သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဘဏ်ဓားပြတိုက်သူကို ဘဏ်လုံခြုံရေးဝန်ထမ်း နှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု မန္တလေးတွင် ဖြစ်ပွား
1912
NP News - ဇန်နဝါရီ ၁၁
သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဘဏ်ဓားပြတိုက်သူကို ဘဏ်လုံခြုံရေးဝန်ထမ်း နှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု မန္တလေးမြို့တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် (ဗောဓိကုန်းဘဏ်ခွဲ) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်ချိန်တွင် အမျိုးသားတစ်ဦးက လက်လုပ် သေနတ်တစ်လက်ကို ကိုင်ဆောင်ခြိမ်းခြောက်ပြီး လုယက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ချိန်တွင် လုယက်သူက ပြန်လည်ပစ်ခတ်သဖြင့် ဘဏ်မန်နေဂျာတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။
“ပိုက်ဆံ ထည့်နေတဲ့အချိန် ဘဏ်လုံခြုံရေးဝန်ထမ်းနဲ့ ဘဏ်ကိုလာတဲ့ ပြည်သူတွေ ဝိုင်းဖမ်းလိုက်တာပေါ့နော်။ တစ်ယောက်တည်း မိတာပါပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ဖြစ်စဉ်တွင် ကျူးလွန်သူနှင့်ပတ်သက်၍ အသေးစိတ် သိရခြင်းမရှိသေးပဲ အခင်းဖြစ်ချိန်တွင် ဖမ်းမိသူ တစ်ဦးသာရှိသည်ဟုလည်း ကနဦး သိရကြောင်း ၎င်းက ဆိုသည်။
“သေနတ် အတိုပါတာတော့ သိတယ်။ တခြားသူတွေ ပါလား၊ မပါလားတော့ ကျွန်တော်လည်း မသိဘူး” ဟု ၎င်းက ဆိုသည်။
Zawgyi Version;
ေသနတ္ျဖင့္ ၿခိမ္းေျခာက္ၿပီး ဘဏ္ဓားျပတိုက္သူကို ဘဏ္လုံၿခဳံေရးဝန္ထမ္း ႏွင့္ ျပည္သူမ်ားက ဝိုင္းဝန္း ဖမ္းဆီးရမိသည့္ျဖစ္စဥ္တစ္ခု မႏၲေလးတြင္ ျဖစ္ပြား
NP News - ဇန္နဝါရီ ၁၁
ေသနတ္ျဖင့္ ၿခိမ္းေျခာက္ၿပီး ဘဏ္ဓားျပတိုက္သူကို ဘဏ္လုံၿခဳံေရးဝန္ထမ္း ႏွင့္ ျပည္သူမ်ားက ဝိုင္းဝန္း ဖမ္းဆီးရမိသည့္ျဖစ္စဥ္တစ္ခု မႏၲေလးၿမိဳ႕တြင္ ယေန႔ (ဇန္နဝါရီလ ၁၁ ရက္) ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံ ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ကြက္ရွိ ကေမာၻဇဘဏ္ (ေဗာဓိကုန္းဘဏ္ခြဲ) တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ အခင္းျဖစ္ခ်ိန္တြင္ အမ်ိဳးသားတစ္ဦးက လက္လုပ္ ေသနတ္တစ္လက္ကို ကိုင္ေဆာင္ၿခိမ္းေျခာက္ၿပီး လုယက္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္သည္။
အခင္းျဖစ္ခ်ိန္တြင္ လုယက္သူက ျပန္လည္ပစ္ခတ္သျဖင့္ ဘဏ္မန္ေနဂ်ာတြင္ က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။
“ပိုက္ဆံ ထည့္ေနတဲ့အခ်ိန္ ဘဏ္လုံၿခဳံေရးဝန္ထမ္းနဲ႔ ဘဏ္ကိုလာတဲ့ ျပည္သူေတြ ဝိုင္းဖမ္းလိုက္တာေပါ့ေနာ္။ တစ္ေယာက္တည္း မိတာပါပဲ” ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ျဖစ္စဥ္တြင္ က်ဴးလြန္သူႏွင့္ပတ္သက္၍ အေသးစိတ္ သိရျခင္းမရွိေသးပဲ အခင္းျဖစ္ခ်ိန္တြင္ ဖမ္းမိသူ တစ္ဦးသာရွိသည္ဟုလည္း ကနဦး သိရေၾကာင္း ၎က ဆိုသည္။
“ေသနတ္ အတိုပါတာေတာ့ သိတယ္။ တျခားသူေတြ ပါလား၊ မပါလားေတာ့ ကြၽန္ေတာ္လည္း မသိဘူး” ဟု ၎က ဆိုသည္။