မိုးကုတ်တွင် TNLA နှင့် “ဝ” တို့ ဒေါ်လာသန်းချီတန်ကျောက် လင်ဗန်း (၃) ချပ်စာခန့် နေ့စဉ်တူးဖော် ထုတ်ယူနေ

 13994

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံ၏ ဘဏ္ဍာတိုက်ကြီးတစ်ခုဖြစ်သော မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ခဲ့ပြီး နောက် TNLA နှင့် ဝ တို့ပူးပေါင်းကာ ဒေါ်လာသန်းချီ တန်ကျောက်များကို တစ်ရက်လျှင် လင်ဗန်း(၃)ချပ် စာခန့် နေစဉ်တူးဖော် ထုတ်ယူနေကြောင်း မိုးကုတ်မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
TNLA လက်နက်ကိုင်အဖွဲ့နှင့် UWSA နှင့်ပတ်သက်သော ဝ ကုမ္ပဏီတို့ပူးပေါင်းကာ လွန်ခဲ့သည့် (၂)လခန့်မှစတင်ပြီး မိုးကုတ်မြို့၊ ဂေါက်ကွင်းအနီးတွင် စတင်တူးဖော်ထုတ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့သည် ကမ္ဘာပေါ်တွင် နာမည်ကျော် ပတ္တမြားများ ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး သမိုင်းအစဉ် အဆက် မိုးကုတ်မြို့ခံများသည် နောင်လာနောင်သားများအတွက် ချန်လှပ်ကာ တူးဖော်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း လည်းဖြစ်ကြောင်း သိရသည်။
“အခုချနေပြီ အကြီးအကျယ်ကို တူးနေပြီ။ အဲဒီက ကျောက်ရတဲ့ဟာကို လင်ဗန်းနဲ့(၃)ချပ်စာလောက် ရတယ်။ တစ်ရက်ကိုရတာ။ အဲဒီလင်ဗန်း (၃)ချပ်စာ လောက်ထဲမှာ ဒေါ်လာသန်းချီပါတဲ့ ကျောက်တွေ အများကြီးပဲ။ အခုက ဂေါက်ကွင်းဘက် နည်းနည်းလေး ချောင်ကျတယ်။ ချောင်ကျတဲ့နေရာမှာ တူးတာ။ ဂေါက်ကွင်းရှေ့တည့်တည့် မဟုတ်ဘူး။ အနောက်ဘက် နည်းနည်းလေးချောင်ကျတဲ့ဘက်မှာ တူးတာ။ ကျင်းဘယ်လောက်လဲတော့ မသိဘူး” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့(၂)အဖွဲ့ နေ့စဉ်ပူးပေါင်းတူးဖော်ထုတ်ယူနေသော လင်ဗန်း(၃)ချပ်ခန့်ရှိ ကျောက်များအတွင်း တန်ဖိုးကြီး ကျောက်များဖြစ်သော ပတ္တမြားနှင့် အညံ့ပန်းကျောက်တို့ကို အများဆုံးရရှိနေပြီး နီလာကျောက်အမျိုးအစားလည်း အနည်းငယ် ပါဝင်နေကြောင်း အထက်ပါဒေသခံက ဆိုသည်။
“အဲဒီ(၃)ချပ်လောက်ကနော် ကျောက်ဖြုန်းတွေရတာ မဟုတ်ဘူး။ ဒေါ်လာသောင်းတန်ကျောက်။ သိန်းတန်ကျောက်။ သန်းတန်ကျောက်တွေ ရတာ။ အဲဒါကတော့ ကိုယ်တိုင်မြင်ရတဲ့လူတွေ ပြောတာ။ အဲဒါတွေကို ဝ ကယူတာ။ ဝ က အဲဒီထဲမှာ လူလွှတ်ပြီး လုပ်ခိုင်းတဲ့လူတွေက ရင်းနှီးတဲ့လူတွေပါတယ်” ဟု ၎င်းက ပြောသည်။
မိုးကုတ်မြို့မှ တန်ဖိုးကြီးရတနာများကို ယခုကဲ့သို့ ထုတ်ယူနေခြင်းသည် နိုင်ငံတော်ပိုင်ရတနာများကို ၎င်းတို့လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအတွက်များစွာ နစ်နာဆုံးရှုံးရမှု များ ရှိနေခြင်းဖြစ်သည်။
ယခု ကျောက်မျက်ရတနာများကို ပြင်ပနိုင်ငံများသို့ မှောင်ခိုလမ်းကြောင်းမှ ရောင်းထုတ်ဖွယ်ရှိပြီး ထိုသို့ရောင်းချ၍ ရရှိလာသောငွေများသည် အထက်ပါလက်နက်ကိုင်များကို လက်နက်အင်အား ပိုမို တပ်ဆင်ပေး သကဲ့သို့သာ ဖြစ်နေမည်ဖြစ်ကြောင်း လည်း ခန့်မှန်းချက်များ ရှိနေသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၆၀ဝ)ကျော် ပညာသင်ကြားနေသည့် မဇွပ်ယန်စာသင်ကျောင်းအား KIO နှင့် ကုမ္ပဏီ(၂)ခု တို့ပူးပေါင်းကာ ကျောက်စိမ်းတူးရန် ကျောင်းအတွင်းပိုင်း ခိုးဖျက်ဆီးနေကြောင်း သိရသည်။

Zawgyi Version;
မိုးကုတ္တြင္ TNLA ႏွင့္ “ဝ” တို႔ ေဒၚလာသန္းခ်ီတန္ေက်ာက္ လင္ဗန္း (၃) ခ်ပ္စာခန႔္ ေန႔စဥ္တူးေဖာ္ ထုတ္ယူေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၃

ျမန္မာႏိုင္ငံ၏ ဘ႑ာတိုက္ႀကီးတစ္ခုျဖစ္ေသာ မိုးကုတ္ၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ခဲ့ၿပီး ေနာက္ TNLA ႏွင့္ ဝ တို႔ပူးေပါင္းကာ ေဒၚလာသန္းခ်ီ တန္ေက်ာက္မ်ားကို တစ္ရက္လွ်င္ လင္ဗန္း(၃)ခ်ပ္ စာခန႔္ ေနစဥ္တူးေဖာ္ ထုတ္ယူေနေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
TNLA လက္နက္ကိုင္အဖြဲ႕ႏွင့္ UWSA ႏွင့္ပတ္သက္ေသာ ဝ ကုမၸဏီတို႔ပူးေပါင္းကာ လြန္ခဲ့သည့္ (၂)လခန႔္မွစတင္ၿပီး မိုးကုတ္ၿမိဳ႕၊ ေဂါက္ကြင္းအနီးတြင္ စတင္တူးေဖာ္ထုတ္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။
မိုးကုတ္ၿမိဳ႕သည္ ကမာၻေပၚတြင္ နာမည္ေက်ာ္ ပတၱျမားမ်ား ထြက္ရွိရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သမိုင္းအစဥ္ အဆက္ မိုးကုတ္ၿမိဳ႕ခံမ်ားသည္ ေနာင္လာေနာင္သားမ်ားအတြက္ ခ်န္လွပ္ကာ တူးေဖာ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကျခင္း လည္းျဖစ္ေၾကာင္း သိရသည္။
“အခုခ်ေနၿပီ အႀကီးအက်ယ္ကို တူးေနၿပီ။ အဲဒီက ေက်ာက္ရတဲ့ဟာကို လင္ဗန္းနဲ႔(၃)ခ်ပ္စာေလာက္ ရတယ္။ တစ္ရက္ကိုရတာ။ အဲဒီလင္ဗန္း (၃)ခ်ပ္စာ ေလာက္ထဲမွာ ေဒၚလာသန္းခ်ီပါတဲ့ ေက်ာက္ေတြ အမ်ားႀကီးပဲ။ အခုက ေဂါက္ကြင္းဘက္ နည္းနည္းေလး ေခ်ာင္က်တယ္။ ေခ်ာင္က်တဲ့ေနရာမွာ တူးတာ။ ေဂါက္ကြင္းေရွ႕တည့္တည့္ မဟုတ္ဘူး။ အေနာက္ဘက္ နည္းနည္းေလးေခ်ာင္က်တဲ့ဘက္မွာ တူးတာ။ က်င္းဘယ္ေလာက္လဲေတာ့ မသိဘူး” ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အဆိုပါ လက္နက္ကိုင္အဖြဲ႕(၂)အဖြဲ႕ ေန႔စဥ္ပူးေပါင္းတူးေဖာ္ထုတ္ယူေနေသာ လင္ဗန္း(၃)ခ်ပ္ခန႔္ရွိ ေက်ာက္မ်ားအတြင္း တန္ဖိုးႀကီး ေက်ာက္မ်ားျဖစ္ေသာ ပတၱျမားႏွင့္ အညံ့ပန္းေက်ာက္တို႔ကို အမ်ားဆုံးရရွိေနၿပီး နီလာေက်ာက္အမ်ိဳးအစားလည္း အနည္းငယ္ ပါဝင္ေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“အဲဒီ(၃)ခ်ပ္ေလာက္ကေနာ္ ေက်ာက္ျဖဳန္းေတြရတာ မဟုတ္ဘူး။ ေဒၚလာေသာင္းတန္ေက်ာက္။ သိန္းတန္ေက်ာက္။ သန္းတန္ေက်ာက္ေတြ ရတာ။ အဲဒါကေတာ့ ကိုယ္တိုင္ျမင္ရတဲ့လူေတြ ေျပာတာ။ အဲဒါေတြကို ဝ ကယူတာ။ ဝ က အဲဒီထဲမွာ လူလႊတ္ၿပီး လုပ္ခိုင္းတဲ့လူေတြက ရင္းႏွီးတဲ့လူေတြပါတယ္” ဟု ၎က ေျပာသည္။
မိုးကုတ္ၿမိဳ႕မွ တန္ဖိုးႀကီးရတနာမ်ားကို ယခုကဲ့သို႔ ထုတ္ယူေနျခင္းသည္ ႏိုင္ငံေတာ္ပိုင္ရတနာမ်ားကို ၎တို႔လက္နက္ကိုင္အဖြဲ႕မ်ား၏ အက်ိဳးစီးပြားအတြက္ျဖစ္ၿပီး ႏိုင္ငံေတာ္ဘ႑ာအတြက္မ်ားစြာ နစ္နာဆုံးရႈံးရမႈ မ်ား ရွိေနျခင္းျဖစ္သည္။
ယခု ေက်ာက္မ်က္ရတနာမ်ားကို ျပင္ပႏိုင္ငံမ်ားသို႔ ေမွာင္ခိုလမ္းေၾကာင္းမွ ေရာင္းထုတ္ဖြယ္ရွိၿပီး ထိုသို႔ေရာင္းခ်၍ ရရွိလာေသာေငြမ်ားသည္ အထက္ပါလက္နက္ကိုင္မ်ားကို လက္နက္အင္အား ပိုမို တပ္ဆင္ေပး သကဲ့သို႔သာ ျဖစ္ေနမည္ျဖစ္ေၾကာင္း လည္း ခန႔္မွန္းခ်က္မ်ား ရွိေနသည္။
အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်ာင္းသား၊ ေက်ာင္းသူ (၆၀ဝ)ေက်ာ္ ပညာသင္ၾကားေနသည့္ မဇြပ္ယန္စာသင္ေက်ာင္းအား KIO ႏွင့္ ကုမၸဏီ(၂)ခု တို႔ပူးေပါင္းကာ ေက်ာက္စိမ္းတူးရန္ ေက်ာင္းအတြင္းပိုင္း ခိုးဖ်က္ဆီးေနေၾကာင္း သိရသည္။

Picture

Dar Dar Kate

14/01/2025 12:31

မအလ အုပ်ချုပ်တာနှစ်ချည်ကြာတူးနေတာကြတော့အသံမထွက်ဘူး သူများအုပ်ချုပ်တာလပိုင်းပဲ ရှိသေးတယ် တောင်ပြောမြောက်ပြောနဲ့ တူးတော့ကော ဘာဖြစ်လဲ?

Related news

© 2021. All rights reserved.