(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ထူးခြားချက်အနေဖြင့် MSME ပြပွဲ၊ ပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်

 1397

NP News - ဇန်နဝါရီ ၁၁

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ထူးခြားချက်အနေဖြင့် MSME ပြပွဲ၊ ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ယမန်နေ့(ဇန်နဝါရီလ ၁ဝ ရက်)တွင် နေပြည်တော်၌ပြုလုပ်ခဲ့သော ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန် တစ်ဆက်တည်းတွင် MSME ပြပွဲ၊ ပြိုင်ပွဲများ ကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များကအခမ်းအနား၏ အတွေ့အကြုံများကိုလေ့လာကာ ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရန်အတွက် အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ် ကြောင်း နစကဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုနေ့အခမ်းအနားနှင့်ဆက်စပ်လျက် နေပြည်တော်ကောင်စီနယ်မြေ၌ပင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီးများအားလုံး၏ MSME ထုတ်ကုန်များခင်းကျင်းပြသခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

ဒေသအသီးသီးမှ ထုတ်ကုန်ပစ္စည်အချင်းချင်း ယှဉ်ပြိုင်မှုမှတဆင့် အရည်အသွေးနှင့် ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကိုရည်ရွယ်၍ MSME ထုတ်ကုန်ပြိုင်ပွဲကြီး တစ်ရပ်ကျင်းပရန်အပြင် ဒေသန္တရရိုးရာအစားအစာများကိုလည်း တစ်နေရာတည်း၌ပင် အမျိုးအစားစုံလင်စွာဖြင့် ထိတွေ့ခံစာနိုင်စေရန်အတွက်လည်း စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Zawgyi Version;
(၇၈)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားတြင္ ထူးျခားခ်က္အေနျဖင့္ MSME ျပပြဲ၊ ၿပိဳင္ပြဲမ်ား ထည့္သြင္း က်င္းပသြားမည္
NP News - ဇန္နဝါရီ ၁၁

(၇၈)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားတြင္ ထူးျခားခ်က္အေနျဖင့္ MSME ျပပြဲ၊ ၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာၾကားခဲ့သည္။

ယမန္ေန႔(ဇန္နဝါရီလ ၁ဝ ရက္)တြင္ ေနျပည္ေတာ္၌ျပဳလုပ္ခဲ့ေသာ ၂၀၂၅ ခုႏွစ္၊ (၇၈) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔က်င္းပေရးဗဟိုေကာ္မတီ ပထမအႀကိမ္ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထူးျခားခ်က္အေနျဖင့္ ၂၀၂၅ ခုႏွစ္၊ (၇၈) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားက်င္းပခ်ိန္ တစ္ဆက္တည္းတြင္ MSME ျပပြဲ၊ ၿပိဳင္ပြဲမ်ား ကို ထည့္သြင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒က ဆိုသည္။

ျပည္ေထာင္စုေန႔အခမ္းအနားသည္ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားျဖစ္ၿပီး ႏွစ္စဥ္က်င္းပလ်က္ရွိသည့္ အခမ္းအနားျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာေကာ္မတီမ်ားႏွင့္ ဆပ္ေကာ္မတီမ်ားအေနျဖင့္ ယခင္ႏွစ္မ်ားကအခမ္းအနား၏ အေတြ႕အႀကဳံမ်ားကိုေလ့လာကာ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ႏွင့္ အခက္အခဲမ်ားမျဖစ္ေပၚေစရန္အတြက္ အခ်င္းခ်င္းေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားရန္လိုအပ္ ေၾကာင္း နစကဒုတိယဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။

ျပည္ေထာင္စုေန႔အခမ္းအနားႏွင့္ဆက္စပ္လ်က္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ပင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးမ်ားအားလုံး၏ MSME ထုတ္ကုန္မ်ားခင္းက်င္းျပသျခင္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒က ဆိုသည္။

ေဒသအသီးသီးမွ ထုတ္ကုန္ပစၥည္အခ်င္းခ်င္း ယွဥ္ၿပိဳင္မႈမွတဆင့္ အရည္အေသြးႏွင့္ ထုတ္လုပ္မႈက႑ ပိုမိုတိုးတက္ျမင့္မားလာေစျခင္းႏွင့္ ဖြံ႕ၿဖိဳးေစျခင္းကိုရည္႐ြယ္၍ MSME ထုတ္ကုန္ၿပိဳင္ပြဲႀကီး တစ္ရပ္က်င္းပရန္အျပင္ ေဒသႏၲရ႐ိုးရာအစားအစာမ်ားကိုလည္း တစ္ေနရာတည္း၌ပင္ အမ်ိဳးအစားစုံလင္စြာျဖင့္ ထိေတြ႕ခံစာႏိုင္ေစရန္အတြက္လည္း စီမံေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.