ဂရင်းလန်းကျွန်းတွင် စစ်အင်အားတိုးမြှင့်မည့်အစီအစဉ်မရှိကြောင်း အမေရိကန်အစိုးရ သတင်းထုတ်ပြန်
96
Pika (NP News) - ဇန်နဝါရီ ၁၁
အမေရိကန်နိုင်ငံသည် ဂရင်းလန်းကျွန်းတွင် ၎င်း၏ လက်ရှိစစ်အင်အားကို တိုးမြှင့်ရန် အစီအစဉ်များ မရှိကြောင်း ဒိန်းမတ်နိုင်ငံရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းနယ်မြေကို ပြန်လည်ရယူရန် စိတ်ဝင်စားမှုများကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ လာမည့်ဇန်နဝါရီလ (၂၀)ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်နယ်ထရမ့်က မဟာဗျူဟာမြောက် အရေးပါသော ဂရင်းလန်းကျွန်းကို အမေရိကန်၏ ထိန်းချုပ်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း ယခုသီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သော ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း(၆၀ဝ)ကျော် ကြာမြင့်နေပြီဖြစ်ပြီး နေထိုင်သူလူဦးရေ(၅၇၀ဝဝ)သည် ၎င်းတို့၏ ကိုယ်ပိုင်ဒေသတွင်း အရေးကိစ္စများ၏ အုပ်ချုပ်မှုများကို လုပ်ဆောင်လျက်ရှိကြောင်းလည်းသိရ သည်။
ဒိန်းမတ်ရှိ အမေရိကန်သံရုံးမှပြောရေးဆို ခွင့်ရှိသူတစ်ဦးက ‘ဂရင်းလန်းကျွန်းမှာ အမေရိကန်ရဲ့လက်ရှိစစ် အင်အားကို တိုးမြှင့်ဖို့ အစီအစဉ်တွေမရှိပါဘူး။ ကျွန်တော်တို့ဟာ ဘယ်လိုအဆိုပြုချက်ကိုမဆို ဘုံလုံခြုံရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာ သေချာစေဖို့အတွက် ဒိန်းမတ်အစိုးရ၊ ဂရင်းလန်း အာဏာပိုင်တွေနဲ့ အနီးကပ်လက်တွဲ လုပ်ဆောင်သွား မှာပါ’ဟုပြောဆိုခဲ့သည်။ ဥရောပတိုက်မှ မြောက်အမေရိကသို့သွားသော အတိုဆုံးလမ်းကြောင်းသည် ဂရင်းလန်းကျွန်းကို ဖြတ်၍သွားသောကြောင့် အဆိုပါကျွန်းသည် အမေရိကန်စစ်တပ် နှင့် ၎င်း၏ပဲ့ထိန်းဒုံးကျည် ကြိုတင်သတိပေးစနစ်အတွက် အရေးကြီးသော ကျွန်းတစ်ကျွန်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် အမေရိကန်စစ်တပ်သည် ဂရင်းလန်းကျွန်း အနောက်မြောက်ဘက်ရှိ Pituffik လေတပ် အခြေစိုက် စခန်းတွင် ၎င်းတို့၏အမြဲတမ်း တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ နယ်နိမိတ်အတွင်းတွင် ကျယ်ပြန့်စွာကိုယ်ပိုင်အုပ်ချုပ်မှုလုပ်ဆောင်နေသည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ သို့သော်လည်း ဂရင်းလန်းကျွန်း၏ လုံခြုံရေးနှင့် နိုင်ငံခြားရေးကိစ္စများကို ဒိန်းမတ်အစိုးရက ကိုင်တွယ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version;
ဂရင္းလန္းကြၽန္းတြင္ စစ္အင္အားတိုးျမႇင့္မည့္အစီအစဥ္မရွိေၾကာင္း အေမရိကန္အစိုးရ သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၁
အေမရိကန္ႏိုင္ငံသည္ ဂရင္းလန္းကြၽန္းတြင္ ၎၏ လက္ရွိစစ္အင္အားကို တိုးျမႇင့္ရန္ အစီအစဥ္မ်ား မရွိေၾကာင္း ဒိန္းမတ္ႏိုင္ငံရွိ အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့သည္။ အေမရိကန္ေ႐ြးေကာက္ခံ သမၼတ ေဒၚနယ္ထရမ့္က ဂရင္းလန္းနယ္ေျမကို ျပန္လည္ရယူရန္ စိတ္ဝင္စားမႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ လာမည့္ဇန္နဝါရီလ (၂၀)ရက္တြင္ က်မ္းသစၥာက်ိန္ဆိုမည့္ ေဒၚနယ္ထရမ့္က မဟာဗ်ဴဟာေျမာက္ အေရးပါေသာ ဂရင္းလန္းကြၽန္းကို အေမရိကန္၏ ထိန္းခ်ဳပ္မႈသည္ မရွိမျဖစ္လိုအပ္ေၾကာင္း ယခုသီတင္းပတ္အတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ကမာၻ႔အႀကီးဆုံးကြၽန္းတစ္ကြၽန္းျဖစ္ေသာ ဂရင္းလန္းကြၽန္းသည္ ဒိန္းမတ္ႏိုင္ငံ၏ အစိတ္အပိုင္းတစ္ခု ျဖစ္ေနခဲ့သည္မွာ ႏွစ္ေပါင္း(၆၀ဝ)ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ေနထိုင္သူလူဦးေရ(၅၇၀ဝဝ)သည္ ၎တို႔၏ ကိုယ္ပိုင္ေဒသတြင္း အေရးကိစၥမ်ား၏ အုပ္ခ်ဳပ္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္းသိရ သည္။
ဒိန္းမတ္ရွိ အေမရိကန္သံ႐ုံးမွေျပာေရးဆို ခြင့္ရွိသူတစ္ဦးက ‘ဂရင္းလန္းကြၽန္းမွာ အေမရိကန္ရဲ႕လက္ရွိစစ္ အင္အားကို တိုးျမႇင့္ဖို႔ အစီအစဥ္ေတြမရွိပါဘူး။ ကြၽန္ေတာ္တို႔ဟာ ဘယ္လိုအဆိုျပဳခ်က္ကိုမဆို ဘုံလုံၿခဳံေရး လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီတယ္ဆိုတာ ေသခ်ာေစဖို႔အတြက္ ဒိန္းမတ္အစိုးရ၊ ဂရင္းလန္း အာဏာပိုင္ေတြနဲ႔ အနီးကပ္လက္တြဲ လုပ္ေဆာင္သြား မွာပါ’ဟုေျပာဆိုခဲ့သည္။ ဥေရာပတိုက္မွ ေျမာက္အေမရိကသို႔သြားေသာ အတိုဆုံးလမ္းေၾကာင္းသည္ ဂရင္းလန္းကြၽန္းကို ျဖတ္၍သြားေသာေၾကာင့္ အဆိုပါကြၽန္းသည္ အေမရိကန္စစ္တပ္ ႏွင့္ ၎၏ပဲ့ထိန္းဒုံးက်ည္ ႀကိဳတင္သတိေပးစနစ္အတြက္ အေရးႀကီးေသာ ကြၽန္းတစ္ကြၽန္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အေမရိကန္စစ္တပ္သည္ ဂရင္းလန္းကြၽန္း အေနာက္ေျမာက္ဘက္ရွိ Pituffik ေလတပ္ အေျခစိုက္ စခန္းတြင္ ၎တို႔၏အၿမဲတမ္း တည္ရွိမႈကို ဆက္လက္ထိန္းသိမ္းထားေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဂရင္းလန္းကြၽန္းသည္ ဒိန္းမတ္ႏိုင္ငံ နယ္နိမိတ္အတြင္းတြင္ က်ယ္ျပန႔္စြာကိုယ္ပိုင္အုပ္ခ်ဳပ္မႈလုပ္ေဆာင္ေနသည့္ ကြၽန္းတစ္ကြၽန္းလည္းျဖစ္သည္။ သို႔ေသာ္လည္း ဂရင္းလန္းကြၽန္း၏ လုံၿခဳံေရးႏွင့္ ႏိုင္ငံျခားေရးကိစၥမ်ားကို ဒိန္းမတ္အစိုးရက ကိုင္တြယ္ေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။