တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပူးတွဲတိုက်ခိုက်နေသည့် PDF များအကြား နောင်တစ်ချိန်တွင် အချင်းချင်းတိုက်ပွဲများ ပြန်ဖြစ်လာနိုင်

 492

သုတကျော် (NP News) - ဇန်နဝါရီ ၁၄

တိုင်းရင်းသားလက်နက်ကိုင်များ EAOs နှင့် ပူးတွဲတိုက်ခိုက်နေသည့် PDF များအနေဖြင့် နောင်တစ်ချိန်တွင် အချင်းချင်းတိုက်ပွဲများပြန်ဖြစ်လာနိုင်ကြောင်း NP News ၏ သတင်းရင်းမြစ်တစ်ဦးက KIA နှင့် ၎င်းတို့လက်အောက်ခံ PDF များအကြား အခြေအနေကိုကိုးကား၍ သုံးသပ် ပြောကြားသည်။

လက်ရှိတွင် KIA၊ MNDAA၊ TNLA နှင့် AA တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပူးပေါင်းကာ တပ်မတော်ကို တိုက်ခိုက်နေသော PDF အဖွဲ့များရှိနေရာ အဆိုပါအဖွဲ့များ သည် တိုက်ပွဲတိုင်းတွင် ရှေ့မှအသုံးချခံကာ တိုက်ခိုက်ပေးနေကြရခြင်းဖြစ်သည်။

"တိုက်ပွဲမှာ KIA ကကျ ကွန်မင်ဒါပဲပါ တယ်။ တပ်ရင်းတစ်ရင်းလုံးမှာ (KIA) က အလွန်အကျွံပါမှ ငါးယောက်။ အရာရှိအဆင့်တွေ ကွန်မင်ဒါ လေးငါးယောက်ပဲပါတယ်။ တပ်သားအဆင့် သုံးလေးယောက်ပါတယ်။ ဒီလောက်ရာချီတဲ့တပ်ရင်းတစ်ရင်းမှာနော်။ ဘာဖြစ်နေတုံးဆိုတော့ တိုက်တုန်းကတော့ အတူတိုက်တယ်။ စစ်ပညာသင်ပေးတယ်။ ဘာလို့တုံးဆိုတော့ KIA မှာက စစ်တပ်ကို မုန်းတာ နဲ့ ဗမာလူမျိုးမုန်းတီးစိတ်ရှိတယ်"ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့် နှစ်လခန့်ကလည်း အညာဒေသ၌ KIA အရာရှိတစ်ဦးက အတွင်းခံလျှော်ခိုင်းသောကြောင့် KPDF တစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှု ဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ဆိုသည်။ "ဗမာ PDF ကလည်း ထိုးကျွေးစရာကို မလိုတာ။ သေနတ်ပဲပေးလိုက်တာနဲ့ လုပ်ချင်တာလုပ်လို့ရတာမျိုးဖြစ်နေတာပဲ"ဟု ၎င်းကဆိုသည်။ စောင့်ကြည့်ရမည့်အနေအထား ဖြစ်သော်လည်း နောက်ပိုင်းတွင် PDF များက ပြန်လည်တိုက်ခိုက် ခြင်းမျိုးရှိလာရန်သေချာကြောင်း ၎င်းကဆိုသည်။

"လူဘယ်နှယောက် စတေးရမလဲ မသိဘူး။ နောက်ပိုင်းကျ စစ်တပ်နဲ့ PDF ပေါင်းသွားမှာ။ ဘာ လို့လဲဆိုတော့ EAOs တွေက နယ်မြေရသွားရင် နယ်မြေရသလို လူပါး ဝ၀ လာတာ။ PDF တွေကို Space တွေကျဉ်းအောင် လုပ်လုပ်လာတယ်။ ဘယ်ဟာ ဘာမလုပ်နဲ့လို့။ ဘယ်အဖွဲ့ထဲဆိုလည်း အုပ်ချုပ်ရမယ့်အရာရှိထဲ PDF ကို ထည့်မထားဘူး"ဟု ၎င်းက ဆိုသည်။ လက်ရှိ TNLA နှင့် ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်နေသည့် PDF များအကြားတွင်လည်း ပြဿနာများရှိနေကြောင်း NP News ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယခင်ကပင် ပြောကြားထားခဲ့ဖူးသည်။

"စက်ထဲမှာ ကြားရတယ်လေ ငါတို့ကိုတော့ လုပ်ပြန်ပြီဆိုတာမျိုး PDF အချင်းချင်းကTNLA ကို ပြောတာမျိုးလေ"ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

zawgyi version
တိုင္းရင္းသား လက္နက္ကိုင္မ်ား ႏွင့္ ပူးတြဲတိုက္ခိုက္ေနသည့္ PDF မ်ားအၾကား ေနာင္တစ္ခ်ိန္တြင္ အခ်င္းခ်င္းတိုက္ပြဲမ်ား ျပန္ျဖစ္လာႏိုင္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၄

တိုင္းရင္းသားလက္နက္ကိုင္မ်ား EAOs ႏွင့္ ပူးတြဲတိုက္ခိုက္ေနသည့္ PDF မ်ားအေနျဖင့္ ေနာင္တစ္ခ်ိန္တြင္ အခ်င္းခ်င္းတိုက္ပြဲမ်ားျပန္ျဖစ္လာႏိုင္ေၾကာင္း NP News ၏ သတင္းရင္းျမစ္တစ္ဦးက KIA ႏွင့္ ၎တို႔လက္ေအာက္ခံ PDF မ်ားအၾကား အေျခအေနကိုကိုးကား၍ သုံးသပ္ ေျပာၾကားသည္။

လက္ရွိတြင္ KIA၊ MNDAA၊ TNLA ႏွင့္ AA တို႔ အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ တပ္မေတာ္ကို တိုက္ခိုက္ေနေသာ PDF အဖြဲ႕မ်ားရွိေနရာ အဆိုပါအဖြဲ႕မ်ား သည္ တိုက္ပြဲတိုင္းတြင္ ေရွ႕မွအသုံးခ်ခံကာ တိုက္ခိုက္ေပးေနၾကရျခင္းျဖစ္သည္။

"တိုက္ပြဲမွာ KIA ကက် ကြန္မင္ဒါပဲပါ တယ္။ တပ္ရင္းတစ္ရင္းလုံးမွာ (KIA) က အလြန္အကြၽံပါမွ ငါးေယာက္။ အရာရွိအဆင့္ေတြ ကြန္မင္ဒါ ေလးငါးေယာက္ပဲပါတယ္။ တပ္သားအဆင့္ သုံးေလးေယာက္ပါတယ္။ ဒီေလာက္ရာခ်ီတဲ့တပ္ရင္းတစ္ရင္းမွာေနာ္။ ဘာျဖစ္ေနတုံးဆိုေတာ့ တိုက္တုန္းကေတာ့ အတူတိုက္တယ္။ စစ္ပညာသင္ေပးတယ္။ ဘာလို႔တုံးဆိုေတာ့ KIA မွာက စစ္တပ္ကို မုန္းတာ နဲ႔ ဗမာလူမ်ိဳးမုန္းတီးစိတ္ရွိတယ္"ဟု ၎ကဆိုသည္။ ၿပီးခဲ့သည့္ ႏွစ္လခန႔္ကလည္း အညာေဒသ၌ KIA အရာရွိတစ္ဦးက အတြင္းခံေလွ်ာ္ခိုင္းေသာေၾကာင့္ KPDF တစ္ဦးက ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္မႈ ျဖစ္ပြားခဲ့ေသးေၾကာင္း ၎က ဆိုသည္။ "ဗမာ PDF ကလည္း ထိုးေကြၽးစရာကို မလိုတာ။ ေသနတ္ပဲေပးလိုက္တာနဲ႔ လုပ္ခ်င္တာလုပ္လို႔ရတာမ်ိဳးျဖစ္ေနတာပဲ"ဟု ၎ကဆိုသည္။ ေစာင့္ၾကည့္ရမည့္အေနအထား ျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ PDF မ်ားက ျပန္လည္တိုက္ခိုက္ ျခင္းမ်ိဳးရွိလာရန္ေသခ်ာေၾကာင္း ၎ကဆိုသည္။

"လူဘယ္ႏွေယာက္ စေတးရမလဲ မသိဘူး။ ေနာက္ပိုင္းက် စစ္တပ္နဲ႔ PDF ေပါင္းသြားမွာ။ ဘာ လို႔လဲဆိုေတာ့ EAOs ေတြက နယ္ေျမရသြားရင္ နယ္ေျမရသလို လူပါး ဝ၀ လာတာ။ PDF ေတြကို Space ေတြက်ဥ္းေအာင္ လုပ္လုပ္လာတယ္။ ဘယ္ဟာ ဘာမလုပ္နဲ႔လို႔။ ဘယ္အဖြဲ႕ထဲဆိုလည္း အုပ္ခ်ဳပ္ရမယ့္အရာရွိထဲ PDF ကို ထည့္မထားဘူး"ဟု ၎က ဆိုသည္။ လက္ရွိ TNLA ႏွင့္ ပူးေပါင္းတိုက္ပြဲ ေဖာ္ေဆာင္ေနသည့္ PDF မ်ားအၾကားတြင္လည္း ျပႆနာမ်ားရွိေနေၾကာင္း NP News ၏ စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ယခင္ကပင္ ေျပာၾကားထားခဲ့ဖူးသည္။

"စက္ထဲမွာ ၾကားရတယ္ေလ ငါတို႔ကိုေတာ့ လုပ္ျပန္ၿပီဆိုတာမ်ိဳး PDF အခ်င္းခ်င္းကTNLA ကို ေျပာတာမ်ိဳးေလ"ဟု အထက္ပါ စစ္ေရးသတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.