ရုရှားသမ္မတပူတင်က ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရုရှားအစိုးရပြော
276
Pika (NP News) - ဇန်နဝါရီ ၁၁
ရုရှားသမ္မတပူတင်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လမ်းဖွင့် ထားတယ်လို့ ရုရှားအစိုးရက ဇန်နဝါရီလ(၁၀)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပူတင်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် စီစဉ်ထားတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရဘက်က ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “ဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ဖို့ ပွင့်လင်းမင်သာမှူးတွေ ကို ပူတင်က အမြဲတမ်းဖော်ပြပြောဆိုခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီလ(၂၀)ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ဆောင် မယ့် ဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် ဖြေရှင်းပေး မယ်လို့ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူး လို့လည်း သိရပါတယ်။
ဒါ့ပြင် မကြာမီအချိန်အတွင်း ပူတင်နဲ့တွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ပူတင်က ကျွန်တော်နံ့တွေ့ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အဲ့ဒါကို စီစဉ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ ရုရှားအစိုးရဟာ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ် နေတဲ့ ဒေါ်နယ်ထရမ့်ရဲ့အဆင်သင့်ဖြစ်မှုတွေကို ကြိုဆိုတယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
၎င်းက “ဒီဆွေးနွေးပွဲတွေအတွက် ဘယ်လိုအခြေအနေမျိုးမှမလိုအပ်ပါဘူး။ တွေ့ဆုံဆွေးနွေးမှုကနေတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ အပြန်အလှန်ဆန္ဒနဲ့ နိုင်ငံရေးဆန္ဒတွေပဲ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
႐ုရွားသမၼတပူတင္က ေဒၚနယ္ထရမ့္နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၁၁
႐ုရွားသမၼတပူတင္ဟာ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ ထားတယ္လို႔ ႐ုရွားအစိုးရက ဇန္နဝါရီလ(၁၀)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ပူတင္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ စီစဥ္ထားတယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရဘက္က ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “ေဒၚနယ္ထရမ့္အပါအဝင္ ႏိုင္ငံတကာေခါင္းေဆာင္ေတြနဲ႔ ဆက္သြယ္မႈေတြ လုပ္ေဆာင္ဖို႔ ပြင့္လင္းမင္သာမႉးေတြ ကို ပူတင္က အၿမဲတမ္းေဖာ္ျပေျပာဆိုခဲ့ပါတယ္။ လာမယ့္ ဇန္နဝါရီလ(၂၀)ရက္မွာ က်မ္းသစၥာက်ိန္ဆိုပြဲလုပ္ေဆာင္ မယ့္ ေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ ေျဖရွင္းေပး မယ္လို႔ အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္း ပဋိပကၡကို ဘယ္လိုေျဖရွင္းေပးမလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူး လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မၾကာမီအခ်ိန္အတြင္း ပူတင္နဲ႔ေတြ႕ဆုံဖို႔ စီစဥ္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ပူတင္က ကြၽန္ေတာ္နံ႔ေတြ႕ခ်င္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔အဲ့ဒါကို စီစဥ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားအစိုးရဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြကေနတစ္ဆင့္ ျပႆနာေတြကို ေျဖရွင္းဖို႔ အဆင္သင့္ျဖစ္ ေနတဲ့ ေဒၚနယ္ထရမ့္ရဲ႕အဆင္သင့္ျဖစ္မႈေတြကို ႀကိဳဆိုတယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
၎က “ဒီေဆြးေႏြးပြဲေတြအတြက္ ဘယ္လိုအေျခအေနမ်ိဳးမွမလိုအပ္ပါဘူး။ ေတြ႕ဆုံေဆြးေႏြးမႈကေနတဆင့္ ျပႆနာေတြကို ေျဖရွင္းဖို႔ အျပန္အလွန္ဆႏၵနဲ႔ ႏိုင္ငံေရးဆႏၵေတြပဲ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။