ဂရင်းလန်းကျွန်းကို အမေရိကန်ပိုင်နက်အဖြစ်ထည့်သွင်းမယ့်အစီအစဉ်ကိုကြိုဆိုကြောင်း အီလွန်မတ်ပြော
932
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၃
ဂရင်းလန်းကျွန်းကို အမေရိကန်နိုင်ငံရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ်ထည့်သွင်းခြင်းကို ထောက်ခံကြိုဆိုကြောင်း ကမ္ဘာအချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်က ပြောပါတယ်။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါနယ်ထရမ့်က ဒိန်းမတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဖြစ်သော ဂရင်းလန်းကျွန်းကို အမေရိကန်ပိုင်နက်အဖြစ်ရယူနိုင်ဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပဲ အီလွန်မတ်က အခုလိုမျိုးပြောခဲ့တာပါ။
ဂရင်းလန်းကျွန်းမှာနေထိုင်တဲ့ ပြည်သူတွေဟာ အမေရိကန်နိုင်ငံ အဖြစ်ပူးပေါင်းပါဝင်ဖို့ လက်ခံမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ အီလွန်မတ်က ပြောပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့စစ်တမ်းထဲမှာ ဂရင်းလန်းကျွန်းရှိပြည်သူအများစုဟာ ကိုယ်ပိုင်လွတ်လပ်ရေး ရဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ကမ်းလှမ်းခဲ့ဖူးပြီး ဒိန်းမတ်အစိုးရနဲ့ ဂရင်းလန်းပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် အောင်မြင်မှုမရဘဲဖြစ်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာလည်း ဒိန်းမတ်ဝန်ကြီးချုပ်က ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချထားပါတယ်။ ဒိန်းမတ်အစိုးရက ဂရင်းလန်းကျွန်းမှာ စစ်ရေးတည်ဆောက်ဖို့ အမေရိကန်အစိုးရနဲ့ဆွေးနွေးဖို့လမ်းကြောင်း ဖွင့်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဂရင်းလန်းကျွန်းဟာ မဟာဗျူဟာမြောက်အရေးပါတဲ့နေရာဖြစ်ပြီး လူဦးရေ ခြောက်သောင်းကျော်ရှိကာ ၁၉၇၉ခု နှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
Zawgyi Version;
ဂရင္းလန္းကြၽန္းကို အေမရိကန္ပိုင္နက္အျဖစ္ထည့္သြင္းမယ့္အစီအစဥ္ကိုႀကိဳဆိုေၾကာင္း အီလြန္မတ္ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၃
ဂရင္းလန္းကြၽန္းကို အေမရိကန္ႏိုင္ငံရဲ႕ ပိုင္နက္အစိတ္အပိုင္းအျဖစ္ထည့္သြင္းျခင္းကို ေထာက္ခံႀကိဳဆိုေၾကာင္း ကမာၻအခ်မ္းသာဆုံး သူေဌးႀကီး အီလြန္မတ္က ေျပာပါတယ္။ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒါနယ္ထရမ့္က ဒိန္းမတ္ႏိုင္ငံရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ကြၽန္းျဖစ္ေသာ ဂရင္းလန္းကြၽန္းကို အေမရိကန္ပိုင္နက္အျဖစ္ရယူႏိုင္ဖို႔ စိတ္ဝင္စားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ပဲ အီလြန္မတ္က အခုလိုမ်ိဳးေျပာခဲ့တာပါ။
ဂရင္းလန္းကြၽန္းမွာေနထိုင္တဲ့ ျပည္သူေတြဟာ အေမရိကန္ႏိုင္ငံ အျဖစ္ပူးေပါင္းပါဝင္ဖို႔ လက္ခံမယ္ဆိုရင္ ႀကိဳဆိုသြားမယ္လို႔ အီလြန္မတ္က ေျပာပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့စစ္တမ္းထဲမွာ ဂရင္းလန္းကြၽန္းရွိျပည္သူအမ်ားစုဟာ ကိုယ္ပိုင္လြတ္လပ္ေရး ရဖို႔ လိုလားေနတယ္လို႔ ဆိုပါတယ္။
ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း ဂရင္းလန္းကြၽန္းကို ဝယ္ယူဖို႔ကမ္းလွမ္းခဲ့ဖူးၿပီး ဒိန္းမတ္အစိုးရနဲ႔ ဂရင္းလန္းျပည္သူေတြရဲ႕ကန႔္ကြက္မႈေၾကာင့္ ေအာင္ျမင္မႈမရဘဲျဖစ္ခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာလည္း ဒိန္းမတ္ဝန္ႀကီးခ်ဳပ္က ဂရင္းလန္းကြၽန္းကို ဝယ္ယူဖို႔ကမ္းလွမ္းခ်က္ကို ျငင္းဆန္ပယ္ခ်ထားပါတယ္။ ဒိန္းမတ္အစိုးရက ဂရင္းလန္းကြၽန္းမွာ စစ္ေရးတည္ေဆာက္ဖို႔ အေမရိကန္အစိုးရနဲ႔ေဆြးေႏြးဖို႔လမ္းေၾကာင္း ဖြင့္ထားဆဲျဖစ္တယ္လို႔ ေျပာပါတယ္။
ဂရင္းလန္းကြၽန္းဟာ မဟာဗ်ဴဟာေျမာက္အေရးပါတဲ့ေနရာျဖစ္ၿပီး လူဦးေရ ေျခာက္ေသာင္းေက်ာ္ရွိကာ ၁၉၇၉ခု ႏွစ္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရခဲ့ပါတယ္။