ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး နွံကန်ပြိုကျကာ နေအိမ်(၅၀)ကျော်ပိမိ၍ လူပေါင်းရာကျော် ပျောက်ဆုံးနေ
738
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးနွံကန်ပြိုကျကာ လူနေအိမ်(၅၀)ကျော်ပိမိ၍ လူပေါင်းရာကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၃ ရက်)၊ နံနက် ၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ကျောက်စိမ်းလုပ်ကွက်ကန်က မြေကြီးတွေနဲ့ရေတွေနဲ့ရောပြီး ပျော့အိအိပျစ်ပျစ်ကြီးတွေဖြစ်နေတဲ့ ကန်ကြီးကို စုပ်ထုတ်လို့ လည်းမရတော့ ကန်ရဲ့ဘေး နှုတ်ခမ်းတွေက ပါးလာပြီး ညဥ့်နက် သန်းခေါင်မှာ ဝုန်းဆိုပြိုကျတာ။ အဲဒီမှာ စပေါ့ကျေးရွာက လူနေအိမ် (၅၀)လောက်မြုပ်ကုန်တာ။ ပွင့်ကျတာလည်း ည(၁)နာရီဆိုတော့ လူတွေအားလုံး အိပ်ကောင်းနေတဲ့အချိန်ဆိုတော့ ဘယ်မှလည်း ထွက် ပြေးလို့မလွတ်ဘူးပေါ့။ အဲဒီမှာ အိမ်တွေပါသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကျောက်စိမ်းနွံကန်ပြိုကျမှုကြောင့် လူနေအိမ်(၃၀၀)ကျော်ရှိ စပေါ့ကျေးရွာမှာ အိမ်ခြေ (၅၀)ကျော် နွံအောင်နှစ်မြုပ်ခဲ့ပြီး လူဦးရေ(၁၀၀)ကျော် ပျောက်ဆုံးခဲ့ရာမှ လက်ရှိတွင် ရုပ်အလောင်း (၈)လောင်းသာ ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း ကနဦး သိရသည်။
ပြိုကျခဲ့သည့် နွံကန်သည် KIA ၏ ခွင့်ပြုချက်ဖြင့် စပေါ့ကျေးရွာ ဘဇံချောင်နေရာတွင် တူးဖော်နေသောကုမ္ပဏီတစ်ခု၏ ကျောက်စိမ်းလုပ် ကွက်ကန်ဖြစ်ပြီး ပြီးခဲ့သည့် ကာလက ပြိုကျနိုင်သည့် အန္တရာယ်ရှိသည့်အတွက် ဖောက်ထုတ်ပေးရန် ကျေးရွာနေဒေသခံများက တင်ပြခဲ့သော်လည်း လုပ်ဆောင်ပေးခြင်းမရှိသည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပြောရရင် KIA က ဂရုမစိုက်လို့ဖြစ်သွားတာ။ ဘာတာဝန်မှလည်း မခံဘူး။ ဒီလိုဖြစ်စဉ်တွေက နှစ်စဉ်နှစ်တိုင်းဖြစ်တယ်။ အဓိကကတော့ ငါ ရရင်ပြီးရောဆိုပြီး ခရိုနီတွေနဲ့ပေါင်းလုပ်တာ။ အရင်တုန်းကတော့ KIA က ပြည်သူတွေအကျိုးစီးပွားမကြည့်ဘူး။ မကြည့်ဘူးပြောတဲ့လူတွေက အခုလည်း သူတို့က ဒီအတိုင်းပါပဲ။ သူ့တို့အကျိုးစီးပွားပဲကြည့်တာ” ဟု အထက်ပါဒေသခံက ဆိုသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်ကလည်း ဖားကန့်မြို့နယ်အေးမြသာယာရပ်ကွက်၊ မနကျေးရွာအနီး မြေစာကန်ပြိုကျမှုကြောင့် လူပေါင်း (၂၅)ဦး ထက်မနည်း ပျောက်ဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Zawgyi Version;
ဖားကန႔္တြင္ ေက်ာက္စိမ္းတူးေဖာ္ေရးႏြံကန္ၿပိဳက်ကာ ေနအိမ္(၅၀)ေက်ာ္ပိမိ၍ လူေပါင္းရာေက်ာ္ေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၃
ကခ်င္ျပည္နယ္၊ ဖားကန႔္တြင္ ေက်ာက္စိမ္းတူးေဖာ္ေရးႏြံကန္ၿပိဳက်ကာ လူေနအိမ္(၅၀)ေက်ာ္ပိမိ၍ လူေပါင္းရာေက်ာ္ ေပ်ာက္ဆုံးေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၁၃ ရက္)၊ နံနက္ ၁ နာရီခန႔္က ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ စေပါ့ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက ေက်ာက္စိမ္းလုပ္ကြက္ကန္က ေျမႀကီးေတြနဲ႔ေရေတြနဲ႔ေရာၿပီး ေပ်ာ့အိအိပ်စ္ပ်စ္ႀကီးေတြျဖစ္ေနတဲ့ ကန္ႀကီးကို စုပ္ထုတ္လို႔ လည္းမရေတာ့ ကန္ရဲ႕ေဘး ႏႈတ္ခမ္းေတြက ပါးလာၿပီး ညဥ့္နက္ သန္းေခါင္မွာ ဝုန္းဆိုၿပိဳက်တာ။ အဲဒီမွာ စေပါ့ေက်း႐ြာက လူေနအိမ္ (၅၀)ေလာက္ျမဳပ္ကုန္တာ။ ပြင့္က်တာလည္း ည(၁)နာရီဆိုေတာ့ လူေတြအားလုံး အိပ္ေကာင္းေနတဲ့အခ်ိန္ဆိုေတာ့ ဘယ္မွလည္း ထြက္ ေျပးလို႔မလြတ္ဘူးေပါ့။ အဲဒီမွာ အိမ္ေတြပါသြားတာ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါေက်ာက္စိမ္းႏြံကန္ၿပိဳက်မႈေၾကာင့္ လူေနအိမ္(၃၀၀)ေက်ာ္ရွိ စေပါ့ေက်း႐ြာမွာ အိမ္ေျခ (၅၀)ေက်ာ္ ႏြံေအာင္ႏွစ္ျမဳပ္ခဲ့ၿပီး လူဦးေရ(၁၀၀)ေက်ာ္ ေပ်ာက္ဆုံးခဲ့ရာမွ လက္ရွိတြင္ ႐ုပ္အေလာင္း (၈)ေလာင္းသာ ျပန္လည္ရွာေဖြေတြ႕ရွိထားေၾကာင္း ကနဦး သိရသည္။
ၿပိဳက်ခဲ့သည့္ ႏြံကန္သည္ KIA ၏ ခြင့္ျပဳခ်က္ျဖင့္ စေပါ့ေက်း႐ြာ ဘဇံေခ်ာင္ေနရာတြင္ တူးေဖာ္ေနေသာကုမၸဏီတစ္ခု၏ ေက်ာက္စိမ္းလုပ္ ကြက္ကန္ျဖစ္ၿပီး ၿပီးခဲ့သည့္ ကာလက ၿပိဳက်ႏိုင္သည့္ အႏၲရာယ္ရွိသည့္အတြက္ ေဖာက္ထုတ္ေပးရန္ ေက်း႐ြာေနေဒသခံမ်ားက တင္ျပခဲ့ေသာ္လည္း လုပ္ေဆာင္ေပးျခင္းမရွိသည့္အတြက္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“ေျပာရရင္ KIA က ဂ႐ုမစိုက္လို႔ျဖစ္သြားတာ။ ဘာတာဝန္မွလည္း မခံဘူး။ ဒီလိုျဖစ္စဥ္ေတြက ႏွစ္စဥ္ႏွစ္တိုင္းျဖစ္တယ္။ အဓိကကေတာ့ ငါ ရရင္ၿပီးေရာဆိုၿပီး ခ႐ိုနီေတြနဲ႔ေပါင္းလုပ္တာ။ အရင္တုန္းကေတာ့ KIA က ျပည္သူေတြအက်ိဳးစီးပြားမၾကည့္ဘူး။ မၾကည့္ဘူးေျပာတဲ့လူေတြက အခုလည္း သူတို႔က ဒီအတိုင္းပါပဲ။ သူ႔တို႔အက်ိဳးစီးပြားပဲၾကည့္တာ” ဟု အထက္ပါေဒသခံက ဆိုသည္။
အလားတူ ၂၀၂၄ ခုႏွစ္၊ မတ္လ ၁၂ ရက္ကလည္း ဖားကန႔္ၿမိဳ႕နယ္ေအးျမသာယာရပ္ကြက္၊ မနေက်း႐ြာအနီး ေျမစာကန္ၿပိဳက်မႈေၾကာင့္ လူေပါင္း (၂၅)ဦး ထက္မနည္း ေပ်ာက္ဆုံးခဲ့ရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။