စင်ကာပူကမ်းလွန်မှာ ရေနံတင်သင်္ဘောတစ်စီးနစ်မြုပ်
3039
Pika (NP News) - ဇန်နဝါရီ ၁၃
စင်ကာပူနိုင်ငံ ရေပိုင်နက် Pedra Branca ကျွန်းကမ်းလွန်မှာ ဇန်နဝါရီလ (၁၂)ရက်က မလေးရှားနိုင်ငံ မှတ်ပုံတင် ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးနောက် သင်္ဘောအမှုထမ်းအားလုံးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ(၁၂)ရက် ညနေ(၃)နာရီ(၄၀)မိနစ်အချိန်မှာ သင်္ဘောရေဝင်နေတယ်ဆိုတဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA) က လက်ခံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နစ်မြုပ်သွားတဲ့ ရေနံတင်သင်္ဘောရဲ့သင်္ဘောအမှုထမ်း(၈)ဦးစလုံးကို အသက်ကယ်ဖောင်တွေပေါ်ကနေ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ သင်္ဘောသား(၈)ဦးကို အကူအညီတွေပေးဖို့အတွက် MPA က ညွှန်ကြားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှတ်ပုံတင် ကုန်တင် သင်္ဘောက အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
MPA က “ရှာဖွေကယ်ဆယ်ရေးကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ စင်ကာပူနိုင်ငံ ရေတပ်က သင်္ဘောတစ်စီး၊ စင်ကာပူကမ်းခြေစောင့်တပ်ဖွဲ့တို့နဲ့အတူ ကျွန်တော်တို့ရဲ့သင်္ဘောတွေကို ဖြန့်ကျက်ချထားခဲ့ပါတယ်။ MPA က ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအားလုံး အောင်မြင်စွာပြီးဆုံးသွားပါပြီ။ နစ်မြုပ်သွားတဲ့ ရေနံတင်သင်္ဘောရဲ့အမှုထမ်းအားလုံးဟာ ကောင်းမွန်တဲ့အခြေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
စင္ကာပူကမ္းလြန္မွာ ေရနံတင္သေဘၤာတစ္စီးနစ္ျမဳပ္
Pika (NP News) - ဇန္နဝါရီ ၁၃
စင္ကာပူႏိုင္ငံ ေရပိုင္နက္ Pedra Branca ကြၽန္းကမ္းလြန္မွာ ဇန္နဝါရီလ (၁၂)ရက္က မေလးရွားႏိုင္ငံ မွတ္ပုံတင္ ေရနံတင္သေဘၤာတစ္စီး နစ္ျမဳပ္ခဲ့ၿပီးေနာက္ သေဘၤာအမႈထမ္းအားလုံးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဇန္နဝါရီလ(၁၂)ရက္ ညေန(၃)နာရီ(၄၀)မိနစ္အခ်ိန္မွာ သေဘၤာေရဝင္ေနတယ္ဆိုတဲ့ အေရးေပၚ ဖုန္းေခၚဆိုမႈကို စင္ကာပူေရေၾကာင္းနဲ႔ ဆိပ္ကမ္းအာဏာပိုင္ (MPA) က လက္ခံရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
နစ္ျမဳပ္သြားတဲ့ ေရနံတင္သေဘၤာရဲ႕သေဘၤာအမႈထမ္း(၈)ဦးစလုံးကို အသက္ကယ္ေဖာင္ေတြေပၚကေန ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။ အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့ သေဘၤာသား(၈)ဦးကို အကူအညီေတြေပးဖို႔အတြက္ MPA က ၫႊန္ၾကားခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံမွတ္ပုံတင္ ကုန္တင္ သေဘၤာက ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
MPA က “ရွာေဖြကယ္ဆယ္ေရးႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ စင္ကာပူႏိုင္ငံ ေရတပ္က သေဘၤာတစ္စီး၊ စင္ကာပူကမ္းေျခေစာင့္တပ္ဖြဲ႕တို႔နဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕သေဘၤာေတြကို ျဖန႔္က်က္ခ်ထားခဲ့ပါတယ္။ MPA က ညႇိႏႈိင္းေဆာင္႐ြက္ခဲ့တဲ့ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြအားလုံး ေအာင္ျမင္စြာၿပီးဆုံးသြားပါၿပီ။ နစ္ျမဳပ္သြားတဲ့ ေရနံတင္သေဘၤာရဲ႕အမႈထမ္းအားလုံးဟာ ေကာင္းမြန္တဲ့အေျခအေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံမွာ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။