လေတိုက်နှုန်းမြင့်တက်လာချိန်မှာ တောမီးငြိမ်းသတ်နိုင်ဖို့ လော့အိန်ဂျယ်လိစ့်မီးသတ်သမားတွေ ရုန်းကန်ရဖွယ်ရှိနေ

 419

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၁

အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးနှစ်ခုကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေ ရုန်းကန်နေရကြောင်း သိရပါတယ်။ တောမီးလောင်ကျွမ်းနေချိန်မှာ လေတိုက်နှုန်း တည်ငြိမ်နေမယ် မီးသတ်သမားတွေ မီးသတ်မယ့် လုပ်ငန်းတွေကို အကောင်းဆုံး လုပ်ကိုင်နိုင်ဖွယ်ရှိ နေပါတယ်။ တောမီးဟာ ဒီဇင်ဘာလ ၆ ရက် နောက်ပိုင်းကတည်းက လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောက်အဦး အပေါင်း တစ်သောင်းကျော် မီးလောင်ပျက်စီးခဲ့သလို အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
တောမီးကြာင့် လူပေါင်းထောင်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်တွေလည်း တောမီးကြောင့် အိမ်များ ဆုံးရှုံးခဲ့ရပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှံးမှုဟာ ပိုမိုမြင့်တက်လာဖွယ်ရှိနေပါ တယ်။ လေတိုက်နှုန်းဟာ လက်ရှိအချိန်မှာ နှေးခဲ့ပြီး တစ်နာရီလေတိုက်နှုန်း ၁၃၀ ကီလိုမီတာကနေ တဖြည်းဖြည်း လျော့နည်းလာပြီး လက်ရှိအချိန်မှာ တစ်နာရီလေတိုက်နှုန်း ၃၂ ကီလိုမီတာအတွင်းသာရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
တောမီးကို ထိန်းချုပ်နိုင်အောင် မီးသတ်သမား ရာချီအသုံးပြုပြီး မြေပြင်နဲ့ ဝေဟင်တွေကနေ မီးငြိမ်းသတ်နိုင် အောင် ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လောအိန်ဂျယ်လိစ့်မြို့တော်ဝန်က မီးငြိမ်းသတ်နိုင်အောင် အရာရာတိုင်းလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
တောမီးကြောင့် လော့အိန်ဂျယ်လိစ့်မြို့မှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော် ထိခိုက်ဆုံးရှုံးဖွယ်ရှိနေပြီး အာမခံလုပ်ငန်းကုမ္ပဏီတွေကို စိုးရိမ်မှုမြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်က စတင်ပြီး လေတိုက်နှုန်း ပိုမိုမြင့်တက်လာဖွယ်ရှိနေရာ မီးသတ်သမားတွေဟာ မီးကို လက်ရှိအချိန်မှာ ထိန်းချုပ်နိုင်အောင် ကြိုးပမ်းဖွယ်ရှိနေပါတယ်။

Zawgyi Version;


Related news

© 2021. All rights reserved.