သမ္မတတာဝန်ယူခါနီး ရက်ပိုင်းအလိုမှာပဲ အပြစ်ပေးခံရဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဒေါ်နယ်ထရမ့်

 970

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၁

ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုနဲ့ပတ်သက်ပြီး အကျဉ်းထောင်ထဲသွားရမလား ဒါမှမဟုတ် အပြစ်ပေးခံရခြင်းက လွှတ်မြောက်မလားဆိုတဲ့ ထင်မြင်ချက်တွေ
အမေရိကန်နိုင်ငံအတွင်း ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အပြာမယ်တစ်ဦးရဲ့စွဲချက်ကို ပယ်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ နုတ်ပိတ်ခပေးခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တရားသူကြီးက အဲဒီအမှုကို
ဆက်လက်စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့် ဇန်နဝါရီလ ၂ဝ ရက်မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်ပြီး အဲဒီအမှုကိစ္စဟာ ဒေါ်နယ်ထရမ့်အတွက်ထိုးနှက်ချက်ဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။

တရားသူကြီး ဂျွန်မာချန်က ဒေါ်နယ်ထရမ့်ကို အဆိုပါအမှုကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကိုထောင်ဒဏ်၊ ငွေဒဏ် နဲ့ အခြား တားမြစ်မိန့်တစ်ခုခု ချမလားဆိုတာကို ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ဒေါ်နယ်ထရမ့်က အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျုးလွန်ထားခြင်းမရှိဘဲ အယူခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းကို သမ္မတရွေးကောက်ပွဲ ထပ်မံ ဝင်ရောက်ခြင်းကိုတားမြစ်နိုင်ဖို့ အမှုဆင်ခဲ့တာမျိုးဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒေါ်နယ်ထရမ့်က "ကျွန်တော်အနေနဲ့ အမှုနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ တစ်စုံတရာအမှားယွင်းမလုပ်ထားဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အဆိုပါအမှုကိစ္စနဲ့ဆက်နွယ်ပြီး တရားရုံးခြောက်ကြိမ် စစ်ဆေးထားပြီး ဒေါ်နယ်ထရမ့်ကိုယ်တိုင်တက်ရောက်တာမျိုးမရှိကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီအမှုကိစ္စနဲ့ ပြစ်ဒဏ်ပေးခံရမယ်ဆိုရင်တောင် အယူခံဝင်ပြီးအမှုကို ဆိုင်းငံ့ထားကာ သမ္မတအဖြစ် တာဝန်ယူခွင့်ရအောင်ကြိုးပမ်းဖွယ်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version;
သမၼတတာဝန္ယူခါနီး ရက္ပိုင္းအလိုမွာပဲ အျပစ္ေပးခံရဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚေနတဲ့ ေဒၚနယ္ထရမ့္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၁

ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ရာဇဝတ္မႈနဲ႔ပတ္သက္ၿပီး အက်ဥ္းေထာင္ထဲသြားရမလား ဒါမွမဟုတ္ အျပစ္ေပးခံရျခင္းက လႊတ္ေျမာက္မလားဆိုတဲ့ ထင္ျမင္ခ်က္ေတြ
အေမရိကန္ႏိုင္ငံအတြင္း ပ်ံ႕ႏွံ႔ေနဆဲျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အျပာမယ္တစ္ဦးရဲ႕စြဲခ်က္ကို ပယ္ဖ်က္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏုတ္ပိတ္ခေပးခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး တရားသူႀကီးက အဲဒီအမႈကို
ဆက္လက္စုံစမ္းစစ္ေဆးဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ လာမယ့္ ဇန္နဝါရီလ ၂ဝ ရက္မွာ အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုသြားမွာျဖစ္ၿပီး အဲဒီအမႈကိစၥဟာ ေဒၚနယ္ထရမ့္အတြက္ထိုးႏွက္ခ်က္ျဖစ္လာေစခဲ့တယ္လို႔ ဆိုပါတယ္။

တရားသူႀကီး ဂြၽန္မာခ်န္က ေဒၚနယ္ထရမ့္ကို အဆိုပါအမႈကိစၥနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ကိုေထာင္ဒဏ္၊ ေငြဒဏ္ နဲ႔ အျခား တားျမစ္မိန႔္တစ္ခုခု ခ်မလားဆိုတာကို ဆုံးျဖတ္ရဖြယ္ရွိေနပါတယ္။ေဒၚနယ္ထရမ့္က အဲဒီအမႈကိစၥနဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဳးလြန္ထားျခင္းမရွိဘဲ အယူခံသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ေဒၚနယ္ထရမ့္က ၎ကို သမၼတေ႐ြးေကာက္ပြဲ ထပ္မံ ဝင္ေရာက္ျခင္းကိုတားျမစ္ႏိုင္ဖို႔ အမႈဆင္ခဲ့တာမ်ိဳးျဖစ္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။

ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္အေနနဲ႔ အမႈနဲ႔ပတ္သက္ၿပီး ဘာမွမသိဘူး။ တစ္စုံတရာအမွားယြင္းမလုပ္ထားဘူး" လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က အဆိုပါအမႈကိစၥနဲ႔ဆက္ႏြယ္ၿပီး တရား႐ုံးေျခာက္ႀကိမ္ စစ္ေဆးထားၿပီး ေဒၚနယ္ထရမ့္ကိုယ္တိုင္တက္ေရာက္တာမ်ိဳးမရွိေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ အဲဒီအမႈကိစၥနဲ႔ ျပစ္ဒဏ္ေပးခံရမယ္ဆိုရင္ေတာင္ အယူခံဝင္ၿပီးအမႈကို ဆိုင္းငံ့ထားကာ သမၼတအျဖစ္ တာဝန္ယူခြင့္ရေအာင္ႀကိဳးပမ္းဖြယ္ရွိတယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.