ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ အညာဒေသတွင် (၆)ကြိမ် ထောက်ပံ့မည်ဖြစ်ပြီး မြို့နယ်အရေအတွက်တိုးလာ
391
ယွန်း (NP News) - ဇန်နဝါရီ ၁၄
ယခုနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အညာဒေသတွင်ထောက်ပံ့မည့် မြို့နယ်အရေအတွက်တိုးလာကြောင်း စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတက NP News သို့ မိန့်ကြားသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ် ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါတောင်းဆိုချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ရွှေဘိုနှင့် ဟုမ္မ လင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ယခု (၂၀၂၅) ခုနှစ်အတွက် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့ရေးအစီအစဉ် World Food Program (WFP) နှင့်အတူ ပြည်တွင်းအခြေစိုက် NGO အဖွဲ့ အစည်းဖြစ်သော Action for Green Earth (AGE) အဖွဲ့မှတာဝန်ယူကာ စစ်ကိုင်း IBEC ကျောင်း၌ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဝေတော့မည်ဖြစ်ကြောင်း သိရသည်။ "၂၀၂၄ ကတော့ ပြီးခဲ့ပြီ။ (၂၀၂၅) မှာက အထူးသဖြင့်တော့ မြို့ပျက်၊ ရွာပျက်သွားကြတဲ့သူတွေရဲ့ နေရပ်စွန့်ခွာလာတဲ့သူတွေကို ထောက်ပံ့ဖို့ပေါ့။ စစ်ကိုင်းတိုင်းဆိုလို့ရှိရင်လည်း ပြီးခဲ့တဲ့ (၂၀၂၄)မှာ (၆)မြို့နယ် လောက်ပေးတာလောက်ကို ဒီနှစ်မှာက (၁၀)မြို့နယ် လောက်ထပ်တိုးပေးလာတယ်။ စစ်ကိုင်းမှာကတော့ စစ်ကိုင်းတောင်တန်း၊ မင်းဝံတောင်တန်း ဘုန်းကြီး ကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ နေရပ်စွန့်ခွာလာ ပြီး ခိုလှုံနေကြတဲ့ပြည်သူတွေ၊ စစ်ကိုင်းမြို့ပေါ်မှာ မှီခိုပြီးတော့နေကြတဲ့ပြည်သူတွေအတွက် ထောက်ပံ့ကူညီပေးတဲ့နေရာမှာ လုံးဝမရသေးတဲ့သူတွေကို ဦးစားပေး ဖို့ပေါ့" ဟု ဆရာတော်ဦးသောဘိတက NP News ကို မိန့်ကြားသည်။
ယခုနှစ်(၂၀၂၅)တွင် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ ဆားလင်းကြီး၊ မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ဟုမ္မလင်း၊ ကန့်ဘလူ အစရှိ သောနေရာများရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ "၂၀၂၄ မှာ လုံးဝမရသေးတဲ့သူတွေကို ဦးစားပေးအနေနဲ့ ထောက်ပံ့ပေးမှာပေါ့။ (၂၀၂၅) မှာတော့ တစ်နှစ်လုံးမှာ (၆)ကြိမ် ထောက်ပံ့မှာပေါ့။ နှစ်လတစ်ကြိမ်။ အဓိက ကတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ ထောက်ပံ့တာပါ။ ဘုန်း ဘုန်းကတော့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့တို့၊ ကုလသမဂ္ဂတို့၊ အာဆီယံတို့နဲ့ ပေါင်းကူးပြီးတော့ လူထုရဲ့မျက်ရည်စ တွေကို ကူသောလက်နဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ဆောင်ရွက်ပေးတယ်ဆိုတဲ့စေတနာလေးနဲ့ ဆောင် ရွက်ပေးတာပါ"ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။ UNOCHA ၏ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ (၃)သန်း ဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာ သူဦးရေ မြင့်တက်နေကြောင်း သိရသည်။
zawgyi version
ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္အရ အညာေဒသတြင္ (၆)ႀကိမ္ ေထာက္ပံ့မည္ျဖစ္ၿပီး ၿမိဳ႕နယ္အေရအတြက္တိုးလာ
ယြန္း (NP News) - ဇန္နဝါရီ ၁၄
ယခုႏွစ္ေထာက္ပံ့ေပးမည့္ ကမာၻ႔စားနပ္ ရိကၡာေထာက္ပံ့မႈအစီအစဥ္ကို (၆)ႀကိမ္ေဆာင္ ႐ြက္သြားမည္ျဖစ္ၿပီး အညာေဒသတြင္ေထာက္ပံ့မည့္ ၿမိဳ႕နယ္အေရအတြက္တိုးလာေၾကာင္း စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ ဦးေသာဘိတက NP News သို႔ မိန႔္ၾကားသည္။
ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလ (၂၆)ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကမာၻ႔ကုလသမဂၢအဖြဲ႕ခ်ဳပ္၌ က်င္းပခဲ့ေသာ (၇၈) ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံသို႔ IBEC ဆရာေတာ္တက္ေရာက္ခဲ့ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ ေဘးေရွာင္ျပည္သူမ်ားကို စားနပ္ရိကၡာမ်ား ေထာက္ပံ့ကူညီေပးေရး ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အဆိုပါေတာင္းဆိုခ်က္မ်ားအရ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္ (WFP) မွ Pilot Project အျဖစ္ စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ မုံ႐ြာ၊ ေ႐ႊဘိုႏွင့္ ဟုမၼ လင္းၿမိဳ႕နယ္တို႔ရွိ စစ္ေရွာင္ျပည္သူမ်ားကို ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ဇြန္လမွစ၍ စတင္ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။ ယခု (၂၀၂၅) ခုႏွစ္အတြက္ ကမာၻ႔စားနပ္ ရိကၡာေထာက္ပံ့ေရးအစီအစဥ္ World Food Program (WFP) ႏွင့္အတူ ျပည္တြင္းအေျခစိုက္ NGO အဖြဲ႕ အစည္းျဖစ္ေသာ Action for Green Earth (AGE) အဖြဲ႕မွတာဝန္ယူကာ စစ္ကိုင္း IBEC ေက်ာင္း၌ ေဖေဖာ္ဝါရီလတြင္ စတင္ျဖန႔္ေဝေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ "၂၀၂၄ ကေတာ့ ၿပီးခဲ့ၿပီ။ (၂၀၂၅) မွာက အထူးသျဖင့္ေတာ့ ၿမိဳ႕ပ်က္၊ ႐ြာပ်က္သြားၾကတဲ့သူေတြရဲ႕ ေနရပ္စြန႔္ခြာလာတဲ့သူေတြကို ေထာက္ပံ့ဖို႔ေပါ့။ စစ္ကိုင္းတိုင္းဆိုလို႔ရွိရင္လည္း ၿပီးခဲ့တဲ့ (၂၀၂၄)မွာ (၆)ၿမိဳ႕နယ္ ေလာက္ေပးတာေလာက္ကို ဒီႏွစ္မွာက (၁၀)ၿမိဳ႕နယ္ ေလာက္ထပ္တိုးေပးလာတယ္။ စစ္ကိုင္းမွာကေတာ့ စစ္ကိုင္းေတာင္တန္း၊ မင္းဝံေတာင္တန္း ဘုန္းႀကီး ေက်ာင္းေတြ၊ သီလရွင္ေက်ာင္းေတြမွာ ေနရပ္စြန႔္ခြာလာ ၿပီး ခိုလႈံေနၾကတဲ့ျပည္သူေတြ၊ စစ္ကိုင္းၿမိဳ႕ေပၚမွာ မွီခိုၿပီးေတာ့ေနၾကတဲ့ျပည္သူေတြအတြက္ ေထာက္ပံ့ကူညီေပးတဲ့ေနရာမွာ လုံးဝမရေသးတဲ့သူေတြကို ဦးစားေပး ဖို႔ေပါ့" ဟု ဆရာေတာ္ဦးေသာဘိတက NP News ကို မိန႔္ၾကားသည္။
ယခုႏွစ္(၂၀၂၅)တြင္ ကမာၻ႔စားနပ္ရိကၡာ ေထာက္ပံ့မႈအစီအစဥ္ကို (၆)ႀကိမ္ေထာက္ပံ့ေပးသြား မည္ျဖစ္ၿပီး စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ ဆားလင္းႀကီး၊ မုံ႐ြာ၊ ေ႐ႊဘို၊ ဝက္လက္၊ ဟုမၼလင္း၊ ကန႔္ဘလူ အစရွိ ေသာေနရာမ်ားရွိ ေနရပ္စြန႔္ခြာျပည္သူမ်ားအား ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရသည္။ "၂၀၂၄ မွာ လုံးဝမရေသးတဲ့သူေတြကို ဦးစားေပးအေနနဲ႔ ေထာက္ပံ့ေပးမွာေပါ့။ (၂၀၂၅) မွာေတာ့ တစ္ႏွစ္လုံးမွာ (၆)ႀကိမ္ ေထာက္ပံ့မွာေပါ့။ ႏွစ္လတစ္ႀကိမ္။ အဓိက ကေတာ့ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ကေန ေထာက္ပံ့တာပါ။ ဘုန္း ဘုန္းကေတာ့ ကမာၻ႔စားနပ္ ရိကၡာအဖြဲ႕တို႔၊ ကုလသမဂၢတို႔၊ အာဆီယံတို႔နဲ႔ ေပါင္းကူးၿပီးေတာ့ လူထုရဲ႕မ်က္ရည္စ ေတြကို ကူေသာလက္နဲ႔ ဗုဒၶဘာသာရဟန္းေတာ္ေတြက ေဆာင္႐ြက္ေပးတယ္ဆိုတဲ့ေစတနာေလးနဲ႔ ေဆာင္ ႐ြက္ေပးတာပါ"ဟု ဆရာေတာ္က ဆက္လက္မိန႔္ၾကားသည္။ UNOCHA ၏ ၿပီးခဲ့သည့္ ဩဂုတ္လအတြင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္း၌ ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ အေရအတြက္မွာ (၃)သန္း ဝန္းက်င္ရွိေၾကာင္း ခန႔္မွန္းထားၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မႏၲေလးတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရပ္စြန႔္ခြာ သူဦးေရ ျမင့္တက္ေနေၾကာင္း သိရသည္။