ဗြိတိန်ဝန်ကြီးချုပ်က မကြာခင်အချိန်အတွင်း ယူကရိန်းကို သွားရောက်လည်ပတ်မယ်
155
Pika (NP News) - ဇန်နဝါရီ ၁၁
နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဖြစ်နိုင်ခြေကို ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာဟာ မကြာမီ အချိန်အတွင်း ယူကရိန်းကို လာရောက်လည်ပတ်လိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဇီလန်စကီးက “ဒီအစီအစဉ်ကို ပြင်သစ်သမ္မတမက်ခရွန်က စတင်ခဲ့တာပါ။ ဗြိတိန်က ဒါကို အပြုသဘော ဆောင်တဲ့ရှုထောင့်ကနေကြည့်ပြီး လာမယ့်အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ်နဲ့အသေးစိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ မကြာခင်အချိန်အတွင်း ဒီအစည်းအဝေးကို ကျင်းပသွားမှာပါ။ ကီရာစတာမာက ယူကရိန်း ကို လာရောက်လည်ပတ်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ကီရာစတာမာဟာ ယူကရိန်းကို ဘယ်အချိန်လာရောက်လည်ပတ်မလဲဆိုတာကိုတော့ ဇီလန်စကီး က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဇီလန်စကီးရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ်ရုံးက ချက်ချင်းမှတ်ချက်ပြု တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ကီရာစတာမာဟာ လာမယ့် သီတင်းပတ်အတွင်း ယူကရိန်းကိုလာရောက်လည်ပတ်လိမ့်မယ်လို့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
ကီရာစတာမာဟာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သီတင်းပတ်(၂)ပတ်အကြာ ဇူလိုင်လမှာ ဇီလန်စကီးကို လန်ဒန်မြို့မှာ ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ၿဗိတိန္ဝန္ႀကီးခ်ဳပ္က မၾကာခင္အခ်ိန္အတြင္း ယူကရိန္းကို သြားေရာက္လည္ပတ္မယ္
Pika (NP News) - ဇန္နဝါရီ ၁၁
ႏိုင္ငံတကာၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ဖြဲ႕ျဖစ္ႏိုင္ေျခကို ေဆြးေႏြးဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာဟာ မၾကာမီ အခ်ိန္အတြင္း ယူကရိန္းကို လာေရာက္လည္ပတ္လိမ့္မယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေၾကညာ ခဲ့ပါတယ္။ ဇီလန္စကီးက “ဒီအစီအစဥ္ကို ျပင္သစ္သမၼတမက္ခ႐ြန္က စတင္ခဲ့တာပါ။ ၿဗိတိန္က ဒါကို အျပဳသေဘာ ေဆာင္တဲ့ရႈေထာင့္ကေနၾကည့္ၿပီး လာမယ့္အစည္းအေဝးမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္နဲ႔အေသးစိတ္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမွာပါ။ မၾကာခင္အခ်ိန္အတြင္း ဒီအစည္းအေဝးကို က်င္းပသြားမွာပါ။ ကီရာစတာမာက ယူကရိန္း ကို လာေရာက္လည္ပတ္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ကီရာစတာမာဟာ ယူကရိန္းကို ဘယ္အခ်ိန္လာေရာက္လည္ပတ္မလဲဆိုတာကိုေတာ့ ဇီလန္စကီး က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ၿဗိတိန္ ဝန္ႀကီးခ်ဳပ္႐ုံးက ခ်က္ခ်င္းမွတ္ခ်က္ျပဳ တုံ႔ျပန္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ကီရာစတာမာဟာ လာမယ့္ သီတင္းပတ္အတြင္း ယူကရိန္းကိုလာေရာက္လည္ပတ္လိမ့္မယ္လို႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။
ကီရာစတာမာဟာ ဝန္ႀကီးခ်ဳပ္ျဖစ္လာၿပီးေနာက္ သီတင္းပတ္(၂)ပတ္အၾကာ ဇူလိုင္လမွာ ဇီလန္စကီးကို လန္ဒန္ၿမိဳ႕မွာ ႀကိဳဆိုခဲ့တယ္လို႔လည္း သိရပါတယ္။