသမီးနဲ႔ပတ္သက္ၿပီး မဟုတ္မမွန္ သတင္းလႊင့္သူေတြကို ျပင္းျပင္းထန္ထန္အေရးယူမယ္လို႔ ဇန္နဝါရီလ ၉ ရက္မွာ ေၾကညာခဲ့ပါတယ္။
ေၾကညာခ်က္မွာ ေအဂ်င္စီက "ကြၽႏ္ုပ္တို႔ရဲ႕မင္းသမီး ဆိုးရယ္ဂ်ီနဲ႔ပတ္သက္ၿပီး မွားယြင္းတဲ့အေၾကာင္းအရာ ေရးသားသူ ေတြေၾကာင့္ မင္းသမီးဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈေတြ ရွိလာေနတာေၾကာင့္ မဟုတ္မမွန္ေျပာဆိုတဲ့ ပို႔စ္မ်ား၊ မွတ္ခ်က္မ်ား ေရးသားေျပာဆိုၾကသူေတြကို တရားဥပေဒအရ အေရးယူသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါအျပင္ ေအဂ်င္စီက အြန္လိုင္းအသိုင္းအဝိုင္း၊ ဆိုရွယ္မီဒီယာပလပ္ေဖာင္းမ်ားနဲ႔ ေပၚတယ္ဆိုက္မ်ားေပၚက အႏၲရာယ္ရွိ ပို႔စ္ေတြကို ေစာင့္ၾကည့္တဲ့ သီးသန႔္အဖြဲ႕လည္း ဖြဲ႕စည္းထားေၾကာင္း၊ မဟုတ္မမွန္ သတင္းလႊင့္သူ လူေပါင္း ၁၃၀ ခန႔္ကို လက္ရွိ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနေၾကာင္း ဆိုပါတယ္။ လက္ရွိလည္း အႏၲရာယ္ရွိ ေကာလာဟလပို႔စ္ေတြနဲ႔ မွတ္ခ်က္ေတြကို ဆက္လက္ေစာင့္ၾကည့္မွာျဖစ္ၿပီး သက္ညႇာမႈမရွိဘဲ ျပတ္ျပတ္သားသားတုံ႔ျပန္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
မင္းသမီးဆိုးရယ္ဂ်ီဟာ "It's Ok not to be Ok" ဒရာမာဇာတ္ကားနဲ႔ ပရိသတ္ စိတ္ဝင္စားမႈကို ရခဲ့ေပမယ့္ ေက်ာင္းတုန္းက အတန္းေဖာ္ကို အႏိုင္က်င့္ခဲ့တယ္ဆိုတဲ့သတင္းေၾကာင့္ နာမည္ပ်က္ကာ ႏွစ္အနည္းငယ္ၾကာ ပရိသတ္ေရွ႕က ေပ်ာက္ေနခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသမီးတလက္ ျဖစ္ပါတယ္။