ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုးဖွင့်လှစ်

 429

စော (NP News) - ဇန်နဝါရီ ၁၃

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် (၈)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပရန် သတ်မှတ်ခဲ့ရာမှ လာမည့် ဇန်နဝါရီလ ၁၉ ရက်အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်တွင် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန် အပါအဝင် ဇုန်ရှစ်ဇုန် ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၅ မျိုးခန့်၊ ဒေသပန်းမျိုးစိတ်မျိုး ၂၀ ခန့် စုစုပေါင်း ပန်းနှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရသည်။

ထိုပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့်အစီအစဉ်များ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း နှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ျပင္ဦးလြင္ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ ႏွစ္ (၁၀၀)ျပည့္ အထိမ္းအမွတ္ပန္းပြဲေတာ္ကို ရက္တိုးဖြင့္လွစ္
ေစာ (NP News) - ဇန္နဝါရီ ၁၃

ျပင္ဦးလြင္ၿမိဳ႕ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ ႏွစ္ (၁၀၀)ျပည့္ အထိမ္းအမွတ္ (၁၇)ႀကိမ္ေျမာက္ ပန္းပြဲေတာ္ကို ရက္တိုး ဖြင့္လွစ္ထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ပန္းပြဲေတာ္ကို ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၁၄ ရက္မွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္၊ နံနက္ (၈)နာရီမွ ညေန (၅)နာရီအထိ က်င္းပရန္ သတ္မွတ္ခဲ့ရာမွ လာမည့္ ဇန္နဝါရီလ ၁၉ ရက္အထိ ထပ္မံတိုးျမႇင့္ ဖြင့္လွစ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ ႏွစ္(၁၀၀)ျပည့္အထိမ္းအမွတ္ (၁၇)ႀကိမ္ေျမာက္ ပန္းပြဲေတာ္တြင္ ဆန္းသစ္သည့္ ေျမယာရႈခင္းပုံစံမ်ား၊ ျပည္တြင္းျပည္ပ ပန္းမ်ိဳးစိတ္မ်ိဳးစုံ၊ ေဒသပန္းမ်ိဳးမ်ား ျပသသည့္ ဇုန္တစ္ဇုန္ အပါအဝင္ ဇုန္ရွစ္ဇုန္ ပါဝင္၍ ရာသီပန္းမ်ိဳးစိတ္ ၂၅ မ်ိဳးခန႔္၊ ေဒသပန္းမ်ိဳးစိတ္မ်ိဳး ၂၀ ခန႔္ စုစုေပါင္း ပန္းႏွစ္သိန္းေက်ာ္ စိုက္ပ်ိဳးျပသထားေၾကာင္း သိရသည္။

ထိုျပင္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ ေဈးေရာင္းပြဲေတာ္၊ ေဒသထြက္ကုန္ျပခန္းမ်ားႏွင့္ ဆိုင္ခန္းမ်ားျဖင့္ ေရာင္းခ်ေပးသည့္အစီအစဥ္မ်ား၊ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ ႏွစ္ (၁၀၀) ျပည့္အထိမ္းအမွတ္ (၁၇)ႀကိမ္ေျမာက္ပန္းပြဲေတာ္၊ ပြဲေကာက္ေရတံခြန္အပန္းေျဖစခန္း ႏွင့္ အထင္ကရေနရာမ်ားသို႔ အနယ္နယ္အရပ္ရပ္မွ လာေရာက္လည္ပတ္အပန္းေျဖအနားယူသူမ်ားျဖင့္ စည္ကားလ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.