တောင်ကိုရီးယားမင်းသား မင်းသားပက်ခ်ဆန်းဟွမ် ဝေဖန်မှုတွေကြောင့် "The Tyrant's Chef" ဒရာမာမှ နှုတ်ထွက်
95
ရောင်နီ (NP News) - ဇန်နဝါရီ ၁၃
တောင်ကိုရီးယားမင်းသားပက်ခ်ဆန်းဟွမ်ဟာ ဒရာမာသစ် "The Tyrant's Chef" ခေါင်းဆောင်မင်းသား ကာရိုက်တာမှ နှုတ်ထွက်သွားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းက ပက်ခ်ဆန်းဟွမ်ဟာ မင်းသမီး ယွန်းအေနဲ့အတူ ဒရာမာသစ် "The Tyrant's Chef" မှာ အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို လက်ခံရရှိထားခဲ့ပါတယ်။ ဒါပေမယ့် ပက်ခ်ဆန်းဟွမ်ဟာ သူပါဝင်တဲ့ "Squid Game" Season 2 ဒရာမာရဲ့ပိုစတာကို ဂျပန်လူကြီးကား ပိုစတာနဲ့ မှားယွင်းပြီး Instagram Story မှာ တင်ခဲ့ပါတယ်။ အဲဒီ story ကို ချက်ချင်းပြန်ဖျက်ခဲ့ပေမယ့် လက်မြန်တဲ့ အင်တာနက်သုံးစွဲသူတွေကြောင့် ဝေဖန်ခံနေရပြီး သူ့ရဲ့နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကား "The Tyrant's Chef" အပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
ပက်ခ်ဆန်းဟွမ်ရဲ့အေဂျင်စီ BH Entertainment က ဒါဟာ မတော်တဆ မှားယွင်းတင်ခဲ့မိခြင်းဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောကြားခဲ့ပေမယ့် ပက်ခ်ဆန်းဟွမ်ကို "The Tyrant's Chef" ကာရိုက်တာမှ နှုတ်ထွက်ဖို့ တောင်းဆိုမှု တွေ မြင့်မားလာခဲ့ပါတယ်။
ဒါကြောင့် ဇန်နဝါရီလ ၁၂ ရက်မှာတော့ "The Tyrant's Chef" ဒရာမာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Studio Dragon က ထုတ်လုပ်ရေးအဖွဲ့နဲ့ ပက်ခ်ဆန်းဟွမ်ရဲ့ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် သူ့အနေနဲ့ ဒီပရောဂျက်မှာ ပါဝင်ဖို့ ခက်ခဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေကြောင့် ပက်ခ်ဆန်းဟို ဟာ ထုတ်လုပ်ရေးအဖွဲ့နဲ့ နှုတ်ဆက်ခွဲခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ဖို့နဲ့ ဇာတ်ညွှန်းဖတ် အချိန်ဇယားကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ Studio Dragon က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပက်ခ်ဆန်းဟွမ်ဟာ "Squid Game" Season 2 မှာ ပါဝင်ခဲ့တဲ့ သူ့ကာရိုက်တာကြောင့် ပရိသတ်များစွာ သတိထားမိနေသူ ဖြစ်ပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားမင္းသား မင္းသားပက္ခ္ဆန္းဟြမ္ ေဝဖန္မႈေတြေၾကာင့္ "The Tyrant's Chef" ဒရာမာမွ ႏႈတ္ထြက္
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၃
ေတာင္ကိုရီးယားမင္းသားပက္ခ္ဆန္းဟြမ္ဟာ ဒရာမာသစ္ "The Tyrant's Chef" ေခါင္းေဆာင္မင္းသား ကာ႐ိုက္တာမွ ႏႈတ္ထြက္သြားခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ အေစာပိုင္းက ပက္ခ္ဆန္းဟြမ္ဟာ မင္းသမီး ယြန္းေအနဲ႔အတူ ဒရာမာသစ္ "The Tyrant's Chef" မွာ အမ်ိဳးသားဇာတ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းမႈကို လက္ခံရရွိထားခဲ့ပါတယ္။ ဒါေပမယ့္ ပက္ခ္ဆန္းဟြမ္ဟာ သူပါဝင္တဲ့ "Squid Game" Season 2 ဒရာမာရဲ႕ပိုစတာကို ဂ်ပန္လူႀကီးကား ပိုစတာနဲ႔ မွားယြင္းၿပီး Instagram Story မွာ တင္ခဲ့ပါတယ္။ အဲဒီ story ကို ခ်က္ခ်င္းျပန္ဖ်က္ခဲ့ေပမယ့္ လက္ျမန္တဲ့ အင္တာနက္သုံးစြဲသူေတြေၾကာင့္ ေဝဖန္ခံေနရၿပီး သူ႔ရဲ႕ေနာက္ထပ္႐ိုက္ကူးမယ့္ ဇာတ္ကား "The Tyrant's Chef" အေပၚ ႐ိုက္ခတ္မႈေတြ ရွိလာခဲ့ပါတယ္။
ပက္ခ္ဆန္းဟြမ္ရဲ႕ေအဂ်င္စီ BH Entertainment က ဒါဟာ မေတာ္တဆ မွားယြင္းတင္ခဲ့မိျခင္းျဖစ္တယ္ဆိုတာကို ရွင္းလင္းေျပာၾကားခဲ့ေပမယ့္ ပက္ခ္ဆန္းဟြမ္ကို "The Tyrant's Chef" ကာ႐ိုက္တာမွ ႏႈတ္ထြက္ဖို႔ ေတာင္းဆိုမႈ ေတြ ျမင့္မားလာခဲ့ပါတယ္။
ဒါေၾကာင့္ ဇန္နဝါရီလ ၁၂ ရက္မွာေတာ့ "The Tyrant's Chef" ဒရာမာ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ Studio Dragon က ထုတ္လုပ္ေရးအဖြဲ႕နဲ႔ ပက္ခ္ဆန္းဟြမ္ရဲ႕ကိုယ္စားလွယ္ေတြၾကား ေဆြးေႏြးမႈမ်ားစြာျပဳလုပ္ၿပီးေနာက္ သူ႔အေနနဲ႔ ဒီပေရာဂ်က္မွာ ပါဝင္ဖို႔ ခက္ခဲမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး ကြၽန္ေတာ္တို႔ရဲ႕ေဆြးေႏြးမႈေတြေၾကာင့္ ပက္ခ္ဆန္းဟို ဟာ ထုတ္လုပ္ေရးအဖြဲ႕နဲ႔ ႏႈတ္ဆက္ခြဲခြာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။
အဲဒီဇာတ္ကားအတြက္ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ဖို႔နဲ႔ ဇာတ္ၫႊန္းဖတ္ အခ်ိန္ဇယားကိုေတာ့ မဆုံးျဖတ္ရေသးဘူးလို႔ Studio Dragon က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ပက္ခ္ဆန္းဟြမ္ဟာ "Squid Game" Season 2 မွာ ပါဝင္ခဲ့တဲ့ သူ႔ကာ႐ိုက္တာေၾကာင့္ ပရိသတ္မ်ားစြာ သတိထားမိေနသူ ျဖစ္ပါတယ္။