လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကြောင့် ဆိုလာနှင့် မီးစက် လေ့လာသူများပြား

 302

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၁၃

လျှပ်စစ်မီး ပုံမှန်မရရှိနိုင်သော အခြေအနေကြောင့် ရန်ကုန်မြို့တွင် ဆိုလာနှင့် မီးစက် ဝယ်ယူရန် စိတ်ဝင်စားမှု များလာကြောင်း ဇန်နဝါရီ(၁၀) ရက်တွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော Myanmar Power & Solar Energy Storage Expo 2025 သို့ လာရောက်သူများထံမှ သိရသည်။ လျှပ်စစ် မီးပျက်ချိန် ပိုမိုကြာမြင့်လာမည့် သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့တွင် လူထု အကြား စိတ်ပူပန်မှုများလည်း ရှိနေသည်။
ထို့‌ကြောင့် ဆိုလာ၊ ဘတ္ထရီ၊ အင်ဗာတာ နှင့် မီးစက်တို့ကို အ‌ရောင်းပြပွဲတစ်ရပ်ကျင်းပရန် စီစဉ်ခြင်းဖြစ် ကြောင်း ၎င်းပြပွဲကျင်းပရေးဆိုင်ရာ ဦးဆောင်စီစဉ်သူက ပြောသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ ဆိုလာနဲ့ မီးစက်ကုမ္ပဏီ အကုန်လုံးလာတာမဟုတ်ပေမယ့် ထက်ဝက်ကျော်လောက်တော့ ဒီပြပွဲမှာ လာရောက်ပြသရောင်းချကြပါတယ်။ အားလုံးပေါင်း လုပ်ငန်းတစ်ရာကျော် လောက်ရှိပါတယ်” ဟု ပြပွဲကျင်းပရေးဆိုင်ရာ ဦးဆောင်စီစဉ်သူက ပြော သည်။
ပြည်တွင်း၌ရောင်းချနေသော ကုမ္ပဏီအများစု ပါဝင်ပြီး ထုတ်လုပ်သောနိုင်ငံမှာ တရုတ် နှင့် အိန္ဒိယကုမ္ပဏီအများစု ပါဝင်‌ကြောင်း သိရသည်။ ယင်းပြပွဲတွင် ရောင်းချသော ကုန်စည်အများစုမှာလည်း ပြည်ပထုတ်ကုန်များဖြစ်ကြပြီး ပြည်တွင်းထုတ်ပစ္စည်းများမှာ အရည်အသွေးဆိုင်ရာနိမ့်ကျခြင်းကြောင့် ရန်ကုန်မြို့ခံ လူထုအကြား စိတ်ဝင်စားမှု နည်းပါး‌ကြောင်း သိရသည်။
“မြန်မာပြည်အရောင်းကိုယ်စားလှယ် တွေက ပစ္စည်းအရည်အသွေးနိမ့်ပြီးတင်သွင်းဖို့ ကြိုးစားတယ်။ အမှတ်တံဆိပ်နာမည်ကို ဂရုမစိုက်ဘူး၊ နိုင်ငံတကာမှာ နာမည်ရပေမယ့် မြန်မာပြည်မှာ နာမည်ပျက်သွားတယ်။ ဒါကြောင့် ကိုယ်တိုင်လာ ရောက်ရောင်းနေရတာပါ” ဟု တရုတ်ပြည်မှ ကိုယ်တိုင်လာရောက်ရောင်းချသူ ဘတ္ထရီ ကုမ္ပဏီတစ်ခု၏ တာဝန်ခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးဖြစ်သော ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးအချိန်မှန်အောင် မပေးနိုင်ခြင်း‌ကြောင့် သက်ကြီး ရွယ်အိုနှင့် စာပေလေ့လာသူကျောင်းသားများအတွက် အလင်းရောင်ရရှိမှု အခက်အခဲမြင့်မားကြောင်း အဆိုပါပြပွဲမှ သိရှိနိုင်သည်။ လာရောက်လေ့လာသူများတွင် အိမ်ထောင်ဦးစီးများနှင့် ကုမ္ပဏီပိုင်ရှင်များ၊ အလုပ်ရုံ ပိုင်ရှင်များ ပါဝင်ပြီး ကားရပ်ရန် နေရာမရှိသည်အထိ တွေ့ရှိရသည်။ “ပြပွဲက ဇန်နဝါရီ (၁၀) ရက်ကနေ (၁၂)ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာပါ။ ဈေးဝယ်ယူတဲ့သူတွေအပေါ် ကံစမ်းမဲဖောက်တဲ့ အစီအစဉ်တွေ လည်း ပါဝင်မှာဖြစ်ပါတယ်” ဟု ပြပွဲကျင်းပရေးဆိုင်ရာဦးဆောင်စီစဉ်သူက ပြောသည်။
ပြည်တွင်းထုတ်ကုန်အများစုမှာ အဆင့်မြှင့်တင်နိုင်မှုအားနည်းချက်များနှင့် နည်းပညာ လိုအပ်ချက်များ‌ကြောင့် လျှပ်စစ်စွမ်းအင်ဖြင့် စား၊ဝတ်၊နေရေး ဖြေရှင်းနိုင်ရန် ဆိုလာ၊ အင်ဗာတာနှင့် မီးစက်များကို ရန်ကုန်မြို့ခံများအကြား မှီခိုနေကြရသည်။

Zawgyi Version;
လွ်ပ္စစ္စြမ္းအင္ လိုအပ္ခ်က္ေၾကာင့္ ဆိုလာႏွင့္ မီးစက္ ေလ့လာသူမ်ားျပား
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၁၃

လွ်ပ္စစ္မီး ပုံမွန္မရရွိႏိုင္ေသာ အေျခအေနေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ ဆိုလာႏွင့္ မီးစက္ ဝယ္ယူရန္ စိတ္ဝင္စားမႈ မ်ားလာေၾကာင္း ဇန္နဝါရီ(၁၀) ရက္တြင္ ရန္ကုန္ကြန္ဗင္းရွင္းစင္တာတြင္ ျပဳလုပ္ေသာ Myanmar Power & Solar Energy Storage Expo 2025 သို႔ လာေရာက္သူမ်ားထံမွ သိရသည္။ လွ်ပ္စစ္ မီးပ်က္ခ်ိန္ ပိုမိုၾကာျမင့္လာမည့္ သတင္းထြက္ေပၚလာၿပီးေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ၏ လူဦးေရ အထူထပ္ဆုံးျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ လူထု အၾကား စိတ္ပူပန္မႈမ်ားလည္း ရွိေနသည္။
ထို႔‌ေၾကာင့္ ဆိုလာ၊ ဘတၳရီ၊ အင္ဗာတာ ႏွင့္ မီးစက္တို႔ကို အ‌ေရာင္းျပပြဲတစ္ရပ္က်င္းပရန္ စီစဥ္ျခင္းျဖစ္ ေၾကာင္း ၎ျပပြဲက်င္းပေရးဆိုင္ရာ ဦးေဆာင္စီစဥ္သူက ေျပာသည္။ “ျမန္မာႏိုင္ငံမွာရွိတဲ့ ဆိုလာနဲ႔ မီးစက္ကုမၸဏီ အကုန္လုံးလာတာမဟုတ္ေပမယ့္ ထက္ဝက္ေက်ာ္ေလာက္ေတာ့ ဒီျပပြဲမွာ လာေရာက္ျပသေရာင္းခ်ၾကပါတယ္။ အားလုံးေပါင္း လုပ္ငန္းတစ္ရာေက်ာ္ ေလာက္ရွိပါတယ္” ဟု ျပပြဲက်င္းပေရးဆိုင္ရာ ဦးေဆာင္စီစဥ္သူက ေျပာ သည္။
ျပည္တြင္း၌ေရာင္းခ်ေနေသာ ကုမၸဏီအမ်ားစု ပါဝင္ၿပီး ထုတ္လုပ္ေသာႏိုင္ငံမွာ တ႐ုတ္ ႏွင့္ အိႏၵိယကုမၸဏီအမ်ားစု ပါဝင္‌ေၾကာင္း သိရသည္။ ယင္းျပပြဲတြင္ ေရာင္းခ်ေသာ ကုန္စည္အမ်ားစုမွာလည္း ျပည္ပထုတ္ကုန္မ်ားျဖစ္ၾကၿပီး ျပည္တြင္းထုတ္ပစၥည္းမ်ားမွာ အရည္အေသြးဆိုင္ရာနိမ့္က်ျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕ခံ လူထုအၾကား စိတ္ဝင္စားမႈ နည္းပါး‌ေၾကာင္း သိရသည္။
“ျမန္မာျပည္အေရာင္းကိုယ္စားလွယ္ ေတြက ပစၥည္းအရည္အေသြးနိမ့္ၿပီးတင္သြင္းဖို႔ ႀကိဳးစားတယ္။ အမွတ္တံဆိပ္နာမည္ကို ဂ႐ုမစိုက္ဘူး၊ ႏိုင္ငံတကာမွာ နာမည္ရေပမယ့္ ျမန္မာျပည္မွာ နာမည္ပ်က္သြားတယ္။ ဒါေၾကာင့္ ကိုယ္တိုင္လာ ေရာက္ေရာင္းေနရတာပါ” ဟု တ႐ုတ္ျပည္မွ ကိုယ္တိုင္လာေရာက္ေရာင္းခ်သူ ဘတၳရီ ကုမၸဏီတစ္ခု၏ တာဝန္ခံတစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံ၏ လူဦးေရ အမ်ားဆုံးျဖစ္ေသာ ရန္ကုန္ၿမိဳ႕ေတာ္တြင္ လွ်ပ္စစ္မီးအခ်ိန္မွန္ေအာင္ မေပးႏိုင္ျခင္း‌ေၾကာင့္ သက္ႀကီး ႐ြယ္အိုႏွင့္ စာေပေလ့လာသူေက်ာင္းသားမ်ားအတြက္ အလင္းေရာင္ရရွိမႈ အခက္အခဲျမင့္မားေၾကာင္း အဆိုပါျပပြဲမွ သိရွိႏိုင္သည္။ လာေရာက္ေလ့လာသူမ်ားတြင္ အိမ္ေထာင္ဦးစီးမ်ားႏွင့္ ကုမၸဏီပိုင္ရွင္မ်ား၊ အလုပ္႐ုံ ပိုင္ရွင္မ်ား ပါဝင္ၿပီး ကားရပ္ရန္ ေနရာမရွိသည္အထိ ေတြ႕ရွိရသည္။ “ျပပြဲက ဇန္နဝါရီ (၁၀) ရက္ကေန (၁၂)ရက္အထိ သုံးရက္ၾကာ က်င္းပသြားမွာပါ။ ေဈးဝယ္ယူတဲ့သူေတြအေပၚ ကံစမ္းမဲေဖာက္တဲ့ အစီအစဥ္ေတြ လည္း ပါဝင္မွာျဖစ္ပါတယ္” ဟု ျပပြဲက်င္းပေရးဆိုင္ရာဦးေဆာင္စီစဥ္သူက ေျပာသည္။
ျပည္တြင္းထုတ္ကုန္အမ်ားစုမွာ အဆင့္ျမႇင့္တင္ႏိုင္မႈအားနည္းခ်က္မ်ားႏွင့္ နည္းပညာ လိုအပ္ခ်က္မ်ား‌ေၾကာင့္ လွ်ပ္စစ္စြမ္းအင္ျဖင့္ စား၊ဝတ္၊ေနေရး ေျဖရွင္းႏိုင္ရန္ ဆိုလာ၊ အင္ဗာတာႏွင့္ မီးစက္မ်ားကို ရန္ကုန္ၿမိဳ႕ခံမ်ားအၾကား မွီခိုေနၾကရသည္။

Related news

© 2021. All rights reserved.