“ဝေဖန်မှုမြင့်တက်လျက်ရှိတဲ့ သီချင်းဆိုပြိုင်ပွဲရဲ့နောက်ကွယ်၊ သင်ဇာဝင့်ကျော်အပေါ် လူအများစိတ်ဝင်စားမှု”

 13804

အိဖြူ (NP News) - ဇန်နဝါရီ ၁၂

ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ (၄) ရက်၊ ဇန်နဝါရီလ၊ (၂၀၂၅) ခုနှစ် (လွတ်လပ်ရေး နေ့) မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့သတင်းက ဆိုရှယ်ပလက်ဖောင်းထက်မှာ နေရာယူခဲ့ပြီး သင်ဇာဝင့်ကျော်ရဲ့ပုံပန်းသဏ္ဍာန်ကို လူအများက ကြည့်ရှုအကဲဖြတ်ခဲ့ ကြပါတယ်။
ခန္ဓာကိုယ်အချိုးအစား၊ အသားအရည်၊ ရုပ်ဆင်းအင်္ဂါ အနည်းငယ်ကျဆင်းသွားပေမယ့်လည်း သင်ဇာဝင့်ကျော်အပေါ်အမျိုးသားထုကြီးရဲ့စိတ်ဝင်စားမှု လျော့ကျမသွားတာကို တွေ့မြင်ခဲ့ရပြီး သူရဲ့ပရိသတ်တွေ၊ မိတ်ဆွေတွေက နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်းသမီးအဖြစ် ပြန်လည်တွေ့မြင်လိုကြောင်း အားပေးစကားများစွာ ပြောခဲ့ကြပါတယ်။
အနုပညာအသိုင်းအဝိုင်းထံမှ ကြားသိချက်အရ သင်ဇာဝင့်ကျော်အနေနဲ့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ချိန်မှာ ပိုမိုရင့်ကျက်တည်ငြိမ်သွားခဲ့ပြီး တရားစခန်း ခုနှစ်ရက်(တစ်ပတ်တိတိ) ဝင်ရောက်ကာ စိတ်အေးချမ်းမှုရယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ခုနှစ်ရက်တာ တရားစခန်းပြီးဆုံးချိန် နောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေကို စတင်တော့မှာဖြစ်ကြောင်း အသိပေးပြောပြထားပါတယ်။ သင်ဇာဝင့်ကျော်ကို Exantria ညစ်ညမ်းဝက်ဆိုက်ဒ်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသော လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုများကို အခကြေး ငွေ ရယူကာ ဖြန့်ဝေမှုကြောင့်လို့ဆိုကာ တည်ဆဲအစိုးရက (၂၀၂၂) ခုနှစ် ဩဂုတ်လမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)အရ အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက (၂၀၂၂) ခုနှစ် ဒီဇင်ဘာ (၂၃) ရက်မှာ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)အရ ထောင်ဒဏ် (၅) နှစ် ပြစ်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် နည်းတူ မော်ဒယ်နန်းမွေစံလည်း ဖမ်းဆီး အမှုဖွင့်ခံခဲ့ရပြီး၊ သင်ဇာဝင့်ကျော်က (၂) နှစ် (၆) လခန့်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့ ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါဝင်လာသူတွေလည်း ရှိလိုနေဆဲဖြစ်ပါတယ်။
(၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၄) ရက်မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျဉ်းသား၊ အကျဉ်းသူ (၅၈၆၄) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တစ်သက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ ပေးခဲ့တာကို တွေ့မြင်ရပါတယ်။

ဝေဖန်မှုမြင့်တက်လျက်ရှိတဲ့ သီချင်းဆိုပြိုင်ပွဲနောက်ကွယ်
Myanmar Star Season (2) သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ်ပါဝင်သူ Presenter ဇင်အောင်က ပြိုင်ပွဲဝင်တစ်ဦး စီးလာတဲ့ဖိနပ်နဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့ရာ အဆိုပါရုပ်သံဗီဒီယိုကို ကြည့်ရှု သူလူအများက ဇင်အောင်ရဲ့ ပြောဆိုမှုအပေါ် တဖန်ပြန်လည်ရှုတ်ချခဲ့ကြပါတယ်။ Myanmar Star သီချင်းဆိုပြိုင်ပွဲမှာ ကျိုက်ထိုမြို့မှ လာရောက်ယှဉ်ပြိုင်သူ လင်းပြည့်ဟိန်း သီချင်းယှဉ်ပြိုင်မှု အပြီးမှာ ဒိုင်အဖြစ်ပါဝင်သူ ဇင်အောင်က လင်းပြည့်ဟိန်း စီးလာတဲ့ ခြေကွင်းထိုးဖိနပ်ကို ဝေဖန်ခဲ့ရာ အဆိုပါ ဗီဒီယိုရုပ်သံ ဆိုရှယ်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက်မှာတော့ ကြည့်ရှုသူလူအများက ဇင်အောင်ရဲ့အပြောကို တဖန်ပြန်လည်ရှုတ်ချခဲ့ကြပါတယ်။
လင်းပြည့်ဟိန်းက “သီချင်းဆိုတဲ့လူတစ်ဦးအနေနဲ့ ကျော်ကြားရင်တောင် သီချင်းဆိုတာကြာင့်ပဲ လူသိများ ကျော်ကြားချင်ပါတယ်။ လူပြောစရာတစ်ခုကြောင့် လူသိများသွားတာမျိုးကိုတော့ ဘဝင်မကျပါဘူး။ ကျွန်တော့် အရည်အချင်းကြောင့် ကျော်ကြားသွားတာမျိုးမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ဂယက်တစ်ခုကြောင့် လူသိများသွားတာကို ကျွန်တော် ဂုဏ်မယူပါဘူး။ ကျွန်တော့်နေရာမှာ မိန်းကလေးတစ်ဦး ဦးသာဆို ရှက်သွားနိုင်ပါတယ်” လို့ မီဒီယာတွေ ကတဆင့် တုံ့ပြန်ခဲ့ပါတယ်။ အဆိုတော်ဖြိုးမြတ်အောင် ကလည်း သူ Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်စဉ်က ခြေညှပ်ဖိနပ်နဲ့ပြိုင်ရင်း Winner ဆုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းပြောပြရင်း ပြိုင်ပွဲဝင်လူငယ်လေးဘက်က ဝန်းရံပေး ခဲ့ကြပါတယ်။ ဇင်အောင်ရဲ့အကဲဖြတ်ပြောဆိုမှုတွေက သီချင်းဆိုပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီမှု လုံးဝ မရှိကြောင်း၊ ပြိုင်ပွဲဝင်တွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေရုံမက လူတစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို စော်ကားမှု လုပ်ရပ်သာဖြစ်ကြောင်း၊ သီချင်းဆိုပြိုင်ပွဲက အသံပိုင်းဆိုင်ရာကို အဓိက ဦးစားပေး အကဲဖြတ်သင့်ကြောင်း၊ သီချင်းဆို ပြိုင်ပွဲက ဇင်အောင်နဲ့ သက်ဆိုင်မှုမရှိကြောင်း အဆိုတော်ဖြိုးမြတ်အောင် အပါအဝင် ဂီတအသိုင်း အဝိုင်း နဲ့ ဆိုရှယ်အသုံးပြုသူအများစုက ထောက်ပြထားကြပါတယ်။
ဇင်အောင်က “ကျွန်တော်တို့က ကြိုတင်ညှိထားတာမျိုးမဟုတ်ဘဲ ပြိုင်ပွဲဝင်တွေရဲ့လှုပ်ရှားကို ကြည့်ပြီး တော့မှ ကျွန်တော်တို့ဘက်က တုံ့ပြန်ချက်က ဖြစ်ပေါ်လာတာ။ သူတို့ရဲ့ဖျော်ဖြေမှုပုံစံကို မသိဘဲနဲ့ လူစိတ်ဝင်စားမှု ရဖို့ တစ်ခုတည်းအတွက်တော့ ပြောမှာမဟုတ်ပါဘူး။ ကောင်းနေရင် အ ကောင်းဆုံးမှတ်ချက်ကို ပေးမှာဖြစ်သလို ပေါက်ကရပုံစံတွေ လုပ်လာပြီဆိုရင် ဆိုရှယ်မီဒီယာထက်မှာ နေရာယူမယ်၊ အကဲဖြတ်ဒိုင်တွေကို ဝုန်းလိုက်ရင် ပြည်သူတွေက သူတို့ကို အားပေးလိမ့်မယ်ဆိုတဲ့စိတ်နဲ့ လာပြိုင်တဲ့သူတွေလည်း ရှိလာဦးမှာပါပဲ။ အဲဒီလို အခြေအနေဆိုရင်တော့ ကျွန်တော်နဲ့တွေ့မှာပေါ့။ ဒရမ်မာမခင်းဘဲ အကောင်းဆုံးကြိုးစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့က အပြည့်အဝ‌ထောက်ပံ့ပေးသွားမှာပါ” လို့ မီဒီယာတွေထံ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါ တယ်။
ဖျော်ဖြေရေးပြိုင်ပွဲတစ်ခုချင်းစီတိုင်းရဲ့နောက်ကွယ်မှာ ကြည့်ရှုသူပရိသတ်တွေ မမြင်တွေ့နိုင်တဲ့ ပွဲစီစဉ်သူတွေရဲ့ မြှုပ်ကွက်လေးတွေ ရှိစမြဲဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့အလွဲအချော်တွေ၊ ရယ်မောဖွယ်အဖြစ် အပျက်တွေကို လူအများထံ ပြန်လည်ပြသလေ့ရှိကြကာ ပြိုင်ပွဲဇာတ်ရှိန်မြင့်တက်အောင် ဆွဲခေါ်ခြင်းက ပြိုင်ပွဲတိုင်း ရဲ့ထုံးစံပဲဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ တချို့က ဇင်အောင်ကို ဝေဖန်ပြောဆိုကြပေမယ့် ဇင်အောင်ရဲ့ပြောဆိုမှုမှတ်ချက်ကြောင့် ပြိုင်ပွဲဝင် လူငယ်လေးအပေါ် လူအများက ဂရုဏာပိုသွားစေခဲ့ရုံမက Audition မှာတင် လူသိများခဲ့ပြီး တခြား အနုပညာ အလုပ်အကိုင်အခွင့်အလမ်းရရှိနေပြီဖြစ်သလို သီချင်းဆိုပြိုင်ပွဲအစီအစဉ်လည်း လူစိတ်ဝင်စားမှု ပိုမိုမြင့် တက်စေခဲ့တာကတော့ အမှန်ဖြစ်လို့နေခဲ့ပါတယ်။ Myanmar Star Season (2) ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် တေးရေး စောခူဆဲ၊ မြင့်မိုရ်အောင်၊ တေးသံရှင် မေခလာ၊ Tracy
တို့က ပါဝင်ဆောင်ရွက်နေတာဖြစ်ပြီး ဇင်အောင်က ပြိုင်ပွဲဝင်တွေရဲ့ဖက်ရှင်နဲ့ Performance ပိုင်းကို တာဝန်ယူ အကဲဖြတ်နေခြင်းဖြစ်ပါတယ်။ Myanmar Star Season (2) Winner ဆုရှင်အတွက် ကျပ် သိန်း (၁၀ဝဝ)၊ 2nd Runner up အတွက် သိန်း (၄၀ဝ)၊ 3rd Runner Up အတွက် သိန်း (၁၀ဝ) ချီးမြှင့် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်သူများ နဲ့ အဂတိပြဿနာ
(၂၀၂၄) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပဖို့ နီးကပ်လာတာနဲ့ အမျှ ရုပ်ရှင်ထူးချွန်ဆုအတွက် သတင်းစကားတွေ စတင်ပျံ့နှံ့လာပြီဖြစ်ပါတယ်။ အကယ်ဒမီထူးချွန်ဆု ရွေးချယ်ရေး အဖွဲ့ကလည်း (၂၀၂၄) ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများကို ကြည့်ရှုအကဲဖြတ် အမှတ်ပေးနေကြပြီဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းနဲ့ စာနယ်ဇင်းမီဒီယာအသိုင်းအဝိုင်းကလည်း အကဲဖြတ် အမှတ်ပေးသူတွေရဲ့ အနုပညာ သမ္ဘာဝါရင့်ပညာရှင်တွေရဲ့ သမာသမတ်ကျမှုနဲ့ဆုံးဖြတ်ရမှာဖြစ်ကာ ဘက်လိုက်မှုမရှိဘဲ အဂတိကင်းရှင်းစွာ စဉ်းစားရွေးချယ်ဖို့ လိုအပ်ကြောင်း ထောက်ပြနေကြပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ လပိုင်းက (၂၀၂၄) ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မယ့် ရုပ်ရှင်ထူးချွန်ဆုအတွက် ရွေးချယ်အကဲဖြတ်ရေး အဖွဲ့ကို အဂတိကင်းရှင်းစွာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ဖူးပါတယ်။ (၂၀၂၄) ခုနှစ် အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၅၀) ထက်မနည်းရှိခဲ့ပြီး၊ ဇာတ်ကား (၂၀) ခန့်က အကဲဖြတ် ကြည့်ရှုသူများ မျက်စိတွေ့လျက်ရှိကြောင်း သတင်းစကားများကြား သိရပါတယ်။ အကယ်ဒမီ ရွေးချယ် ရေးဘုတ်အဖွဲ့ ဖွဲ့စည်းထားမှုအပေါ် တစ်ခုထောက်ပြလိုတာက ပါဝင်အကဲဖြတ်သူများကို မည်သူ မည်ဝါ ဆိုတာ လူသိမခံဘဲ မိမိမှတ်ချက်ပေးလိုက်တဲ့ ရုပ်ရှင်ဇာတ်ကား၊ မင်းသား၊ မင်းသမီး ရဲ့နာမည်ကိုလည်း အကဲဖြတ်ဒိုင်အချင်းချင်းပင် အသိမပေးခြင်းက ရလဒ်ကောင်းကို ပိုမိုထွက်ပေါ်စေမှာဖြစ်ကြောင်း မြင်မိ ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲဟာ ပွဲအခမ်းအနား မပြီးခင်က တည်းက ဆုရရှိသူများကို ကြိုတင် သိရလေ့ရှိပြီး၊ ထုတ်လုပ်သူတွေက အကဲဖြတ်ဒိုင်တွေထံ ၎င်းတို့ ဆုရ လိုတဲ့ မင်းသား၊ မင်းသမီးအတွက် နောက်ကွယ်က ငွေလမ်းခင်းကာ ရုပ်ရှင်ထူးချွန်ဆု အမှတ်ပေးစည်း မျဉ်းနဲ့ပတ်သက်ပါက လိုသလိုပုံဖော်လေ့ရှိ ကြောင်း အနုပညာအသိုင်းအဝိုင်းက ပြန်လည်ထွက်ပေါ် လာတဲ့ သတင်းစကားများအရ ကြားသိရပါတယ်။
(၂၀၂၄) ခုနှစ်မှာလည်း ရုပ်ရှင်ထူးချွန်ဆုအတွက် အကြိတ်အနယ်အားပြိုင်လျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ သဘင် သည်မြနှင်းဆီ၊ တခုတ်တရ၊ တိမ်ပန်းချီ၊ အိပ်မက်ကာရန်၊ မိတင်စိန် စတဲ့ ဇာတ်ကားတွေက အကယ်ဒမီ ဆန်ခါတင်စာရင်းထိ ရွေးချယ်ခံရနိုင်ခြေအများဆုံးအဖြစ်ရှိလို့ နေပါတယ်။
အခုလိုအချိန်မှာ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေကလည်း ၎င်းတို့ ရလိုတဲ့ မင်းသား/ မင်း သမီးတွေကို အကယ်ဒမီထူးချွန်ဆု မရ/ရအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပြီလို့လည်း သတင်း သဲ့သဲ့ကြားနေရပြီဖြစ်ပါ တယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ငွေကြေးပေး ဝယ်လို့ရတဲ့အနေအထားမျိုးထိ မဖြစ်ရလေအောင် အကဲဖြတ်သူ ပညာရှင်တွေက ရုပ်ရှင်ဇာတ်ကားများ အကဲဖြတ်ကြည့်ရှုချိန်မှာ သမာ သမတ်ကျဖို့ နဲ့ အဂတိကင်းရှင်းစွာ ဆုံးဖြတ် နိုင်ဖို့က အရေးကြီးလှကြောင်း ထောက်ပြအပ်ပါတယ်။ (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ နေပြည်တော်၌ ကျင်းပကြမှာဖြစ်ကြောင်း မြန်မာနိုင်ငံအစည်းအရုံးက အသိပေးကြေညာ ထားပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
“ေဝဖန္မႈျမင့္တက္လ်က္ရွိတဲ့ သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ေနာက္ကြယ္၊ သင္ဇာဝင့္ေက်ာ္အေပၚ လူအမ်ားစိတ္ဝင္စားမႈ”
အိျဖဴ (NP News) - ဇန္နဝါရီ ၁၂

႐ုပ္ရွင္သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ဟာ (၄) ရက္၊ ဇန္နဝါရီလ၊ (၂၀၂၅) ခုႏွစ္ (လြတ္လပ္ေရး ေန႔) မွာ လြတ္ၿငိမ္း ခ်မ္းသာခြင့္နဲ႔ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။ သင္ဇာဝင့္ေက်ာ္ ျပန္လည္လြတ္ေျမာက္လာၿပီဆိုတဲ့သတင္းက ဆိုရွယ္ပလက္ေဖာင္းထက္မွာ ေနရာယူခဲ့ၿပီး သင္ဇာဝင့္ေက်ာ္ရဲ႕ပုံပန္းသ႑ာန္ကို လူအမ်ားက ၾကည့္ရႈအကဲျဖတ္ခဲ့ ၾကပါတယ္။
ခႏၶာကိုယ္အခ်ိဳးအစား၊ အသားအရည္၊ ႐ုပ္ဆင္းအဂၤါ အနည္းငယ္က်ဆင္းသြားေပမယ့္လည္း သင္ဇာဝင့္ေက်ာ္အေပၚအမ်ိဳးသားထုႀကီးရဲ႕စိတ္ဝင္စားမႈ ေလ်ာ့က်မသြားတာကို ေတြ႕ျမင္ခဲ့ရၿပီး သူရဲ႕ပရိသတ္ေတြ၊ မိတ္ေဆြေတြက ႏွစ္သစ္မွာ စိတ္သစ္ လူသစ္နဲ႔ မင္းသမီးအျဖစ္ ျပန္လည္ေတြ႕ျမင္လိုေၾကာင္း အားေပးစကားမ်ားစြာ ေျပာခဲ့ၾကပါတယ္။
အႏုပညာအသိုင္းအဝိုင္းထံမွ ၾကားသိခ်က္အရ သင္ဇာဝင့္ေက်ာ္အေနနဲ႔ အက်ဥ္းေထာင္မွ ျပန္လည္ လြတ္ေျမာက္ခ်ိန္မွာ ပိုမိုရင့္က်က္တည္ၿငိမ္သြားခဲ့ၿပီး တရားစခန္း ခုႏွစ္ရက္(တစ္ပတ္တိတိ) ဝင္ေရာက္ကာ စိတ္ေအးခ်မ္းမႈရယူဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ ခုႏွစ္ရက္တာ တရားစခန္းၿပီးဆုံးခ်ိန္ ေနာက္ပိုင္း အႏုပညာ လႈပ္ရွားမႈေတြကို စတင္ေတာ့မွာျဖစ္ေၾကာင္း အသိေပးေျပာျပထားပါတယ္။ သင္ဇာဝင့္ေက်ာ္ကို Exantria ညစ္ညမ္းဝက္ဆိုက္ဒ္မွာ ျမန္မာ့ယဥ္ေက်းမႈကို ထိခိုက္ေစေသာ လိင္အသားေပး ဓာတ္ပုံနဲ႔ ဗီဒီယိုမ်ားကို အခေၾကး ေငြ ရယူကာ ျဖန႔္ေဝမႈေၾကာင့္လို႔ဆိုကာ တည္ဆဲအစိုးရက (၂၀၂၂) ခုႏွစ္ ဩဂုတ္လမွာ အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃(က)အရ အမႈဖြင့္ အေရးယူခဲ့ျခင္းျဖစ္ၿပီး၊ ရန္ကုန္ၿမိဳ႕၊ အင္းစိန္အက်ဥ္းေထာင္ရွိ တရား႐ုံးက (၂၀၂၂) ခုႏွစ္ ဒီဇင္ဘာ (၂၃) ရက္မွာ အီလက္ထေရာနစ္ဆက္သြယ္ ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃(က)အရ ေထာင္ဒဏ္ (၅) ႏွစ္ ျပစ္ဒဏ္က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ နည္းတူ ေမာ္ဒယ္နန္းေမြစံလည္း ဖမ္းဆီး အမႈဖြင့္ခံခဲ့ရၿပီး၊ သင္ဇာဝင့္ေက်ာ္က (၂) ႏွစ္ (၆) လခန႔္အၾကာမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ျပန္လည္လြတ္ေျမာက္ခဲ့ ေပမယ့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲ မပါဝင္လာသူေတြလည္း ရွိလိုေနဆဲျဖစ္ပါတယ္။
(၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၄) ရက္မွာ က်ေရာက္တဲ့ (၇၇) ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အက်ဥ္းသား၊ အက်ဥ္းသူ (၅၈၆၄) ေယာက္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ၿပီး ျပစ္ဒဏ္အခ်ိဳ႕အရ ေထာင္ဒဏ္တစ္သက္ က်ခံေနရသူေတြကိုလည္း ေထာင္ဒဏ္ (၁၅) ႏွစ္အျဖစ္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ ေပးခဲ့တာကို ေတြ႕ျမင္ရပါတယ္။

ေဝဖန္မႈျမင့္တက္လ်က္ရွိတဲ့ သီခ်င္းဆိုၿပိဳင္ပြဲေနာက္ကြယ္
Myanmar Star Season (2) သီခ်င္းဆိုၿပိဳင္ပြဲမွာ ဒိုင္အျဖစ္ပါဝင္သူ Presenter ဇင္ေအာင္က ၿပိဳင္ပြဲဝင္တစ္ဦး စီးလာတဲ့ဖိနပ္နဲ႔ပတ္သက္ၿပီး ေဝဖန္ေထာက္ျပခဲ့ရာ အဆိုပါ႐ုပ္သံဗီဒီယိုကို ၾကည့္ရႈ သူလူအမ်ားက ဇင္ေအာင္ရဲ႕ ေျပာဆိုမႈအေပၚ တဖန္ျပန္လည္ရႈတ္ခ်ခဲ့ၾကပါတယ္။ Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲမွာ က်ိဳက္ထိုၿမိဳ႕မွ လာေရာက္ယွဥ္ၿပိဳင္သူ လင္းျပည့္ဟိန္း သီခ်င္းယွဥ္ၿပိဳင္မႈ အၿပီးမွာ ဒိုင္အျဖစ္ပါဝင္သူ ဇင္ေအာင္က လင္းျပည့္ဟိန္း စီးလာတဲ့ ေျခကြင္းထိုးဖိနပ္ကို ေဝဖန္ခဲ့ရာ အဆိုပါ ဗီဒီယို႐ုပ္သံ ဆိုရွယ္လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔လာၿပီးေနာက္မွာေတာ့ ၾကည့္ရႈသူလူအမ်ားက ဇင္ေအာင္ရဲ႕အေျပာကို တဖန္ျပန္လည္ရႈတ္ခ်ခဲ့ၾကပါတယ္။
လင္းျပည့္ဟိန္းက “သီခ်င္းဆိုတဲ့လူတစ္ဦးအေနနဲ႔ ေက်ာ္ၾကားရင္ေတာင္ သီခ်င္းဆိုတာၾကာင့္ပဲ လူသိမ်ား ေက်ာ္ၾကားခ်င္ပါတယ္။ လူေျပာစရာတစ္ခုေၾကာင့္ လူသိမ်ားသြားတာမ်ိဳးကိုေတာ့ ဘဝင္မက်ပါဘူး။ ကြၽန္ေတာ့္ အရည္အခ်င္းေၾကာင့္ ေက်ာ္ၾကားသြားတာမ်ိဳးမဟုတ္ဘဲ ျဖစ္ေပၚလာတဲ့ဂယက္တစ္ခုေၾကာင့္ လူသိမ်ားသြားတာကို ကြၽန္ေတာ္ ဂုဏ္မယူပါဘူး။ ကြၽန္ေတာ့္ေနရာမွာ မိန္းကေလးတစ္ဦး ဦးသာဆို ရွက္သြားႏိုင္ပါတယ္” လို႔ မီဒီယာေတြ ကတဆင့္ တုံ႔ျပန္ခဲ့ပါတယ္။ အဆိုေတာ္ၿဖိဳးျမတ္ေအာင္ ကလည္း သူ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲဝင္စဥ္က ေျခညႇပ္ဖိနပ္နဲ႔ၿပိဳင္ရင္း Winner ဆုကို သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္းေျပာျပရင္း ၿပိဳင္ပြဲဝင္လူငယ္ေလးဘက္က ဝန္းရံေပး ခဲ့ၾကပါတယ္။ ဇင္ေအာင္ရဲ႕အကဲျဖတ္ေျပာဆိုမႈေတြက သီခ်င္းဆိုၿပိဳင္ပြဲ စည္းမ်ဥ္းစည္းကမ္းနဲ႔ကိုက္ညီမႈ လုံးဝ မရွိေၾကာင္း၊ ၿပိဳင္ပြဲဝင္ေတြရဲ႕စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစ႐ုံမက လူတစ္ဖက္သားရဲ႕ဂုဏ္သိကၡာကို ေစာ္ကားမႈ လုပ္ရပ္သာျဖစ္ေၾကာင္း၊ သီခ်င္းဆိုၿပိဳင္ပြဲက အသံပိုင္းဆိုင္ရာကို အဓိက ဦးစားေပး အကဲျဖတ္သင့္ေၾကာင္း၊ သီခ်င္းဆို ၿပိဳင္ပြဲက ဇင္ေအာင္နဲ႔ သက္ဆိုင္မႈမရွိေၾကာင္း အဆိုေတာ္ၿဖိဳးျမတ္ေအာင္ အပါအဝင္ ဂီတအသိုင္း အဝိုင္း နဲ႔ ဆိုရွယ္အသုံးျပဳသူအမ်ားစုက ေထာက္ျပထားၾကပါတယ္။
ဇင္ေအာင္က “ကြၽန္ေတာ္တို႔က ႀကိဳတင္ညႇိထားတာမ်ိဳးမဟုတ္ဘဲ ၿပိဳင္ပြဲဝင္ေတြရဲ႕လႈပ္ရွားကို ၾကည့္ၿပီး ေတာ့မွ ကြၽန္ေတာ္တို႔ဘက္က တုံ႔ျပန္ခ်က္က ျဖစ္ေပၚလာတာ။ သူတို႔ရဲ႕ေဖ်ာ္ေျဖမႈပုံစံကို မသိဘဲနဲ႔ လူစိတ္ဝင္စားမႈ ရဖို႔ တစ္ခုတည္းအတြက္ေတာ့ ေျပာမွာမဟုတ္ပါဘူး။ ေကာင္းေနရင္ အ ေကာင္းဆုံးမွတ္ခ်က္ကို ေပးမွာျဖစ္သလို ေပါက္ကရပုံစံေတြ လုပ္လာၿပီဆိုရင္ ဆိုရွယ္မီဒီယာထက္မွာ ေနရာယူမယ္၊ အကဲျဖတ္ဒိုင္ေတြကို ဝုန္းလိုက္ရင္ ျပည္သူေတြက သူတို႔ကို အားေပးလိမ့္မယ္ဆိုတဲ့စိတ္နဲ႔ လာၿပိဳင္တဲ့သူေတြလည္း ရွိလာဦးမွာပါပဲ။ အဲဒီလို အေျခအေနဆိုရင္ေတာ့ ကြၽန္ေတာ္နဲ႔ေတြ႕မွာေပါ့။ ဒရမ္မာမခင္းဘဲ အေကာင္းဆုံးႀကိဳးစားေနတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က အျပည့္အဝ‌ေထာက္ပံ့ေပးသြားမွာပါ” လို႔ မီဒီယာေတြထံ ျပန္လည္ေျဖရွင္းထားတာကို ေတြ႕ရပါ တယ္။
ေဖ်ာ္ေျဖေရးၿပိဳင္ပြဲတစ္ခုခ်င္းစီတိုင္းရဲ႕ေနာက္ကြယ္မွာ ၾကည့္ရႈသူပရိသတ္ေတြ မျမင္ေတြ႕ႏိုင္တဲ့ ပြဲစီစဥ္သူေတြရဲ႕ ျမႇဳပ္ကြက္ေလးေတြ ရွိစၿမဲျဖစ္ၿပီး၊ ပါဝင္ယွဥ္ၿပိဳင္သူေတြရဲ႕အလြဲအေခ်ာ္ေတြ၊ ရယ္ေမာဖြယ္အျဖစ္ အပ်က္ေတြကို လူအမ်ားထံ ျပန္လည္ျပသေလ့ရွိၾကကာ ၿပိဳင္ပြဲဇာတ္ရွိန္ျမင့္တက္ေအာင္ ဆြဲေခၚျခင္းက ၿပိဳင္ပြဲတိုင္း ရဲ႕ထုံးစံပဲျဖစ္ပါတယ္။
ဒီျဖစ္စဥ္မွာ တခ်ိဳ႕က ဇင္ေအာင္ကို ေဝဖန္ေျပာဆိုၾကေပမယ့္ ဇင္ေအာင္ရဲ႕ေျပာဆိုမႈမွတ္ခ်က္ေၾကာင့္ ၿပိဳင္ပြဲဝင္ လူငယ္ေလးအေပၚ လူအမ်ားက ဂ႐ုဏာပိုသြားေစခဲ့႐ုံမက Audition မွာတင္ လူသိမ်ားခဲ့ၿပီး တျခား အႏုပညာ အလုပ္အကိုင္အခြင့္အလမ္းရရွိေနၿပီျဖစ္သလို သီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္လည္း လူစိတ္ဝင္စားမႈ ပိုမိုျမင့္ တက္ေစခဲ့တာကေတာ့ အမွန္ျဖစ္လို႔ေနခဲ့ပါတယ္။ Myanmar Star Season (2) ၿပိဳင္ပြဲမွာ အကဲျဖတ္ဒိုင္မ်ားအျဖစ္ ေတးေရး ေစာခူဆဲ၊ ျမင့္မိုရ္ေအာင္၊ ေတးသံရွင္ ေမခလာ၊ Tracy
တို႔က ပါဝင္ေဆာင္႐ြက္ေနတာျဖစ္ၿပီး ဇင္ေအာင္က ၿပိဳင္ပြဲဝင္ေတြရဲ႕ဖက္ရွင္နဲ႔ Performance ပိုင္းကို တာဝန္ယူ အကဲျဖတ္ေနျခင္းျဖစ္ပါတယ္။ Myanmar Star Season (2) Winner ဆုရွင္အတြက္ က်ပ္ သိန္း (၁၀ဝဝ)၊ 2nd Runner up အတြက္ သိန္း (၄၀ဝ)၊ 3rd Runner Up အတြက္ သိန္း (၁၀ဝ) ခ်ီးျမႇင့္ သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အကယ္ဒမီ႐ုပ္ရွင္ထူးခြၽန္ဆု အကဲျဖတ္သူမ်ား နဲ႔ အဂတိျပႆနာ
(၂၀၂၄) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပဖို႔ နီးကပ္လာတာနဲ႔ အမွ် ႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ သတင္းစကားေတြ စတင္ပ်ံ႕ႏွံ႔လာၿပီျဖစ္ပါတယ္။ အကယ္ဒမီထူးခြၽန္ဆု ေ႐ြးခ်ယ္ေရး အဖြဲ႕ကလည္း (၂၀၂၄) ခုႏွစ္အတြင္း ႐ုံတင္ဇာတ္ကားမ်ားကို ၾကည့္ရႈအကဲျဖတ္ အမွတ္ေပးေနၾကၿပီျဖစ္ပါတယ္။ အႏုပညာအသိုင္းအဝိုင္းနဲ႔ စာနယ္ဇင္းမီဒီယာအသိုင္းအဝိုင္းကလည္း အကဲျဖတ္ အမွတ္ေပးသူေတြရဲ႕ အႏုပညာ သမာၻဝါရင့္ပညာရွင္ေတြရဲ႕ သမာသမတ္က်မႈနဲ႔ဆုံးျဖတ္ရမွာျဖစ္ကာ ဘက္လိုက္မႈမရွိဘဲ အဂတိကင္းရွင္းစြာ စဥ္းစားေ႐ြးခ်ယ္ဖို႔ လိုအပ္ေၾကာင္း ေထာက္ျပေနၾကပါတယ္။
ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း ကိုယ္တိုင္ကလည္း လြန္ခဲ့တဲ့ လပိုင္းက (၂၀၂၄) ခုႏွစ္အတြက္ ေပးအပ္ခ်ီးျမႇင့္မယ့္ ႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ ေ႐ြးခ်ယ္အကဲျဖတ္ေရး အဖြဲ႕ကို အဂတိကင္းရွင္းစြာ ေဆာင္႐ြက္ေစလိုေၾကာင္း တိုက္တြန္းမွာၾကားခဲ့ဖူးပါတယ္။ (၂၀၂၄) ခုႏွစ္ အတြင္း ႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကား (၅၀) ထက္မနည္းရွိခဲ့ၿပီး၊ ဇာတ္ကား (၂၀) ခန႔္က အကဲျဖတ္ ၾကည့္ရႈသူမ်ား မ်က္စိေတြ႕လ်က္ရွိေၾကာင္း သတင္းစကားမ်ားၾကား သိရပါတယ္။ အကယ္ဒမီ ေ႐ြးခ်ယ္ ေရးဘုတ္အဖြဲ႕ ဖြဲ႕စည္းထားမႈအေပၚ တစ္ခုေထာက္ျပလိုတာက ပါဝင္အကဲျဖတ္သူမ်ားကို မည္သူ မည္ဝါ ဆိုတာ လူသိမခံဘဲ မိမိမွတ္ခ်က္ေပးလိုက္တဲ့ ႐ုပ္ရွင္ဇာတ္ကား၊ မင္းသား၊ မင္းသမီး ရဲ႕နာမည္ကိုလည္း အကဲျဖတ္ဒိုင္အခ်င္းခ်င္းပင္ အသိမေပးျခင္းက ရလဒ္ေကာင္းကို ပိုမိုထြက္ေပၚေစမွာျဖစ္ေၾကာင္း ျမင္မိ ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုခ်ီးျမႇင့္ပြဲဟာ ပြဲအခမ္းအနား မၿပီးခင္က တည္းက ဆုရရွိသူမ်ားကို ႀကိဳတင္ သိရေလ့ရွိၿပီး၊ ထုတ္လုပ္သူေတြက အကဲျဖတ္ဒိုင္ေတြထံ ၎တို႔ ဆုရ လိုတဲ့ မင္းသား၊ မင္းသမီးအတြက္ ေနာက္ကြယ္က ေငြလမ္းခင္းကာ ႐ုပ္ရွင္ထူးခြၽန္ဆု အမွတ္ေပးစည္း မ်ဥ္းနဲ႔ပတ္သက္ပါက လိုသလိုပုံေဖာ္ေလ့ရွိ ေၾကာင္း အႏုပညာအသိုင္းအဝိုင္းက ျပန္လည္ထြက္ေပၚ လာတဲ့ သတင္းစကားမ်ားအရ ၾကားသိရပါတယ္။
(၂၀၂၄) ခုႏွစ္မွာလည္း ႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ အႀကိတ္အနယ္အားၿပိဳင္လ်က္ရွိတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြက ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္၊ သဘင္ သည္ျမႏွင္းဆီ၊ တခုတ္တရ၊ တိမ္ပန္းခ်ီ၊ အိပ္မက္ကာရန္၊ မိတင္စိန္ စတဲ့ ဇာတ္ကားေတြက အကယ္ဒမီ ဆန္ခါတင္စာရင္းထိ ေ႐ြးခ်ယ္ခံရႏိုင္ေျခအမ်ားဆုံးအျဖစ္ရွိလို႔ ေနပါတယ္။
အခုလိုအခ်ိန္မွာ ႐ုပ္ရွင္ထုတ္လုပ္သူေတြ၊ ဒါ႐ိုက္တာေတြကလည္း ၎တို႔ ရလိုတဲ့ မင္းသား/ မင္း သမီးေတြကို အကယ္ဒမီထူးခြၽန္ဆု မရ/ရေအာင္ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားေနၾကၿပီလို႔လည္း သတင္း သဲ့သဲ့ၾကားေနရၿပီျဖစ္ပါ တယ္။ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုကို ေငြေၾကးေပး ဝယ္လို႔ရတဲ့အေနအထားမ်ိဳးထိ မျဖစ္ရေလေအာင္ အကဲျဖတ္သူ ပညာရွင္ေတြက ႐ုပ္ရွင္ဇာတ္ကားမ်ား အကဲျဖတ္ၾကည့္ရႈခ်ိန္မွာ သမာ သမတ္က်ဖို႔ နဲ႔ အဂတိကင္းရွင္းစြာ ဆုံးျဖတ္ ႏိုင္ဖို႔က အေရးႀကီးလွေၾကာင္း ေထာက္ျပအပ္ပါတယ္။ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို လာမယ့္ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ ပထမပတ္မွာ ေနျပည္ေတာ္၌ က်င္းပၾကမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအစည္းအ႐ုံးက အသိေပးေၾကညာ ထားပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Picture

Aung Aung

13/01/2025 08:01

တေးရေးဆရာ မြင့်မိုရ်အောင် မဟုတ် မြင့်မိုးအောင် ဆရာလုပ်ချင်ရင် အတတ်သင်

Related news

© 2021. All rights reserved.