ဟောလိဝုဒ်ကိုပါ လောင်တဲ့တောမီးကြောင့် ကမ္ဘာကျော်တို့ ဒေါ်လာ ဘီလျံချီတန်နေအိမ်များပျက်စီး

 948

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၁

ပြီးခဲ့သောရက်ပိုင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်လောင်ကျွမ်းခဲ့သော တောမီးကြောင့် ကမ္ဘာကျော်ဟောလိဝုဒ် ရုပ်ရှင်လောက၏ မင်းသား၊ မင်းသမီးနှင့် သရုပ်ဆောင်တို့၏ နေအိမ်များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ တောမီးကြောင့် ကမ္ဘာကျော်သရုပ်ဆောင် ပဲရစ်ဟီလ်တန်နှင့် အန်တိုနီဟော့ကင်း အပါအဝင် အမေရိကန် ရုပ်ရှင်လောကမှ နာမည်ကြီးသရုပ် ဆောင်များအပါအဝင် သရုပ်ဆောင်ပေါင်း အနည်းဆုံး (၁၀ဝ) ကျော် ၏အိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
ပဲရစ်ဟီလ်တန်က ‘‘ကျွန်မရဲ့အိမ်မီးလောင်ပျက်စီးခဲ့ရတာတွေ့မြင်ရတော့ ပြောစရာစကားမရှိအောင် ဝမ်းနည်း ကြေကွဲရတယ်” ဟု အင်စတာဂရမ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် အော်စကာဆုကို နှစ်ကြိမ်တိုင်ရ ယူခဲ့ဖူးသော အန်တိုနီဟော့ကင်းလည်း သက်တမ်း (၈၇)နှစ်ရှိ အိမ်ကြီး မီးလောင်ပျက်စီးမှုကို ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသော ဟောလိဝုဒ် သရုပ် ဆောင်များထဲတွင် ဘိုင်လီခရစ်တယ်၊ မက်ဟာမီးလ်၊ အီဂီနီ လီဗိုင်း၊ ဂျက်နီဖာ ဂရေးနှင့် အခြား အနုပညာရှင်များပါဝင်ခဲ့ကြောင်းသိရသည်။ အော်စကာဆုရ သရုပ်ဆောင်တစ်ဦးဖြစ်သော ဂျာမိန်းလီကာတစ်က
“ကျွန်မဟာ အိမ်ကနေအလျင်မြန်ထွက်ပြေးခဲ့ရ တယ်။ အိမ်နီးချင်းတွေရဲ့အိမ်တွေတော့ မီးလောင်ပျက်စီးခဲ့တယ်။ ကျွန်မရဲ့အိမ်ကတော့ မီးလောင်ပျက်စီးခဲ့တာမျိုးမရှိဘူး၊ တခြားသူအများအပြားကတော့ ပျက်စီးဆုံးရှုံးခဲ့တယ်” ဟု ပြောသည်။

၎င်းသည် မီးလောင်မှုကြောင့်ထိခိုက်ခံစားရသော သူများအတွက် အမေရိကန်ဒေါ်လာ(၁)သန်း ကူညီထောက် ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါတောမီးသည် ကယ်လီးဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးတောမီး ငါးခုထဲတွင် ပါဝင်ခဲ့ပြီး အိမ်နှင့် စီးပွားရေးအဆောက်အအုံအနည်းဆုံး (၅၀ဝဝ)ခန့် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ (၁၀)ရက်အထိ တောမီးကြောင့် လူပေါင်း အနည်းဆုံး(၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တောမီးကြောင့် အိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသော သရုပ်ဆောင်များထဲတွင် Golden Globes ပွဲကိုတက်ရောက်ခဲ့သော အဒမ်ဘရိုဒီ၊ လီတန် မီစတာတို့၏အိမ်များ လည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါတောမီးသည် အမေရိကန်အာမခံလုပ်ငန်းအတွက် ကြီးမား သော၊ လျော်ကြေးများ ပေးရဖွယ်ရှိနေပြီး တောမီးကြောင့် အမေရိကန်ဒေါ်လာ (၈)ဘီလျံအထိ ထိခိုက်ပျက်စီး ဆုံးရှုံးဖွယ်ရှိနေကြောင်း သိရသည်။ တောမီးကြောင့် အမေရိကန်အစိုးရအာဏာပိုင်များသည် ဇန်နဝါရီ (၁၀)ရက် အထိ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းနေထိုင်သူ (၂)သိန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အနည်းဆုံး လူပေါင်း(၁၀)ဦး သေဆုံးထားကြောင်း သိရသည်။ ခြောက်သွေ့မှုနှင့်လေတိုက်နှုန်းများကြောင့် တောမီး လောင်ကျွမ်းမှုသည် အဆုံးသတ်မည်မဟုတ်သေးသည့်အတွက် သတိထားရမည့်အခြေအနေမျိုးတွင် ရှိနေဆဲဖြစ် ကြောင်း အမေရိကန်မိုးလေဝသပညာရှင်များက ပြောသည်။ တောမီးလောင်ကျွမ်းနေချိန်တွင် လေပြင်းတိုက်ခတ်မှု များ ဆက်တိုက်ဖြစ်လာခြင်းကြောင့် တောမီးလောင်ကျွမ်းမှုက လျင်မြန်စွာကူးစက်ခဲ့ပြီး အိုးအိမ်အဆောက်အအုံ ပေါင်း ထောင်နှင့်ချီ မီးလောင်ကျွမ်းပျက်စီးခဲ့ရာ အမေရိကန်ဒေါ်လာ ဘီလျံချီထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းနေချိန်တွင်လေ တိုက်နှုန်းက တစ်နာရီကို (၁၀ဝ) မိုင်နှုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ တောမီးကူးစက်မှု လျင်မြန်ခဲ့ပြီး လော့စ်အိန်ဂျလိစ်ပြည်နယ်နှင့်ကပ်လျက်ပြည်နယ်များကို ထပ်မံကူးစက်မည်ကို စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း သိရသည်။ တောမီးကြောင့် လော့စ်အိန်ဂျ လိစ်ပြည်နယ်အတွင်း ဧကပေါင်း အနည်းဆုံး (၂၀ဝဝဝ) ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ရပြီး အိမ်နှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံ (၁၀ဝဝ) ကျော်ပျက်စီးခဲ့ရ ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုကို ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ အယ်တာဒီနာမြို့က အဆိုးရွားဆုံး ခံစားခဲ့ရပြီး အဆိုပါမြို့တွင် ဧက (၁၀၆၀ဝ) ကျော်မီးလောင်ပျက်စီးခဲ့ကာ လမ်းကြို လမ်းကြားများပါမကျန် မီးလောင်ခဲ့ခြင်းဖြစ်သည်။ လော့စ်အိန်ဂျလိစ်ကောင်တီအကြီးအကဲဖြစ်သူ ရှီရစ်ရောဘတ်စ်က မီးကိုအလုံးစုံ ထိန်းချုပ်နိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး မီးဆိုးရွားစွာလောင်ကျွမ်းနေသည့်နေရာများအတွင်း ဘေးကင်းလုံခြုံမှုများမရှိ သေးဘဲ သေဆုံးဒဏ်ရာရသူအရေအတွက် ထပ်မံတိုးလာဖွယ်ရှိနေကြောင်း ပြောသည်။ အမေရိကန် အာဏာပိုင် များသည် တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး တောမီးလောင်ကျွမ်းမှုကိုစတင်ခဲ့သူအဖြစ် သံသယရှိသူတစ်ဦး လည်း ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် တောမီးလောင်ကျွမ်းချိန်အတွင်း ဒေသခံများက အိမ်ကိုစွန့်ခွာချိန်တွင် အိမ်များကို ဝင်ရောက် လုယက်ရန် ကြိုးပမ်းသူ အနည်းဆုံး (၂၀)ကိုဖမ်းဆီးထားပြီး လော့စ်အိန်ဂျလိစ် ပြည်နယ်အတွင်းရှိ နေရာအချို့ကို လည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း အမေရိကန်အာဏာပိုင်များက ပြောသည်။ တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် ဇန်နဝါရီ (၇)ရက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တောမီးမှာ သွေ့ခြောက်သော မြေပြင်ထက်တွင် အတားအဆီးမဲ့ လောင်ကျွမ်းနေခြင်းဖြစ်သည်။
ဇန်နဝါရီ (၈)ရက် ညနေပိုင်း၌ ဟောလိဝုဒ်ကုန်းမြင့်ထက်တွင် မီးလောင်မှုအသစ်တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်အကြီးအကဲ ခရစ္စတင်းခရိုး လေကသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် လော့စ်အိန်ဂျလိစ်ကောင်တီ၌ တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ခုအထိ တိုးလာခဲ့ပြီဖြစ်ကာ ဘေးလွတ် ကင်းရာနေရာများသို့ ရွှေ့ပြောင်းခိုင်းရမှုများမှာလည်း ပိုများလာခဲ့ပြီဖြစ်သည်။ အမေရိကန်အစိုးရသည် တောမီးကို ထိန်းနိုင်ရန်အတွက် မီးသတ်ကားများအပြင် ရဟတ်ယာဉ်များအသုံးပြုကာကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေဟာလိဝုဒ္ကိုပါ ေလာင္တဲ့ေတာမီးေၾကာင့္ ကမာၻေက်ာ္တို႔ ေဒၚလာ ဘီလ်ံခ်ီတန္ ေနအိမ္မ်ားပ်က္စီး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၁

ၿပီးခဲ့ေသာရက္ပိုင္းက အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္တြင္ စတင္ေလာင္ကြၽမ္းခဲ့ေသာ ေတာမီးေၾကာင့္ ကမာၻေက်ာ္ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာက၏ မင္းသား၊ မင္းသမီးႏွင့္ သ႐ုပ္ေဆာင္တို႔၏ ေနအိမ္မ်ား ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။ ေတာမီးေၾကာင့္ ကမာၻေက်ာ္သ႐ုပ္ေဆာင္ ပဲရစ္ဟီလ္တန္ႏွင့္ အန္တိုနီေဟာ့ကင္း အပါအဝင္ အေမရိကန္ ႐ုပ္ရွင္ေလာကမွ နာမည္ႀကီးသ႐ုပ္ ေဆာင္မ်ားအပါအဝင္ သ႐ုပ္ေဆာင္ေပါင္း အနည္းဆုံး (၁၀ဝ) ေက်ာ္ ၏အိမ္မ်ား ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းသိရသည္။
ပဲရစ္ဟီလ္တန္က ‘‘ကြၽန္မရဲ႕အိမ္မီးေလာင္ပ်က္စီးခဲ့ရတာေတြ႕ျမင္ရေတာ့ ေျပာစရာစကားမရွိေအာင္ ဝမ္းနည္း ေၾကကြဲရတယ္” ဟု အင္စတာဂရမ္လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပထားသည္။
ထို႔ျပင္ ေအာ္စကာဆုကို ႏွစ္ႀကိမ္တိုင္ရ ယူခဲ့ဖူးေသာ အန္တိုနီေဟာ့ကင္းလည္း သက္တမ္း (၈၇)ႏွစ္ရွိ အိမ္ႀကီး မီးေလာင္ပ်က္စီးမႈကို ရင္ဆိုင္ခဲ့ရေၾကာင္းသိရသည္။ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အိမ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ရေသာ ေဟာလိဝုဒ္ သ႐ုပ္ ေဆာင္မ်ားထဲတြင္ ဘိုင္လီခရစ္တယ္၊ မက္ဟာမီးလ္၊ အီဂီနီ လီဗိုင္း၊ ဂ်က္နီဖာ ဂေရးႏွင့္ အျခား အႏုပညာရွင္မ်ားပါဝင္ခဲ့ေၾကာင္းသိရသည္။ ေအာ္စကာဆုရ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေသာ ဂ်ာမိန္းလီကာတစ္က
“ကြၽန္မဟာ အိမ္ကေနအလ်င္ျမန္ထြက္ေျပးခဲ့ရ တယ္။ အိမ္နီးခ်င္းေတြရဲ႕အိမ္ေတြေတာ့ မီးေလာင္ပ်က္စီးခဲ့တယ္။ ကြၽန္မရဲ႕အိမ္ကေတာ့ မီးေလာင္ပ်က္စီးခဲ့တာမ်ိဳးမရွိဘူး၊ တျခားသူအမ်ားအျပားကေတာ့ ပ်က္စီးဆုံးရႈံးခဲ့တယ္” ဟု ေျပာသည္။

၎သည္ မီးေလာင္မႈေၾကာင့္ထိခိုက္ခံစားရေသာ သူမ်ားအတြက္ အေမရိကန္ေဒၚလာ(၁)သန္း ကူညီေထာက္ ပံ့ေပးမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ အဆိုပါေတာမီးသည္ ကယ္လီးဖိုးနီးယားျပည္နယ္ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးေတာမီး ငါးခုထဲတြင္ ပါဝင္ခဲ့ၿပီး အိမ္ႏွင့္ စီးပြားေရးအေဆာက္အအုံအနည္းဆုံး (၅၀ဝဝ)ခန႔္ မီးေလာင္ ပ်က္စီးခဲ့ရေၾကာင္း သိရသည္။
မီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္လည္း ျမင့္တက္လာခဲ့ၿပီး ဇန္နဝါရီ (၁၀)ရက္အထိ ေတာမီးေၾကာင့္ လူေပါင္း အနည္းဆုံး(၁၀)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ေတာမီးေၾကာင့္ အိမ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ရေသာ သ႐ုပ္ေဆာင္မ်ားထဲတြင္ Golden Globes ပြဲကိုတက္ေရာက္ခဲ့ေသာ အဒမ္ဘ႐ိုဒီ၊ လီတန္ မီစတာတို႔၏အိမ္မ်ား လည္း မီးေလာင္ပ်က္စီးခဲ့ရေၾကာင္း သိရသည္။ အဆိုပါေတာမီးသည္ အေမရိကန္အာမခံလုပ္ငန္းအတြက္ ႀကီးမား ေသာ၊ ေလ်ာ္ေၾကးမ်ား ေပးရဖြယ္ရွိေနၿပီး ေတာမီးေၾကာင့္ အေမရိကန္ေဒၚလာ (၈)ဘီလ်ံအထိ ထိခိုက္ပ်က္စီး ဆုံးရႈံးဖြယ္ရွိေနေၾကာင္း သိရသည္။ ေတာမီးေၾကာင့္ အေမရိကန္အစိုးရအာဏာပိုင္မ်ားသည္ ဇန္နဝါရီ (၁၀)ရက္ အထိ ကယ္လီဖိုးနီးယားျပည္နယ္အတြင္းေနထိုင္သူ (၂)သိန္းေက်ာ္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး အနည္းဆုံး လူေပါင္း(၁၀)ဦး ေသဆုံးထားေၾကာင္း သိရသည္။ ေျခာက္ေသြ႕မႈႏွင့္ေလတိုက္ႏႈန္းမ်ားေၾကာင့္ ေတာမီး ေလာင္ကြၽမ္းမႈသည္ အဆုံးသတ္မည္မဟုတ္ေသးသည့္အတြက္ သတိထားရမည့္အေျခအေနမ်ိဳးတြင္ ရွိေနဆဲျဖစ္ ေၾကာင္း အေမရိကန္မိုးေလဝသပညာရွင္မ်ားက ေျပာသည္။ ေတာမီးေလာင္ကြၽမ္းေနခ်ိန္တြင္ ေလျပင္းတိုက္ခတ္မႈ မ်ား ဆက္တိုက္ျဖစ္လာျခင္းေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈက လ်င္ျမန္စြာကူးစက္ခဲ့ၿပီး အိုးအိမ္အေဆာက္အအုံ ေပါင္း ေထာင္ႏွင့္ခ်ီ မီးေလာင္ကြၽမ္းပ်က္စီးခဲ့ရာ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီထိခိုက္ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
ေတာမီးေလာင္ကြၽမ္းေနခ်ိန္တြင္ေလ တိုက္ႏႈန္းက တစ္နာရီကို (၁၀ဝ) မိုင္ႏႈန္းျဖင့္တိုက္ခိုက္ခဲ့ျခင္းျဖစ္ရာ ေတာမီးကူးစက္မႈ လ်င္ျမန္ခဲ့ၿပီး ေလာ့စ္အိန္ဂ်လိစ္ျပည္နယ္ႏွင့္ကပ္လ်က္ျပည္နယ္မ်ားကို ထပ္မံကူးစက္မည္ကို စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း သိရသည္။ ေတာမီးေၾကာင့္ ေလာ့စ္အိန္ဂ် လိစ္ျပည္နယ္အတြင္း ဧကေပါင္း အနည္းဆုံး (၂၀ဝဝဝ) ေက်ာ္ မီးေလာင္ကြၽမ္းပ်က္စီးခဲ့ရၿပီး အိမ္ႏွင့္ စီးပြားေရးဆိုင္ရာအေဆာက္အအုံ (၁၀ဝဝ) ေက်ာ္ပ်က္စီးခဲ့ရ ေၾကာင္း သိရသည္။
ေတာမီးေလာင္ကြၽမ္းမႈကို ကယ္လီဖိုးနီးယားျပည္နယ္ေျမာက္ပိုင္းရွိ အယ္တာဒီနာၿမိဳ႕က အဆိုး႐ြားဆုံး ခံစားခဲ့ရၿပီး အဆိုပါၿမိဳ႕တြင္ ဧက (၁၀၆၀ဝ) ေက်ာ္မီးေလာင္ပ်က္စီးခဲ့ကာ လမ္းႀကိဳ လမ္းၾကားမ်ားပါမက်န္ မီးေလာင္ခဲ့ျခင္းျဖစ္သည္။ ေလာ့စ္အိန္ဂ်လိစ္ေကာင္တီအႀကီးအကဲျဖစ္သူ ရွီရစ္ေရာဘတ္စ္က မီးကိုအလုံးစုံ ထိန္းခ်ဳပ္ႏိုင္ရန္ ခက္ခဲေနဆဲျဖစ္ၿပီး မီးဆိုး႐ြားစြာေလာင္ကြၽမ္းေနသည့္ေနရာမ်ားအတြင္း ေဘးကင္းလုံၿခဳံမႈမ်ားမရွိ ေသးဘဲ ေသဆုံးဒဏ္ရာရသူအေရအတြက္ ထပ္မံတိုးလာဖြယ္ရွိေနေၾကာင္း ေျပာသည္။ အေမရိကန္ အာဏာပိုင္ မ်ားသည္ ေတာမီးေလာင္ကြၽမ္းမႈႏွင့္ပတ္သက္ၿပီး ေတာမီးေလာင္ကြၽမ္းမႈကိုစတင္ခဲ့သူအျဖစ္ သံသယရွိသူတစ္ဦး လည္း ထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေတာမီးေလာင္ကြၽမ္းခ်ိန္အတြင္း ေဒသခံမ်ားက အိမ္ကိုစြန႔္ခြာခ်ိန္တြင္ အိမ္မ်ားကို ဝင္ေရာက္ လုယက္ရန္ ႀကိဳးပမ္းသူ အနည္းဆုံး (၂၀)ကိုဖမ္းဆီးထားၿပီး ေလာ့စ္အိန္ဂ်လိစ္ ျပည္နယ္အတြင္းရွိ ေနရာအခ်ိဳ႕ကို လည္း ညမထြက္ရအမိန႔္ ထုတ္ျပန္ထားေၾကာင္း အေမရိကန္အာဏာပိုင္မ်ားက ေျပာသည္။ ေတာမီးေလာင္ကြၽမ္းမႈ ျဖစ္စဥ္သည္ ဇန္နဝါရီ (၇)ရက္တြင္ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ေတာမီးမွာ ေသြ႕ေျခာက္ေသာ ေျမျပင္ထက္တြင္ အတားအဆီးမဲ့ ေလာင္ကြၽမ္းေနျခင္းျဖစ္သည္။
ဇန္နဝါရီ (၈)ရက္ ညေနပိုင္း၌ ေဟာလိဝုဒ္ကုန္းျမင့္ထက္တြင္ မီးေလာင္မႈအသစ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း မီးသတ္အႀကီးအကဲ ခရစၥတင္းခ႐ိုး ေလကသတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့ၿပီး လက္ရွိတြင္ ေလာ့စ္အိန္ဂ်လိစ္ေကာင္တီ၌ ေတာမီးေလာင္ကြၽမ္းမႈ အေရအတြက္ ေျခာက္ခုအထိ တိုးလာခဲ့ၿပီျဖစ္ကာ ေဘးလြတ္ ကင္းရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းခိုင္းရမႈမ်ားမွာလည္း ပိုမ်ားလာခဲ့ၿပီျဖစ္သည္။ အေမရိကန္အစိုးရသည္ ေတာမီးကို ထိန္းႏိုင္ရန္အတြက္ မီးသတ္ကားမ်ားအျပင္ ရဟတ္ယာဥ္မ်ားအသုံးျပဳကာႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.