နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ (၉)ဦးကို ဖမ်းဆီးရမိ

1158

စော (NP News) - ဇန်နဝါရီ ၁၂
နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမား မှတ်ပုံတင်ကတ်အတု နှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၆)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာအတု များအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်အတုများ ရောင်းချသူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ သစ်အမှတ် (၄)ရပ်ကွက်နေ မမေသူခိုင် (၃၄)နှစ်ကို ဇန်နဝါရီ (၈)ရက်၊ နံနက် (၁၁)နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်တွင် နိုင်ငံသားစိစစ်ရေးကတ်အတုသုံးခုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေ ရဲစခန်း (ပ) ၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုရေးဖွင့်ထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင် ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မေသူခိုင်ထံသို့ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပို့ဆောင်ပေးသူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အမှတ် (၁၉)ရပ်ကွက်နေ ဖြူသွယ်ထွေး(၂၂)နှစ်ကို ယင်းနေ့ ညပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
၎င်း၏ ထွက်ဆိုချက်အရ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုများကို ပွဲစားလုပ်ကိုင်သူ ဖမ်းဆီးရန် ကျန် တက်ပု ထံသို့ ဖုန်းဖြင့်ချိတ်ဆက်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီ (၉)ရက်၊ မွန်းလွဲပိုင်းတွင် တက်ပုမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်အတု လာရောက်ပို့ဆောင်သူ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဟန်မြင့်ဇော်(ခ) ပြောင်လေး (၄၄)နှစ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်း၌ နိုင်ငံသားစိစစ်ရေးကတ် အတုတစ်ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟန်မြင့်ဇော်(ခ)ပြောင်လေးကို စစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်အတုများကို ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန် တက်ပု၏ ချိတ်ဆက်ပေးမှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၆)ရပ်ကွက်နေ ဇင်လင်း(ခ)လင်းလင်း(၄၀)နှစ်မှ ပြုလုပ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ရှာဖွေခဲ့ရာ ဇင်လင်း(ခ)လင်းလင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အလွတ် အခု (၁၀၀)၊ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်ရာတွင် အသုံးပြုသည့် Deliတံဆိပ်ပါ Automatic Numbering Machineတစ်ခု၊ အမည်နှင့် ဓာတ်ပုံပါ နိုင်ငံသားစိစစ်ရေးကတ်အတု (၈)ခု၊ အသားတံဆိပ်တုံးရိုက်နှိပ်သည့် တံဆိပ်တုန်းတစ်ခု၊ လေဆာတံဆိပ်တုံးမျိုးစုံ (၁၄)ခု၊ အလုပ်သမားမှတ်ပုံတင်ကတ် (အလွတ်)အခု (၂၅၀၀)၊ Hourse တံဆိပ်ပါ မှင်ခံဘူးနှစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇင်လင်း(ခ)လင်းလင်းအား စစ်ဆေးချက်အရ ဇန်နဝါရီ ၉ရက်၊ ညနေပိုင်းတွင် ၎င်းနှင့် ဆက်သွယ်၍ နိုင်ငံသား စိစစ်ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်ကတ်နှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများအား တစ်ဆင့် ရောင်းချပေးသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ မြင့်မြတ်ကြည်(ခ)ဝတုန်(၄၀)နှစ်၊ တစ်ရပ်ကွက်တည်းနေ စန္ဒာဦး (၄၄)နှစ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ စိုးမင်းဦး(ခ)ကတုံး(၃၂)နှစ်တို့ သုံးဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရပ်ကွက်/ရဲစခန်းထောက်ခံစာ ပုံစံအတု (အလွတ်)များအား မိတ္တူကူးယူရောင်းချသူ စန်းမော်လွင် (၂၉)နှစ် ကို ရဲစခန်းထောက်ခံစာမျိုးစုံအတု(အလွတ်)အရွက် (၂၅၀၀)၊ ရပ်ကွက်ထောက်ခံစာမျိုးစုံ (အလွတ်) အရွက် (၈၀)၊ Acer အမျိုးအစား ကွန်ပျူတာတစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Printerနှစ်လုံး၊ Scanner တစ်လုံးတို့နှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ မိုးသောက်ပန်းမိတ္တူဆိုင်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမှုမှ ဖမ်းဆီးရမိ စိုးမင်းဦး(ခ)ကတုံး၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အတုများ တစ်ဆင့်ပြန်လည်ရောင်းချရန် စေခိုင်းသူ ဖမ်းဆီးရန်ကျန် ပြေသိန်းထိုက် နေထိုင်သည့် ထန်းတပင်မြို့နယ်၊ ရိုးလေး ကျေးရွာရှိ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ ပြေသိန်းထိုက်ကို တွေ့ရှိခဲ့ခြင်းမရှိဘဲ ၎င်း၏ အစ်မဖြစ်သူ မိုးမိုး(၄၈)နှစ် ကို နိုင်ငံသားစိစစ်ရေးကတ်အတုပြုလပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံးမျိုးစုံ အခု (၂၅၀)၊ အသားတံဆိပ် ရိုက်နှိက်သည့် တံဆိပ်တုံးတစ်ခုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဇင်လင်း(ခ)လင်းလင်းအပါအဝင် ကိုးဦးတို့၏ ထွက်ဆိုချက်များအရ နိုင်ငံသား စိစစ်ရေးကတ် အတု၊ အလုပ်သမား မှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား ဇင်လင်း(ခ)လင်းလင်း၊ ထန်းတပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန် ကုလားကြီး(ခ)ဂျင်မီသောင်းနှင့် ပြေသိန်းထိုက်တို့မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန် တက်ပုနှင့်ချိတ်ဆက်၍ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အလုပ်သမား မှတ်ပုံတင်အတုများအား တစ်ကတ်လျှင် ငွေကျပ် (၃၀၀၀၀) ဖြင့် တစ်ဆင့်ရောင်းချပေးခဲ့ရာ ကျန်လူများမှ ဝယ်ယူသူများသို့ ပို့ဆောင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမား မှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ ရဲစခန်း ထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ဖမ်းဆီးရမိ ဇင်လင်း(ခ) လင်းလင်းပါ ကိုးဦးတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် ရှိသူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ႏိုင္ငံသားစိစစ္ေရးကတ္အတု၊ အလုပ္သမားမွတ္ပုံတင္ကတ္အတုႏွင့္ ရပ္ကြက္/ရဲစခန္းေထာက္ခံစာအတုမ်ား ျပဳလုပ္ေရာင္းခ်သူ (၉)ဦးကို ဖမ္းဆီးရမိ
ေစာ (NP News) - ဇန္နဝါရီ ၁၂
ႏိုင္ငံသားစိစစ္ေရးကတ္အတု၊ အလုပ္သမား မွတ္ပုံတင္ကတ္အတု ႏွင့္ ရပ္ကြက္/ရဲစခန္းေထာက္ခံစာအတုမ်ား ျပဳလုပ္ေရာင္းခ်သူ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး (၆)ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္တြင္ ႏိုင္ငံသားစိစစ္ေရးကတ္အတုႏွင့္ ေထာက္ခံစာအတု မ်ားအား အခေၾကးေငြယူ၍ ျပဳလုပ္ေရာင္းခ်လ်က္ရွိေၾကာင္း သတင္းရရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈ က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဖာ္ထုတ္ဖမ္းဆီးခဲ့ရာ ႏိုင္ငံသားစိစစ္ေရးကတ္အတုမ်ား ေရာင္းခ်သူ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕ သစ္အမွတ္ (၄)ရပ္ကြက္ေန မေမသူခိုင္ (၃၄)ႏွစ္ကို ဇန္နဝါရီ (၈)ရက္၊ နံနက္ (၁၁)နာရီတြင္ အမွတ္(၄)ရပ္ကြက္၊ ဗိုလ္ေတဇလမ္းေပၚတြင္ ႏိုင္ငံသားစိစစ္ေရးကတ္အတုသုံးခုႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ ေအးသာယာနယ္ေျမ ရဲစခန္း (ပ) ၅/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ျဖင့္ အမႈေရးဖြင့္ထားၿပီး ကြင္းဆက္တရားခံမ်ား ဖမ္းဆီးရမိႏိုင္ ေရး ဆက္လက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေမသူခိုင္ထံသို႔ ႏိုင္ငံသားစိစစ္ေရးကတ္အတုမ်ားအား ပို႔ေဆာင္ေပးသူ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ (အေနာက္ပိုင္း)ၿမိဳ႕နယ္အမွတ္ (၁၉)ရပ္ကြက္ေန ျဖဴသြယ္ေထြး(၂၂)ႏွစ္ကို ယင္းေန႔ ညပိုင္းတြင္ လႈိင္သာယာ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ရန္ကုန္-ေညာင္တုန္းလမ္း၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္ အရ သိရသည္။
၎၏ ထြက္ဆိုခ်က္အရ အဆိုပါႏိုင္ငံသားစိစစ္ေရးကတ္အတုမ်ားကို ပြဲစားလုပ္ကိုင္သူ ဖမ္းဆီးရန္ က်န္ တက္ပု ထံသို႔ ဖုန္းျဖင့္ခ်ိတ္ဆက္ကာ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ဆက္လက္စုံစမ္းဖမ္းဆီးခဲ့ရာ ဇန္နဝါရီ (၉)ရက္၊ မြန္းလြဲပိုင္းတြင္ တက္ပုမွတစ္ဆင့္ ႏိုင္ငံသားစိစစ္ေရးကတ္အတု လာေရာက္ပို႔ေဆာင္သူ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၁၉)ရပ္ကြက္ေန ဆိုင္ကယ္ေဘးတြဲေမာင္းႏွင္သူ ဟန္ျမင့္ေဇာ္(ခ) ေျပာင္ေလး (၄၄)ႏွစ္ကို လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၁၅)ရပ္ကြက္၊ က်န္စစ္သားလမ္း၌ ႏိုင္ငံသားစိစစ္ေရးကတ္ အတုတစ္ခုႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ဟန္ျမင့္ေဇာ္(ခ)ေျပာင္ေလးကို စစ္ေဆးရာ ႏိုင္ငံသားစိစစ္ေရးကတ္အတုမ်ားကို ပြဲစားျဖစ္သူ ဖမ္းဆီးရန္က်န္ တက္ပု၏ ခ်ိတ္ဆက္ေပးမႈျဖင့္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၁၆)ရပ္ကြက္ေန ဇင္လင္း(ခ)လင္းလင္း(၄၀)ႏွစ္မွ ျပဳလုပ္ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ သြားေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သြားေရာက္ရွာေဖြခဲ့ရာ ဇင္လင္း(ခ)လင္းလင္းကို ယင္းေန႔ မြန္းလြဲပိုင္းတြင္ ႏိုင္ငံသားစိစစ္ေရးကတ္အလြတ္ အခု (၁၀၀)၊ ႏိုင္ငံသားစိစစ္ေရးကတ္အတု ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ Deliတံဆိပ္ပါ Automatic Numbering Machineတစ္ခု၊ အမည္ႏွင့္ ဓာတ္ပုံပါ ႏိုင္ငံသားစိစစ္ေရးကတ္အတု (၈)ခု၊ အသားတံဆိပ္တုံး႐ိုက္ႏွိပ္သည့္ တံဆိပ္တုန္းတစ္ခု၊ ေလဆာတံဆိပ္တုံးမ်ိဳးစုံ (၁၄)ခု၊ အလုပ္သမားမွတ္ပုံတင္ကတ္ (အလြတ္)အခု (၂၅၀၀)၊ Hourse တံဆိပ္ပါ မွင္ခံဘူးႏွစ္ခုတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဇင္လင္း(ခ)လင္းလင္းအား စစ္ေဆးခ်က္အရ ဇန္နဝါရီ ၉ရက္၊ ညေနပိုင္းတြင္ ၎ႏွင့္ ဆက္သြယ္၍ ႏိုင္ငံသား စိစစ္ေရးကတ္၊ အလုပ္သမားမွတ္ပုံတင္ကတ္ႏွင့္ ရပ္ကြက္/ရဲစခန္းေထာက္ခံစာအတုမ်ားအား တစ္ဆင့္ ေရာင္းခ်ေပးသူ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္ေန ျမင့္ျမတ္ၾကည္(ခ)ဝတုန္(၄၀)ႏွစ္၊ တစ္ရပ္ကြက္တည္းေန စႏၵာဦး (၄၄)ႏွစ္ႏွင့္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၁၉)ရပ္ကြက္ေန စိုးမင္းဦး(ခ)ကတုံး(၃၂)ႏွစ္တို႔ သုံးဦးအား ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ရပ္ကြက္/ရဲစခန္းေထာက္ခံစာ ပုံစံအတု (အလြတ္)မ်ားအား မိတၱဴကူးယူေရာင္းခ်သူ စန္းေမာ္လြင္ (၂၉)ႏွစ္ ကို ရဲစခန္းေထာက္ခံစာမ်ိဳးစုံအတု(အလြတ္)အ႐ြက္ (၂၅၀၀)၊ ရပ္ကြက္ေထာက္ခံစာမ်ိဳးစုံ (အလြတ္) အ႐ြက္ (၈၀)၊ Acer အမ်ိဳးအစား ကြန္ပ်ဴတာတစ္စုံႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ Printerႏွစ္လုံး၊ Scanner တစ္လုံးတို႔ႏွင့္အတူ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္ရွိ မိုးေသာက္ပန္းမိတၱဴဆိုင္တြင္ ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အမႈမွ ဖမ္းဆီးရမိ စိုးမင္းဦး(ခ)ကတုံး၏ ထြက္ဆိုခ်က္အရ ယင္းေန႔ ညပိုင္းတြင္ ႏိုင္ငံသားစိစစ္ေရးကတ္အတုမ်ား တစ္ဆင့္ျပန္လည္ေရာင္းခ်ရန္ ေစခိုင္းသူ ဖမ္းဆီးရန္က်န္ ေျပသိန္းထိုက္ ေနထိုင္သည့္ ထန္းတပင္ၿမိဳ႕နယ္၊ ႐ိုးေလး ေက်း႐ြာရွိ ေနအိမ္အား ရွာေဖြစစ္ေဆးခဲ့ရာ ေျပသိန္းထိုက္ကို ေတြ႕ရွိခဲ့ျခင္းမရွိဘဲ ၎၏ အစ္မျဖစ္သူ မိုးမိုး(၄၈)ႏွစ္ ကို ႏိုင္ငံသားစိစစ္ေရးကတ္အတုျပဳလပ္ရာတြင္ အသုံးျပဳသည့္ တံဆိပ္တုံးမ်ိဳးစုံ အခု (၂၅၀)၊ အသားတံဆိပ္ ႐ိုက္ႏွိက္သည့္ တံဆိပ္တုံးတစ္ခုႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိေသာ ဇင္လင္း(ခ)လင္းလင္းအပါအဝင္ ကိုးဦးတို႔၏ ထြက္ဆိုခ်က္မ်ားအရ ႏိုင္ငံသား စိစစ္ေရးကတ္ အတု၊ အလုပ္သမား မွတ္ပုံတင္ကတ္အတုႏွင့္ ရပ္ကြက္/ရဲစခန္း ေထာက္ခံစာအတုမ်ားအား ဇင္လင္း(ခ)လင္းလင္း၊ ထန္းတပင္ၿမိဳ႕နယ္ေန ဖမ္းဆီးရန္က်န္ ကုလားႀကီး(ခ)ဂ်င္မီေသာင္းႏွင့္ ေျပသိန္းထိုက္တို႔မွ ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ ပြဲစားျဖစ္သူ ဖမ္းဆီးရန္က်န္ တက္ပုႏွင့္ခ်ိတ္ဆက္၍ အဆိုပါႏိုင္ငံသားစိစစ္ေရးကတ္အတုႏွင့္ အလုပ္သမား မွတ္ပုံတင္အတုမ်ားအား တစ္ကတ္လွ်င္ ေငြက်ပ္ (၃၀၀၀၀) ျဖင့္ တစ္ဆင့္ေရာင္းခ်ေပးခဲ့ရာ က်န္လူမ်ားမွ ဝယ္ယူသူမ်ားသို႔ ပို႔ေဆာင္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ ႏိုင္ငံသားစိစစ္ေရးကတ္အတု၊ အလုပ္သမား မွတ္ပုံတင္ကတ္အတုႏွင့္ ရပ္ကြက္/ ရဲစခန္း ေထာက္ခံစာအတုမ်ား ျပဳလုပ္ေရာင္းခ်သူ ဖမ္းဆီးရမိ ဇင္လင္း(ခ) လင္းလင္းပါ ကိုးဦးတို႔ကို ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရန္က်န္ ရွိသူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။