အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသောအမျိုးသမီးကို ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် မြေမြှုပ်ပြီးမှ ပြန်လည်အတည်ပြုနိုင်ခဲ့သည့်ဖြစ်စဉ်တစ်ခု မူဆယ်မြို့တွင်ဖြစ်ပွား

 1872

ချယ်ရီ (NP News) - ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသောအမျိုးသမီးကို ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် မြေမြှပ်ပြီးမှ ပြန်လည်အတည်ပြုနိုင်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

အထက်ပါအမျိုးသမီး၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၉)ရက်၊ ညနေ(၃)နာရီအချိန်ခန့်က မူဆယ်မြို့၊ သံလုံး(၂)လမ်းထိပ်၊ Win စီးကရက် စက်ရုံအနောက်ဘက်၊ အုတ်တံတိုင်းခတ်ထားသော ခြံကွက်ကြီးအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အလောင်းကိုသယ်ယူပို့ဆောင်ပေးခဲ့သော သဒ္ဒါဖြူစင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

“ဒဏ်ရာကတော့ ကြီးကြီးမားမားဘာမှ မတွေ့ဘူး။ အဲဒီလို ခေါင်းမှာ သွေးစိုတာတို့၊ နောက်ဘက်ခေါင်းအခြမ်းသွေးစိုတာတို့တော့ ရှိတာပေါ့။ သေဆုံးနေတာက ပက်လက်ဗျ။ ကျွန်တော်တို့ ထင်တာတော့ ပထမညည့်ဦးယံမှာဖြစ်ပြီးတော့ မနက်ခင်း မိုးလင်းလောက်မှာ ပစ်တယ်လို့ ထင်တာပဲ။ ဘာလို့လည်းဆိုတော့ ဒီအမျိုးသမီးက ပုပ်နေတာလည်း မရှိဘူးလေ။ ကျွန်တော်သွားပြီး ကိုင်လိုက်တဲ့အခါမှ ခေါင်းကသွေးက စထွက်တယ်ဆိုတော့ တကယ်လို့သာ ရက်လွန်ဖြစ်ထားတယ်ဆိုရင် ဒီသွေးက ထွက်စရာ အကြောင်းမရှိဘူး။ ဒဏ်ရာစစ်လိုက်တဲ့အချိန်မှာ အနံ့ထွက်နေတာ၊ ပုပ်နေတာတို့တော့ မရှိဘူးဗျ” ဟု ၎င်းက ဆိုသည်။

အဆိုပါရုပ်အလောင်းကို မူဆယ်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ ဇန်နဝါရီလ(၁၀)ရက်အထိ ပိုင်ရှင်မပေါ်သောကြောင့် ယင်းနေ့တွင်ပင် ပိုင်ရှင်မဲ့အဖြစ် မြေမြုပ်သင်္ဂြိုလ်ခဲ့ရာ ညပိုင်းတွင် သေဆုံးသူနှင့် သိရှိသူများထံက ဖုန်းအဆက်သွယ်ကို လက်ခံရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ဇန်နဝါရီလ(၇)ရက်ညပိုင်း (၇)နာရီကျော်ကျော်လောက်က သူ့သူငယ်ချင်းအမျိုးသမီးဆိုင်ကနေပြီးတော့ အပြင်ကိုထွက်သွားတာ။ Iphoneရယ်၊ Vivo မှန်ခုံးတစ်လုံးရယ်၊ ဆိုင်ကယ်ကလစ်ဘီးနဲ့ ထွက်သွားတာ။ အဲဒီအချိန်ကနေပြီးတော့ သူတို့နဲ့လုံးဝအဆက်သွယ်မရတော့တာမို့။ သူ့သူငယ်ချင်းကလည်း သူ့အခန်းကိုပြန်အိပ်တယ်ပဲ ထင်လိုက်တာ။ နောက်နေ့မနက်ခင်းကျတော့ ဖုန်းဆက်လို့မရလို့ သူ့အခန်းကို လိုက်သွားကြည့်တော့ အခန်းကိုလည်း မပြန်ဘူး။ အဲဒါနဲ့ ကျွန်မတို့ဆီလာလားဆိုပြီး မေးလိုက်တော့လည်း ကျွန်မတို့ဆီကို မလာဘူး။ ညနေအထိစောင့်ကြည့်တော့ လုံးဝမတွေ့တော့ သူတစ်နေရာရာကို မပြောပဲ သွားတယ်၊ အလုပ်ကိစ္စရှိတယ်လို့ပဲ ထင်လိုက်တာ။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ့်ဟာနဲ့ကိုယ် လိုက်ရှာကြတယ်။ လိုက်ရှာပြီးတော့ ဇန်နဝါရီလ (၇)ရက် ကတည်းက ပျောက်ဆုံးပြီးတော့ တိုင်ရမလား၊ တောရမလားဆိုပြီးတော့ စောင့်ရင်းနဲ့ (၁၀)ရက်ကျတော့ လိုင်းပေါ်တင်လိုက်တာ။ ခဏနေကျတော့ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရတယ်ဆိုပြီး လူမှုကူညီရေးအသင်းက သယ်ဆောင်ပေးသွားတယ်ဆိုပြီး ပုံတွေပို့လာတော့ မြင်လိုက်ရတဲ့အချိန်မှာ လုံးဝရှော့ခ်ဖြစ်သွားတာ” ဟု သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးမှာ အသက် (၃၃)နှစ်အရွယ်ရှိ မနန်းချစ်စုအောင်ဖြစ်ပြီး ခင်ပွန်းဟောင်းနှင့် စိတ်သဘောထားချင်းမတိုက်ဆိုင်သောကြောင့် တရာဝင်ကွားရှင်းထားသည်မှာ (၂)လခန့် ရှိပြီဖြစ်ကာ အခြားအိမ်သို့ ပြောင်းရွေ့နေထိုင်စဉ် ယခုကဲ့သို့ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူအတွက် ရက်လည်အလှူကို ခင်ပွန်းဟောင်းဘက်က ယမန်နေ့၊ ဇန်နဝါရီလ(၁၂)ရက်တွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“မသက်ဆိုင်တော့ဘူးဆိုပေမယ့် ဒီလိုဖြစ်သွားတဲ့အချိန်ကျတော့ တစ်မိသားစုလုံးလည်း စိတ်မကောင်းဖြစ်ရတယ်။ သူ့ရဲ့နောက်ဆုံးအချိန်မှာ မတွေ့လိုက်ရပေမယ့် ဒီလိုပုံတွေတက်လာပြီးတော့ ကောင်းကောင်းတောင် သေဆုံးရခြင်းမဟုတ်တဲ့အတွက် သူ့အတွက်တော့ ကျွန်မတို့မိသားစုဘက်က တတ်နိုင်သလောက် အခုလိုရက်လည်လေးလုပ်ပေးခဲ့တာပါ” ဟု အထက်ပါနီးစပ်သူက ပြောပြသည်။

Zawgyi Version;
အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနေသာအမ်ိဳးသမီးကို ပိုင္ရွင္မဲ့႐ုပ္အေလာင္းအျဖစ္ ေျမျမႇဳပ္ၿပီးမွ ျပန္လည္အတည္ျပဳႏိုင္ခဲ့သည့္ျဖစ္စဥ္တစ္ခု မူဆယ္ၿမိဳ႕တြင္ျဖစ္ပြား
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕တြင္ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနေသာအမ်ိဳးသမီးကို ပိုင္ရွင္မဲ့႐ုပ္အေလာင္းအျဖစ္ ေျမျမႇပ္ၿပီးမွ ျပန္လည္အတည္ျပဳႏိုင္ခဲ့သည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံ ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

အထက္ပါအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ ဇန္နဝါရီလ(၉)ရက္၊ ညေန(၃)နာရီအခ်ိန္ခန႔္က မူဆယ္ၿမိဳ႕၊ သံလုံး(၂)လမ္းထိပ္၊ Win စီးကရက္ စက္႐ုံအေနာက္ဘက္၊ အုတ္တံတိုင္းခတ္ထားေသာ ၿခံကြက္ႀကီးအတြင္း ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း အေလာင္းကိုသယ္ယူပို႔ေဆာင္ေပးခဲ့ေသာ သဒၵါျဖဴစင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

“ဒဏ္ရာကေတာ့ ႀကီးႀကီးမားမားဘာမွ မေတြ႕ဘူး။ အဲဒီလို ေခါင္းမွာ ေသြးစိုတာတို႔၊ ေနာက္ဘက္ေခါင္းအျခမ္းေသြးစိုတာတို႔ေတာ့ ရွိတာေပါ့။ ေသဆုံးေနတာက ပက္လက္ဗ်။ ကြၽန္ေတာ္တို႔ ထင္တာေတာ့ ပထမညည့္ဦးယံမွာျဖစ္ၿပီးေတာ့ မနက္ခင္း မိုးလင္းေလာက္မွာ ပစ္တယ္လို႔ ထင္တာပဲ။ ဘာလို႔လည္းဆိုေတာ့ ဒီအမ်ိဳးသမီးက ပုပ္ေနတာလည္း မရွိဘူးေလ။ ကြၽန္ေတာ္သြားၿပီး ကိုင္လိုက္တဲ့အခါမွ ေခါင္းကေသြးက စထြက္တယ္ဆိုေတာ့ တကယ္လို႔သာ ရက္လြန္ျဖစ္ထားတယ္ဆိုရင္ ဒီေသြးက ထြက္စရာ အေၾကာင္းမရွိဘူး။ ဒဏ္ရာစစ္လိုက္တဲ့အခ်ိန္မွာ အနံ႔ထြက္ေနတာ၊ ပုပ္ေနတာတို႔ေတာ့ မရွိဘူးဗ်” ဟု ၎က ဆိုသည္။

အဆိုပါ႐ုပ္အေလာင္းကို မူဆယ္ျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကာ ဇန္နဝါရီလ(၁၀)ရက္အထိ ပိုင္ရွင္မေပၚေသာေၾကာင့္ ယင္းေန႔တြင္ပင္ ပိုင္ရွင္မဲ့အျဖစ္ ေျမျမဳပ္သၿဂႋဳလ္ခဲ့ရာ ညပိုင္းတြင္ ေသဆုံးသူႏွင့္ သိရွိသူမ်ားထံက ဖုန္းအဆက္သြယ္ကို လက္ခံရရွိခဲ့ေၾကာင္း အထက္ပါတာဝန္ရွိသူတစ္ဦးက ရွင္းျပသည္။
“ဇန္နဝါရီလ(၇)ရက္ညပိုင္း (၇)နာရီေက်ာ္ေက်ာ္ေလာက္က သူ႔သူငယ္ခ်င္းအမ်ိဳးသမီးဆိုင္ကေနၿပီးေတာ့ အျပင္ကိုထြက္သြားတာ။ Iphoneရယ္၊ Vivo မွန္ခုံးတစ္လုံးရယ္၊ ဆိုင္ကယ္ကလစ္ဘီးနဲ႔ ထြက္သြားတာ။ အဲဒီအခ်ိန္ကေနၿပီးေတာ့ သူတို႔နဲ႔လုံးဝအဆက္သြယ္မရေတာ့တာမို႔။ သူ႔သူငယ္ခ်င္းကလည္း သူ႔အခန္းကိုျပန္အိပ္တယ္ပဲ ထင္လိုက္တာ။ ေနာက္ေန႔မနက္ခင္းက်ေတာ့ ဖုန္းဆက္လို႔မရလို႔ သူ႔အခန္းကို လိုက္သြားၾကည့္ေတာ့ အခန္းကိုလည္း မျပန္ဘူး။ အဲဒါနဲ႔ ကြၽန္မတို႔ဆီလာလားဆိုၿပီး ေမးလိုက္ေတာ့လည္း ကြၽန္မတို႔ဆီကို မလာဘူး။ ညေနအထိေစာင့္ၾကည့္ေတာ့ လုံးဝမေတြ႕ေတာ့ သူတစ္ေနရာရာကို မေျပာပဲ သြားတယ္၊ အလုပ္ကိစၥရွိတယ္လို႔ပဲ ထင္လိုက္တာ။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ ကိုယ့္ဟာနဲ႔ကိုယ္ လိုက္ရွာၾကတယ္။ လိုက္ရွာၿပီးေတာ့ ဇန္နဝါရီလ (၇)ရက္ ကတည္းက ေပ်ာက္ဆုံးၿပီးေတာ့ တိုင္ရမလား၊ ေတာရမလားဆိုၿပီးေတာ့ ေစာင့္ရင္းနဲ႔ (၁၀)ရက္က်ေတာ့ လိုင္းေပၚတင္လိုက္တာ။ ခဏေနက်ေတာ့ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းကို ေတြ႕ရတယ္ဆိုၿပီး လူမႈကူညီေရးအသင္းက သယ္ေဆာင္ေပးသြားတယ္ဆိုၿပီး ပုံေတြပို႔လာေတာ့ ျမင္လိုက္ရတဲ့အခ်ိန္မွာ လုံးဝေရွာ့ခ္ျဖစ္သြားတာ” ဟု ေသဆုံးသူႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

အဆိုပါအမ်ိဳးသမီးမွာ အသက္ (၃၃)ႏွစ္အ႐ြယ္ရွိ မနန္းခ်စ္စုေအာင္ျဖစ္ၿပီး ခင္ပြန္းေဟာင္းႏွင့္ စိတ္သေဘာထားခ်င္းမတိုက္ဆိုင္ေသာေၾကာင့္ တရာဝင္ကြားရွင္းထားသည္မွာ (၂)လခန႔္ ရွိၿပီျဖစ္ကာ အျခားအိမ္သို႔ ေျပာင္းေ႐ြ႕ေနထိုင္စဥ္ ယခုကဲ့သို႔ျဖစ္စဥ္ကို ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္ၿပီး ေသဆုံးသူအတြက္ ရက္လည္အလႉကို ခင္ပြန္းေဟာင္းဘက္က ယမန္ေန႔၊ ဇန္နဝါရီလ(၁၂)ရက္တြင္ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

“မသက္ဆိုင္ေတာ့ဘူးဆိုေပမယ့္ ဒီလိုျဖစ္သြားတဲ့အခ်ိန္က်ေတာ့ တစ္မိသားစုလုံးလည္း စိတ္မေကာင္းျဖစ္ရတယ္။ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္မွာ မေတြ႕လိုက္ရေပမယ့္ ဒီလိုပုံေတြတက္လာၿပီးေတာ့ ေကာင္းေကာင္းေတာင္ ေသဆုံးရျခင္းမဟုတ္တဲ့အတြက္ သူ႔အတြက္ေတာ့ ကြၽန္မတို႔မိသားစုဘက္က တတ္ႏိုင္သေလာက္ အခုလိုရက္လည္ေလးလုပ္ေပးခဲ့တာပါ” ဟု အထက္ပါနီးစပ္သူက ေျပာျပသည္။

Related news

© 2021. All rights reserved.