အီလွန်မတ်စ်က ဗြိတိန်ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်စေရန် ကြံစည်ကြိုးပမ်းနေ
145
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး တစ်ဦးဖြစ်သော အီလွန်မတ်စ်သည် ဗြိတိန်ဝန်ကြီးချုပ် စတာမာကို ရာထူး မှ ဖြုတ်ချနိုင်မည့်ကမ်းပိန်းတစ်ခုကို လုပ်ဆောင်ရန်ကြိုးပမ်းနေကြောင်း Financial Times သတင်းဌာနက ဖော်ပြ ထားသည်။
အီလွန်မတ်စ်သည် လက်ရှိအချိန်တွင် စတာမာကို ရာထူးမှနုတ်ထွက်စေမည့် ကမ်းပိန်းတစ်ခု စတင်နိုင်ရန် ဗြိတိန် နိုင်ငံအတွင်းရှိ မဟာမိတ်အဖွဲ့များနှင့်လည်း သီးသန့်ဆွေးနွေးနေကြောင်း သိရသည်။
အီလွန်မတ်စ်သည် အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို အနိုင်ရစေရန် ကူညီပေးခဲ့ပြီး နောက် ဗြိတိန်အပါအဝင်အခြားနိုင်ငံများ၏ နိုင်ငံရေးကို ကြားဝင်စွက်ဖက်ဝေဖန်ခြင်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။ ဘီလျံနာအီလွန်မတ်စ်က ဝန်ကြီးချုပ်စတာမာ ဦးဆောင်သော ဗြိတိန်အစိုးရအဖွဲ့သည် အာဏာရှင် ဖြစ်ပြီး အမေရိကန်အစိုးရသည် ဗြိတိန်ပြည်သူများ လွတ်မြောက်စေရန် ကြိုးပမ်းပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူး သည်။ အီလွန်မတ်စ်၏ အဆိုပါပြောဆိုချက်များသည် စတာမာကို နောက်ထပ်ရွေးကောက်ပွဲမတိုင်ခင် ရာထူးမှ နုတ်ထွက်စေရန် ကြိုးပမ်းမည့် အရိပ်အယောင်များဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
စတာမာ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင် ဗြိတိန်နိုင်ငံတွင် လူထုဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်များ ရာထူးမှနုတ်ထွက်ခဲ့ရဖူးကြောင်းသိရသည်။ အီလွန်မတ်စ်သည် ဗြိတိန်ဝန်ကြီးချုပ်အပြင် ဗြိတိန်အစိုးရတာဝန်ရှိ သူများကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း သိရသည်။
အီလွန်မတ်စ်က ‘ဗြိတိန်ဝန်ကြီးချုပ် စတာမာဟာ ကောင်းမွန်တဲ့သူမဟုတ်ဘူး’ ဟု ပြီးခဲ့သော သီတင်းပတ် အတွင်း လူသိရှင်ကြားဝေဖန်ခဲ့ဖူးသည်။ အီလွန်မတ်စ်က ဗြိတိန်ဝန်ကြီးချုပ်စတာမာသည် အင်္ဂလန်နှင့် ဝေးလ်တွင် ပြည်သူများ ဖိနှပ်ခံရမှုအတွက် အဓိကစီစဉ်ညွှန်ကြားခဲ့သူဖြစ်ကြောင်းပြောသည်။
အီလွန်မတ်စ်သည် လက်ယာစွန်းပါတီများ ပြုပြင်ပြောင်းလဲမှု ပိုမိုကောင်းမွန်စေရန်အတွက် လောဘာ ပါတီအပေါ် အားပေးထောက်ခံမှုများ ကျဆင်းစေရန် လုပ်ဆောင်နေကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။ ဗြိတိန်အစိုးရက အီလွန်မတ်စ်သည် ဗြိတိန်နှင့်ပတ်သက်ပြီး မမှန်သတင်းများ ပျံ့နှံ့စေရန် လုပ်ဆောင်နေကြောင်း ပြောသည်။ အီလွန်မတ်က လက်ရှိဗြိတိန် လွှတ်တော် အကြီးအကဲ နီဂယ်ဖာရာဂီသည် အကြီးအကဲအဖြစ် တာဝန်ယူရန် မထိုက်တန်သူဖြစ်ပြီး ၎င်းနေရာတွင် ဗြိတိန်လွှတ်တော်အမတ် ရူပတ်လိုဝီ တာဝန်ယူသင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ဗြိတိန်လွှတ်တော်အကြီးအကဲက ၎င်းအနေဖြင့် အီလွန်မတ်စ်နှင့် စကားလုံးစစ်ပွဲပြုလုပ်ရန် ဆန္ဒမရှိ ကြောင်း တုံ့ပြန်ထားဖူးသည်။
Zawgyi Version;