ရန်ကုန်တွင် ဆိုလာ၊ အင်ဗာတာနှင့် မီးစက်အရောင်းပြပွဲကို စိတ်ဝင်စားသူများပြား

 674

NP News - ဇန်နဝါရီ ၁၁

ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ရှိ (ရန်ကုန်ကွန်ဗင်းရှင်းစင်တာတာ)တွင် ပြုလုပ်သော ဆိုလာ၊ အင်ဗာတာနှင့် မီးစက်အရောင်းပြပွဲကို လာရောက်လေ့လာသူများပြားနေ‌ကြောင်း ပွဲစီစဥ်သူများထံမှ သိရသည်။
“အစ်မတို့အိမ်က တိုက်ခန်းဆိုပေမယ့် ဆိုလာတပ်လို့အဆင်ပြေ/မပြေ သိချင်တာရယ်။ အခုလို မီးပျက်နေတော့ အိမ်မှာ မီးလင်းဖိုတောင် အခက်အခဲဖြစ်လာနေတယ်။ ဒါကြောင့် ဆိုလာပြပွဲကို လာလေ့လာတာပါ” ဟု တောင်ဥက္ကလာပမြို့ခံ အိမ်ရှင်မတစ်ဦးကပြောသည်။
အဆိုပါ ဆိုလာနှင့် အင်ဗာတာ၊ မီးစက်ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီများ အများဆုံးလာရောက် ပြသရောင်းချပြီး ပြခန်းပေါင်းတစ်ရာကျော် လာရောက်ပြသ ရောင်းချနေကြောင်း သိရသည်။
“တရုတ်နဲ့ အန္ဒိယနိုင်ငံက ဆိုလာ၊ အင်ဗာတာ နှင့် မီးစက်များ အများအပြား ပြသရောင်းပေးနေတာ။ ရန်ကုန်မြို့ခံ လူထုအကြားမှာ တော်တော်လေးလဲ စိတ်ဝင်စားသူများပါတယ်။ ကန်ရိပ်သာလမ်းတစ် လျှောက်လုံး ကားတွေပိတ် ပြီး ကားပါကင်တောင် မရပါဘူး” ဟု ဆိုလာအရောင်းကုမ္ပဏီတစ်ခုမှ ကိုဇေယျက ပြောသည်။
ဆိုလာအရောင်းပြပွဲကို ဇန်န၀ါရီလ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တြင္ ဆိုလာ၊ အင္ဗာတာႏွင့္ မီးစက္အေရာင္းျပပြဲကို စိတ္ဝင္စားသူမ်ားျပား
NP News - ဇန္နဝါရီ ၁၁

ရန္ကုန္ၿမိဳ႕ အင္းယားလိတ္ဟိုတယ္ရွိ (ရန္ကုန္ကြန္ဗင္းရွင္းစင္တာတာ)တြင္ ျပဳလုပ္ေသာ ဆိုလာ၊ အင္ဗာတာႏွင့္ မီးစက္အေရာင္းျပပြဲကို လာေရာက္ေလ့လာသူမ်ားျပားေန‌ေၾကာင္း ပြဲစီစဥ္သူမ်ားထံမွ သိရသည္။
“အစ္မတို႔အိမ္က တိုက္ခန္းဆိုေပမယ့္ ဆိုလာတပ္လို႔အဆင္ေျပ/မေျပ သိခ်င္တာရယ္။ အခုလို မီးပ်က္ေနေတာ့ အိမ္မွာ မီးလင္းဖိုေတာင္ အခက္အခဲျဖစ္လာေနတယ္။ ဒါေၾကာင့္ ဆိုလာျပပြဲကို လာေလ့လာတာပါ” ဟု ေတာင္ဥကၠလာပၿမိဳ႕ခံ အိမ္ရွင္မတစ္ဦးကေျပာသည္။
အဆိုပါ ဆိုလာႏွင့္ အင္ဗာတာ၊ မီးစက္ျပပြဲတြင္ ႏိုင္ငံတကာမွ ကုမၸဏီမ်ား အမ်ားဆုံးလာေရာက္ ျပသေရာင္းခ်ၿပီး ျပခန္းေပါင္းတစ္ရာေက်ာ္ လာေရာက္ျပသ ေရာင္းခ်ေနေၾကာင္း သိရသည္။
“တ႐ုတ္နဲ႔ အႏၵိယႏိုင္ငံက ဆိုလာ၊ အင္ဗာတာ ႏွင့္ မီးစက္မ်ား အမ်ားအျပား ျပသေရာင္းေပးေနတာ။ ရန္ကုန္ၿမိဳ႕ခံ လူထုအၾကားမွာ ေတာ္ေတာ္ေလးလဲ စိတ္ဝင္စားသူမ်ားပါတယ္။ ကန္ရိပ္သာလမ္းတစ္ ေလွ်ာက္လုံး ကားေတြပိတ္ ၿပီး ကားပါကင္ေတာင္ မရပါဘူး” ဟု ဆိုလာအေရာင္းကုမၸဏီတစ္ခုမွ ကိုေဇယ်က ေျပာသည္။
ဆိုလာအေရာင္းျပပြဲကို ဇန္န၀ါရီလ ၁၀ ရက္၊ ၁၁ ရက္ ႏွင့္ ၁၂ ရက္အထိ သုံးရက္ၾကာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Aung

11/01/2025 21:41

ခေတ်ပျက် မီးပျက် စိတ်တွေပျက်ကြတာ 😤

Related news

© 2021. All rights reserved.