မန္တလေးတွင် လက်လုပ်သေနတ်ဖြင့် KBZ ဘဏ်ကို ဓားပြတိုက်သောကြောင့် ဘဏ်ဝန်ထမ်းများနှင့် ပြည်သူများ ဝိုင်းဖမ်းခဲ့ရသူမှာ PDF အဖွဲ့ဝင် ဖြစ်နေ
2453
သုတကျော် (NP News) - ဇန်နဝါရီ ၁၃
မန္တလေးမြို့တွင် လက်လုပ်သေနတ်ဖြင့် KBZ ဘဏ်ကို ဓားပြတိုက်သောကြောင့် ဘဏ်ဝန်ထမ်းများနှင့် ပြည်သူများ ဝိုင်းဖမ်းခဲ့ရသူမှာ PDF အဖွဲ့ဝင် ဖြစ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဥ်တွင် အဆိုပါဘဏ်ခွဲ အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး(စိစစ်ဆဲ)က ငွေလွှဲ/ငွေထုတ်ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများ အား ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီ(၃၂)နှစ်၊ (ဘ)ဦးညီညီ၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံ အောင်ပြည့်ဖြိုး(ခ) ရောင်နီ အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီ၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ် အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို ၂ လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ ၁ ထည်တို့အားလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစား ဆိုင်ကယ် ၁ စီး တို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီအား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ(စိစစ်ဆဲ)နှင့်အတူ စဥ့်ကိုင် မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ် များ၌ ထပ်မံရှာဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ ထံဖုန်းဖြင့် ဆက်သွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ သို့ ငွေများအား အကြိမ်ကြိမ်ထောက်ပံ့ခဲ့ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်(၃၇) အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီသည် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့ရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇)အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးတြင္ လက္လုပ္ေသနတ္ျဖင့္ KBZ ဘဏ္ကို ဓားျပတိုက္ေသာေၾကာင့္ ဘဏ္ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ား ဝိုင္းဖမ္းခဲ့ရသူမွာ PDF အဖြဲ႕ဝင္ ျဖစ္ေန
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၃
မႏၲေလးၿမိဳ႕တြင္ လက္လုပ္ေသနတ္ျဖင့္ KBZ ဘဏ္ကို ဓားျပတိုက္ေသာေၾကာင့္ ဘဏ္ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ား ဝိုင္းဖမ္းခဲ့ရသူမွာ PDF အဖြဲ႕ဝင္ ျဖစ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၁ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၃၅ မိနစ္က မႏၲေလးတိုင္း ေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ကြက္၊ လမ္း ၄၀ ၊ ၇၂ လမ္းႏွင့္ ၇၃ လမ္းၾကားရွိ ကေမာၻဇဘဏ္ခြဲ(၃၇)၌ လုယက္မႈျဖစ္ပြားေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက သြားေရာက္ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။
ျဖစ္စဥ္တြင္ အဆိုပါဘဏ္ခြဲ အတြင္းသို႔ ေျပာက္က်ားအက်ႌလက္ရွည္၊ ေဘာင္းဘီရွည္ အနက္ေရာင္ဝတ္ဆင္ထားသူ အမ်ိဳးသားတစ္ဦး(စိစစ္ဆဲ)က ေငြလႊဲ/ေငြထုတ္ျပဳလုပ္ဟန္ေဆာင္ကာ ဝင္ေရာက္လာၿပီး ဘဏ္ေကာင္တာအမွတ္(၄)ေရွ႕အေရာက္ အသင့္ယူေဆာင္လာသည့္ ေသနတ္ျဖင့္ ဘဏ္ဝန္ထမ္းမ်ားအား ခ်ိန္႐ြယ္ၿခိမ္းေျခာက္၍ ၎လြယ္လာသည့္ ေက်ာပိုးအိတ္အတြင္း ေငြမ်ား အား ထည့္ခိုင္းကာ လုယက္ယူေဆာင္၍ ဘဏ္အတြင္းမွ ျပန္လည္ထြက္ခြာစဥ္ ဘဏ္ဝန္ထမ္းမ်ား ႏွင့္ တာဝန္သိျပည္သူမ်ားက လုယက္သူအမ်ိဳးသားအား ဝင္ေရာက္လုံးေထြးဖမ္းဆီးရာ ၎မွ ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္ခဲ့သျဖင့္ ဒုမန္ေနဂ်ာျဖစ္သူ ဦးလမင္းကိုကို၏ ဝဲဘက္လက္က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ၿပီး လုယက္မႈက်ဴးလြန္သူ တရားခံ ေအာင္ျပည့္ၿဖိဳး(ခ)ေရာင္နီ(၃၂)ႏွစ္၊ (ဘ)ဦးညီညီ၊ မွန္တန္းရပ္ကြက္၊ အမရပူရၿမိဳ႕နယ္ေနသူအား လက္လုပ္ပစၥတိုေသနတ္ ၁ လက္၊ ၉ မမက်ည္ ၅ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ တရားခံ ေအာင္ျပည့္ၿဖိဳး(ခ) ေရာင္နီ အား မဟာေအာင္ေျမၿမိဳ႕နယ္၊ အမွတ္(၉)နယ္ေျမရဲစခန္း၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄/၃၀၇ ျဖင့္ အမႈဖြင့္လွစ္စစ္ေဆးခဲ့သည္။
ဖမ္းဆီးရမိသူ တရားခံ ေအာင္ျပည့္ၿဖိဳး(ခ)ေရာင္နီ၏ထြက္ဆိုခ်က္အရ ဇန္နဝါရီလ ၁၁ ရက္ေန႔ ည ၆ နာရီ ၅ မိနစ္တြင္ ၎၏မိဘေနထိုင္ရာ အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္ရွိ ေနအိမ္ အား သြားေရာက္ရွာေဖြခဲ့ရာ ေနအိမ္ရွိ အိမ္သာအမိုးၾကားမွ လက္လုပ္ေသနတ္အတို ၂ လက္၊ ဂ်င္ကလိ ၁၈ ေခ်ာင္း၊ တီရွပ္အက်ႌ ၁ ထည္တို႔အားလည္းေကာင္း၊ ည ၆ နာရီ ၂၀ မိနစ္တြင္ ၎ငွားရမ္းေနထိုင္သည့္ အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္ရွိ ေနအိမ္အား သြားေရာက္ရွာေဖြခဲ့ရာ ေနအိမ္အတြင္းမွ ၉ မမက်ည္ ၁၈ ေတာင့္၊ MDY 1W/59983 စူပါကတ္အမ်ိဳးအစား ဆိုင္ကယ္ ၁ စီး တို႔အားလည္းေကာင္း အသီးသီးသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ တရားခံ ေအာင္ျပည့္ၿဖိဳး(ခ)ေရာင္နီအား စစ္ေဆးခဲ့ရာ ၎သည္ ၂၀၂၁ ခုႏွစ္၊ ၆ လပိုင္းခန႔္က ခင္မင္ရင္းႏွီးသူ ကိုႏိုင္ဦး(ခ)ကိုဦး(ခ)ေလာင္ခ်ာ(စိစစ္ဆဲ)ႏွင့္အတူ စဥ့္ကိုင္ ၿမိဳ႕နယ္၊ တဘတ္စြဲေက်း႐ြာအနီးရွိ သရက္ၿခံအတြင္း ဖြင့္လွစ္ေသာ PDF အၾကမ္းဖက္သင္တန္းအား တက္ေရာက္ခဲ့ေၾကာင္း၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ လက္နက္၊ ခဲယမ္းမ်ားႏွင့္ ေနအိမ္ မ်ား၌ ထပ္မံရွာေဖြသိမ္းဆည္းရမိသည့္ လက္နက္၊ ခဲယမ္းမ်ားအား ကိုႏိုင္ဦး(ခ)ကိုဦး(ခ)ေလာင္ခ်ာထံမွ ဖုန္းျဖင့္ ခ်ိတ္ဆက္ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎အေနျဖင့္ ကိုႏိုင္ဦး(ခ)ကိုဦး(ခ)ေလာင္ခ်ာ ထံဖုန္းျဖင့္ ဆက္သြယ္၍ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ သို႔ ေငြမ်ားအား အႀကိမ္ႀကိမ္ေထာက္ပံ့ခဲ့ ေၾကာင္းႏွင့္ အၾကမ္းဖက္အဖြဲ႕သို႔ ထပ္မံေငြေၾကးေထာက္ပံ့ေပးရန္ ရည္႐ြယ္၍ ကေမာၻဇဘဏ္(၃၇) အား ဝင္ေရာက္ပစ္ခတ္လုယက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျဖစ္စဥ္မွ ဖမ္းဆီးရမိတရားခံ ေအာင္ျပည့္ၿဖိဳး(ခ)ေရာင္နီသည္ PDF အမည္ခံ အၾကမ္းဖက္ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၎အၾကမ္းဖက္အဖြဲ႕သို႔ ေငြေၾကးေထာက္ပံ့ရန္ ရည္႐ြယ္၍ ကေမာၻဇဘဏ္ (၃၇)အား ေသနတ္ျဖင့္ ပစ္ခတ္ၿခိမ္းေျခာက္၍ ဝင္ေရာက္လုယက္ခဲ့မႈေၾကာင့္ ဘဏ္ဝန္ထမ္းတစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သျဖင့္ ၎အား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။