ဂျပန်က အင်ဒိုနီးရှားကို မြန်နှုန်းမြင့် ကင်းလှည့်သင်္ဘောနှစ်စီး ပေးအပ်သွားမယ်
157
Pika (NP News) - ဇန်နဝါရီ ၁၁
ဂျပန်နိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံကို မြန်နှုန်းမြင့်ကင်းလှည့်သင်္ဘောနှစ်စီး ပေးအပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာက ဇန်နဝါရီလ(၁၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီး ထွားလာမှုကို ရင်ဆိုင်ဖို့အတွက် ဒေသတွင်းရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကြိုးပမ်း နေစဉ်အချိန်အတွင်းမှာပဲ ယခုလိုပေးအပ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရှီဂဲရုအီရှီဘာဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုကတိပြုမှု တွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ရှီဂဲရုအီရှီဘာဟာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ နှစ်နိုင်ငံဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရှီဂဲရုအီရှီဘာက “ကာကွယ်ရေးပစ္စည်းနည်းပညာပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရေကြောင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းအဆင့် ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ ထူထောင်ဖို့ ကျွန်တော်တို့သဘောတူညီခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ ကျွန်တော်တို့ရဲ့ပထမဆုံးဖြစ်မယ့် တရားဝင်လုံခြုံရေးအကူအညီကနေတစ်ဆင့် မြန်နှုန်းမြင့် ကင်းလှည့်သင်္ဘောတွေကို ပံ့ပိုးပေးဖို့လည်း သဘောတူခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ ဘူမိအပူစွမ်းအင်၊ ဟိုက်ဒရိုဂျင်၊ အမိုးနီးယားနဲ့ ဇီဝလောင်စာတွေလိုမျိုး ကာဗွန်နစ် နည်းစွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ရှီဂဲရုအီရှီဘာက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဂ်ပန္က အင္ဒိုနီးရွားကို ျမန္ႏႈန္းျမင့္ ကင္းလွည့္သေဘၤာႏွစ္စီး ေပးအပ္သြားမယ္
Pika (NP News) - ဇန္နဝါရီ ၁၁
ဂ်ပန္ႏိုင္ငံဟာ အင္ဒိုနီးရွားႏိုင္ငံကို ျမန္ႏႈန္းျမင့္ကင္းလွည့္သေဘၤာႏွစ္စီး ေပးအပ္သြားမယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွီဂဲ႐ုအီရွီဘာက ဇန္နဝါရီလ(၁၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံရဲ႕ အင္အားႀကီး ထြားလာမႈကို ရင္ဆိုင္ဖို႔အတြက္ ေဒသတြင္းေရေၾကာင္းလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္း ေနစဥ္အခ်ိန္အတြင္းမွာပဲ ယခုလိုေပးအပ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ရွီဂဲ႐ုအီရွီဘာဟာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုကတိျပဳမႈ ေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ရွီဂဲ႐ုအီရွီဘာဟာ အင္ဒိုနီးရွားသမၼတ ပရာဘိုဝို ဆူဘီယန္တိုနဲ႔ ႏွစ္ႏိုင္ငံဆိုင္ရာကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ရွီဂဲ႐ုအီရွီဘာက “ကာကြယ္ေရးပစၥည္းနည္းပညာပူးေပါင္းေဆာင္႐ြက္မႈ အပါအဝင္ ေရေၾကာင္းလုံၿခဳံေရးဆိုင္ရာ လုပ္ငန္းအဆင့္ ကာကြယ္ေရးဆိုင္ရာ ညႇိႏႈိင္းေဆြးေႏြးမႈေတြ ထူေထာင္ဖို႔ ကြၽန္ေတာ္တို႔သေဘာတူညီခဲ့ပါတယ္။ အင္ဒိုနီးရွားနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ပထမဆုံးျဖစ္မယ့္ တရားဝင္လုံၿခဳံေရးအကူအညီကေနတစ္ဆင့္ ျမန္ႏႈန္းျမင့္ ကင္းလွည့္သေဘၤာေတြကို ပံ့ပိုးေပးဖို႔လည္း သေဘာတူခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အင္ဒိုနီးရွားနဲ႔ ဂ်ပန္တို႔ဟာ ဘူမိအပူစြမ္းအင္၊ ဟိုက္ဒ႐ိုဂ်င္၊ အမိုးနီးယားနဲ႔ ဇီဝေလာင္စာေတြလိုမ်ိဳး ကာဗြန္နစ္ နည္းစြမ္းအင္က႑ေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ရွီဂဲ႐ုအီရွီဘာက ေျပာၾကားခဲ့ပါတယ္။