အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မီးဘေးသင့်ဒုက္ခသည်တွေအတွက် အဝတ်အထည်အကူအညီမှာ ဟောလိဝုဒ် အနုပညာရှင်များ ပါဝင်ကူညီ
385
ရောင်နီ (NP News) - ဇန်နဝါရီ ၁၂
ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ့်မှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် မြို့အစိတ်အပိုင်းများစွာ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် လိုအပ်နေသူတွေကို ကူညီဖို့အတွက် အဝတ်အစားနဲ့ အခြားပစ္စည်း Influencer တွေကနေ အလှူခံတာတွေလည်း တွေ့ရှိလာရပါတယ်။
အဲဒီအနုပညာရှင်တွေထဲမှာ "Basic Instinct" မင်းသမီး ရှာရွန်စတုန်းနဲ့ "Catwoman" မင်းသမီး ဟေလီဘယ်ရီ လည်း ပါဝင်ခဲ့ပြီး အင်္ကျီ၊ ဖိနပ်၊ အဝတ်အစား၊ လက်ကိုင်အိတ်၊ ခါးပတ်၊ ညဝတ်အင်္ကျီနဲ့ အခြားလိုအပ် တာတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဘယ်ရီက သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ “ကျွန်မရဲ့ဗီရိုတစ်ခုလုံးကို ရှင်းလင်းထုပ်ပိုးပြီးပါပြီ။ သင်ဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ နေထိုင်ရင် ဒီလိုပဲလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက ကျွန်မတို့ အခုပဲလုပ်နိုင်တဲ့အရာပါ" လို့ ပြောခဲ့ပါတယ်။
စတုန်းကတော့ မီးဘေးအတွက် ထည့်ဝင်ကြတဲ့အလှူငွေတွေကို လူသိရှင်ကြားဖော်ပြခဲ့သလို သူမရဲ့အဝတ်အစား၊ အိပ်ယာနဲ့ အခြားအရာတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ဝ ရက်ထိ လောင်ကျွမ်းဆဲဖြစ်တဲ့ လော့အိန်ဂျလိစ့် မီးလောင်ကျွမ်းမှုမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး နာမည်ကျော်တွေရဲ့ နေအိမ်များစွာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံ ေလာ့အိန္ဂ်လိစ္မီးေဘးသင့္ဒုကၡသည္ေတြအတြက္ အဝတ္အထည္အကူအညီမွာ ေဟာလိဝုဒ္ အႏုပညာရွင္မ်ား ပါဝင္ကူညီ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၂
ယခုသီတင္းပတ္အတြင္း အေမရိကန္ႏိုင္ငံ၊ ေလာ့အိန္ဂ်လိစ့္မွာ ေတာမီးအႀကီးအက်ယ္ ေလာင္ကြၽမ္းမႈေၾကာင့္ ၿမိဳ႕အစိတ္အပိုင္းမ်ားစြာ ပ်က္စီးခဲ့ပါတယ္။ ဒါေၾကာင့္ လိုအပ္ေနသူေတြကို ကူညီဖို႔အတြက္ အဝတ္အစားနဲ႔ အျခားပစၥည္း Influencer ေတြကေန အလႉခံတာေတြလည္း ေတြ႕ရွိလာရပါတယ္။
အဲဒီအႏုပညာရွင္ေတြထဲမွာ "Basic Instinct" မင္းသမီး ရွာ႐ြန္စတုန္းနဲ႔ "Catwoman" မင္းသမီး ေဟလီဘယ္ရီ လည္း ပါဝင္ခဲ့ၿပီး အက်ႌ၊ ဖိနပ္၊ အဝတ္အစား၊ လက္ကိုင္အိတ္၊ ခါးပတ္၊ ညဝတ္အက်ႌနဲ႔ အျခားလိုအပ္ တာေတြ လႉဒါန္းေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကို ဘယ္ရီက သူ႔ရဲ႕ အင္စတာဂရမ္ အေကာင့္မွာ “ကြၽန္မရဲ႕ဗီ႐ိုတစ္ခုလုံးကို ရွင္းလင္းထုပ္ပိုးၿပီးပါၿပီ။ သင္ဟာ ကယ္လီဖိုးနီးယားေတာင္ပိုင္းမွာ ေနထိုင္ရင္ ဒီလိုပဲလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါက ကြၽန္မတို႔ အခုပဲလုပ္ႏိုင္တဲ့အရာပါ" လို႔ ေျပာခဲ့ပါတယ္။
စတုန္းကေတာ့ မီးေဘးအတြက္ ထည့္ဝင္ၾကတဲ့အလႉေငြေတြကို လူသိရွင္ၾကားေဖာ္ျပခဲ့သလို သူမရဲ႕အဝတ္အစား၊ အိပ္ယာနဲ႔ အျခားအရာေတြကိုလည္း လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၁ဝ ရက္ထိ ေလာင္ကြၽမ္းဆဲျဖစ္တဲ့ ေလာ့အိန္ဂ်လိစ့္ မီးေလာင္ကြၽမ္းမႈမွာ လူ ၁၀ ဦးထက္မနည္း ေသဆုံးၿပီး နာမည္ေက်ာ္ေတြရဲ႕ ေနအိမ္မ်ားစြာ ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။