ထိုင်းဆယ်လီ ရေမြင်းပေါက်လေး မူးဒန် အသက်(၆)လပြည့်ပြီးနောက် ကိုယ်ပိုင် ID ကတ်ရရှိထား

 298

ရောင်နီ (NP News) - ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံရဲ့ဆိုရှယ်မီဒီယာ ဆယ်လီလေး မူးဒန်ဟာ ယခုလဇန်နဝါရီ ၁၀ ရက်မှာအသက် ခြောက်လ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Khao Kheow Open Zoo မှာပေါက်ဖွားတဲ့ ရေမြင်းလေး မူးဒန်ဟာ နှစ်လ သားအရွယ်မှာ သူမရဲ့ချစ်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် ကမ္ဘာတစ်ဝန်းက တိရစ္ဆာန်ချစ်သူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုတော့ မူးဒန်ဟာ သာမာန်လူတွေ အသက်(၁၆)နှစ်ပြည့်ရင်ရတဲ့ ကိုယ်ပိုင် IC ကဒ်ကိုတောင် ရရှိနေပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို Khao Kheow Open Zoo တိရစ္ဆာန်ရုံရဲ့ Facebook စာမျက်နှာမှာ မူးဒန်ရဲ့အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ နိုင်ငံကူးလက်မှတ်အရွယ် ဓာတ်ပုံနဲ့ မှတ်ပုံတင်နံပါတ်တို့ ပါရှိတဲ့ ID ကဒ်ကို အတူတွဲကာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အချို့ကလည်း မူးဒန်ရဲ့ ID နံပါတ်ဟာ ထီပေါက်နိုင်တယ်လို့ ပြောကြပါတယ်။ မူးဒန်ရဲ့ ID နံပါတ်ကတော့ ၉ ၀၀၂၁ ၉၀၀၁၇ ၂၅ ၁၃၇ ဖြစ်ပါတယ်။ မူးဒန် မှတ်ပုံတင်ရရှိတဲ့ အမှတ်တရ အနေနဲ့ တိရစ္ဆာန်ရုံက သူမအသက်သုံးလအရွယ်က မှတ်တမ်းတင်ထားတဲ့ ခြေရာတွေကို လေလံတင်ရောင်းချမှာဖြစ်ပြီး လေလံမှရရှိငွေတွေကို တောရိုင်းတိရစ္ဆာန်ထောက်ပံ့ရေးပရောဂျက်ဆီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းဆယ္လီ ေရျမင္းေပါက္ေလး မူးဒန္ အသက္(၆)လျပည့္ၿပီးေနာက္ ကိုယ္ပိုင္ ID ကတ္ရရွိထား
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၄

ထိုင္းႏိုင္ငံရဲ႕ဆိုရွယ္မီဒီယာ ဆယ္လီေလး မူးဒန္ဟာ ယခုလဇန္နဝါရီ ၁၀ ရက္မွာအသက္ ေျခာက္လ ျပည့္ခဲ့ၿပီျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ Khao Kheow Open Zoo မွာေပါက္ဖြားတဲ့ ေရျမင္းေလး မူးဒန္ဟာ ႏွစ္လ သားအ႐ြယ္မွာ သူမရဲ႕ခ်စ္စရာေကာင္းတဲ့ အသြင္အျပင္ေၾကာင့္ ကမာၻတစ္ဝန္းက တိရစာၦန္ခ်စ္သူေတြကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ အခုေတာ့ မူးဒန္ဟာ သာမာန္လူေတြ အသက္(၁၆)ႏွစ္ျပည့္ရင္ရတဲ့ ကိုယ္ပိုင္ IC ကဒ္ကိုေတာင္ ရရွိေနၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို Khao Kheow Open Zoo တိရစာၦန္႐ုံရဲ႕ Facebook စာမ်က္ႏွာမွာ မူးဒန္ရဲ႕အမည္၊ ေမြးသကၠရာဇ္၊ ေနရပ္လိပ္စာ၊ ႏိုင္ငံကူးလက္မွတ္အ႐ြယ္ ဓာတ္ပုံနဲ႔ မွတ္ပုံတင္နံပါတ္တို႔ ပါရွိတဲ့ ID ကဒ္ကို အတူတြဲကာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

အခ်ိဳ႕ကလည္း မူးဒန္ရဲ႕ ID နံပါတ္ဟာ ထီေပါက္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ မူးဒန္ရဲ႕ ID နံပါတ္ကေတာ့ ၉ ၀၀၂၁ ၉၀၀၁၇ ၂၅ ၁၃၇ ျဖစ္ပါတယ္။ မူးဒန္ မွတ္ပုံတင္ရရွိတဲ့ အမွတ္တရ အေနနဲ႔ တိရစာၦန္႐ုံက သူမအသက္သုံးလအ႐ြယ္က မွတ္တမ္းတင္ထားတဲ့ ေျခရာေတြကို ေလလံတင္ေရာင္းခ်မွာျဖစ္ၿပီး ေလလံမွရရွိေငြေတြကို ေတာ႐ိုင္းတိရစာၦန္ေထာက္ပံ့ေရးပေရာဂ်က္ဆီ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.