တိုကျိုတက္ကသိုလ်မှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရ

 507

ရောင်နီ (NP News) - ဇန်နဝါရီ ၁၁

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တက္ကသိုလ်တစ်ခုမှာ ဇန်နဝါရီ ၁ဝ ရက်က အသက် ၂ဝ အရွယ် ဝန်းကျင်အမျိုးသမီးရဲ့ ဓားကိုင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဂျပန်မီဒီယာက ပြောပါတယ်။
Hosei University ရဲ့ Tama Campus မှာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ အသက် ၂၀ အရွယ် အမျိုးသမီးကိုတော့ နေရာမှာတင် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တင်းကြပ်တဲ့ သေနတ်ထိန်းချုပ်ရေးဥပဒေပြဌာန်းထားတဲ့ ဂျပန်နိုင်ငံမှာ ရှားရှားပါးပါးဖြစ်ပွားတဲ့ အကြမ်းဖက်ရာဇဝတ်မှုဖြစ်ပြီး အသေးစိတ်ကို ရဲတပ်ဖွဲ့က ပြောကြားခြင်းမရှိသေးပါဘူး။
ဂျပန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအေဘေး လုပ်ကြံခံရမှု အပါအဝင် ရံဖန်ရံခါ ဓားထိုးမှု၊ တစ်ခါတစ်ရံ ပစ်ခတ်မှုများ ဖြစ်ပွားနေပါတယ်။ ဒီဇင်ဘာလကလည်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ McDonald's စားသောက်ဆိုင်မှာ အလယ်တန်းကျောင်းသားတစ်ဦး ဓားထိုးရမှု ဖြစ်ပွားခဲ့ပါတယ်။

Zawgyi Version;
တိုက်ိဳတကၠသိုလ္မွာ ဓားနဲ႔တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး လူ ၈ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၁

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ တကၠသိုလ္တစ္ခုမွာ ဇန္နဝါရီ ၁ဝ ရက္က အသက္ ၂ဝ အ႐ြယ္ ဝန္းက်င္အမ်ိဳးသမီးရဲ႕ ဓားကိုင္ တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး လူရွစ္ဦး ဒဏ္ရာရခဲ့တယ္လို႔ ဂ်ပန္မီဒီယာက ေျပာပါတယ္။
Hosei University ရဲ႕ Tama Campus မွာ ဇန္နဝါရီ ၁၀ ရက္ မြန္းလြဲပိုင္းက တိုက္ခိုက္မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲ႕ သတင္းရင္းျမစ္က ေျပာပါတယ္။ အဆိုပါ အသက္ ၂၀ အ႐ြယ္ အမ်ိဳးသမီးကိုေတာ့ ေနရာမွာတင္ ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။ တင္းၾကပ္တဲ့ ေသနတ္ထိန္းခ်ဳပ္ေရးဥပေဒျပဌာန္းထားတဲ့ ဂ်ပန္ႏိုင္ငံမွာ ရွားရွားပါးပါးျဖစ္ပြားတဲ့ အၾကမ္းဖက္ရာဇဝတ္မႈျဖစ္ၿပီး အေသးစိတ္ကို ရဲတပ္ဖြဲ႕က ေျပာၾကားျခင္းမရွိေသးပါဘူး။
ဂ်ပန္ႏိုင္ငံမွာ ၂၀၂၃ ခုႏွစ္ကတည္းက ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုေအေဘး လုပ္ႀကံခံရမႈ အပါအဝင္ ရံဖန္ရံခါ ဓားထိုးမႈ၊ တစ္ခါတစ္ရံ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနပါတယ္။ ဒီဇင္ဘာလကလည္း ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ McDonald's စားေသာက္ဆိုင္မွာ အလယ္တန္းေက်ာင္းသားတစ္ဦး ဓားထိုးရမႈ ျဖစ္ပြားခဲ့ပါတယ္။

Picture

Thida Kyu

11/01/2025 12:44

တိုကျိုတက္ကသိုလ်ရှိတာမို့ ခေါင်းစဉ်ပြင်သင့်ပါတယ်။

Related news

© 2021. All rights reserved.