လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သောစက်ရုံများမှာ စွမ်းအားပြည့် မလည်ပတ်နိုင်

 2659

NP News - ဇန်နဝါရီ ၁၁

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သောစက်ရုံများမှာ စွမ်းအားပြည့် မလည်ပတ်နိုင်ဘဲရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြောကြားခဲ့သည်။

ယမန်နေ့(ဇန်နဝါရီ ၁၀ ရက်) မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

မိတ္ထီလာသည် မိုးရွာရက်နည်းသောဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်မှဆောင်ရွက်နေသည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍လည်း အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သောစက်ရုံများအနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများရှိနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်က ပြောသည်။

ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုများကြောင့်လည်း အခက်အခဲများရှိကြောင်းနှင့် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version;
လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝေပးရာတြင္ အၾကမ္းဖက္သမားမ်ား၏ ဖ်က္ဆီးမႈမ်ားေၾကာင့္ အခ်ိဳ႕ေသာစက္႐ုံမ်ားမွာ စြမ္းအားျပည့္ မလည္ပတ္ႏိုင္
NP News - ဇန္နဝါရီ ၁၁

လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝေပးရာတြင္ အၾကမ္းဖက္သမားမ်ား၏ ဖ်က္ဆီးမႈမ်ားေၾကာင့္ အခ်ိဳ႕ေသာစက္႐ုံမ်ားမွာ စြမ္းအားျပည့္ မလည္ပတ္ႏိုင္ဘဲရွိေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ယမန္ေန႔(ဇန္နဝါရီ ၁၀ ရက္) မြန္းလြဲပိုင္းတြင္ မိတၳီလာၿမိဳ႕၊ ကန္ေတာ္မဂၤလာခန္းမ၌ မိတၳီလာခ႐ိုင္အတြင္းရွိ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး(MSME) လုပ္ငန္းရွင္မ်ားအား ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကား အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္အတြက္ မိမိတို႔အေနျဖင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မွ ထုတ္ယူသုံးစြဲမႈကို အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။

မိတၳီလာသည္ မိုး႐ြာရက္နည္းေသာေဒသျဖစ္သျဖင့္ ေနေရာင္ျခည္စြမ္းအင္ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲမႈကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္မွေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ားရွိသကဲ့သို႔ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း မိမိတို႔လုပ္ငန္း လိုအပ္ခ်က္မ်ားအလိုက္ ဆိုလာစီမံကိန္းမ်ားကို ေဆာင္႐ြက္ႏိုင္ေၾကာင္း နစကဥကၠ႒က ဆိုသည္။

လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝေပးႏိုင္မႈႏွင့္ပတ္သက္၍လည္း အၾကမ္းဖက္သမားမ်ား၏ ဖ်က္ဆီးမႈမ်ားေၾကာင့္ အခ်ိဳ႕ေသာစက္႐ုံမ်ားအေနျဖင့္ စြမ္းအားျပည့္လည္ပတ္ႏိုင္မႈမရွိျခင္းမ်ားရွိေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးေအာင္လႈိင္က ေျပာသည္။

ဓာတ္ေငြ႕လို အပ္ခ်က္မျပည့္မီမႈမ်ားေၾကာင့္လည္း အခက္အခဲမ်ားရွိေၾကာင္းႏွင့္ ႏိုင္ငံေတာ္မွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ကန႔္ကြက္မႈမ်ားလည္းရွိေၾကာင္း နစကဥကၠ႒က ေျပာသည္။

ထို႔ေၾကာင့္ အျမန္ဆုံးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္၍ရသည့္ ဆိုလာစနစ္ကို မိမိတို႔အေနျဖင့္ အားေပးေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္မွေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း တစ္ႏိုင္တစ္ပိုင္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။

Picture

Aung Aung

12/01/2025 07:07

ယောက်ျားလား ? မိန်းမလား ?

Related news

© 2021. All rights reserved.