He-Man ဇာတ်ကောင်အတွက် တစ်နေ့လျှင် အစားအစာ ကယ်လိုရီ(၄၀ဝဝ) ခန့် စားခဲ့ရကြောင်း ပြောဆိုလာတဲ့ ဗြိတိန်ရုပ်ရှင်သရုပ်ဆောင် Nicholas Galitzine

 233

Pika (NP News) - ဇန်နဝါရီ ၁၄

Masters Of the Universe ရုပ်ရှင် ဇာတ်ကားတွင် He-Man ဇာတ်ကောင်အဖြစ် ပါဝင် သရုပ် ဆောင်ရန်အတွက် တစ်နေ့လျှင် အစားအစာ ကယ်လိုရီ(၄၀ဝဝ)ခန့် စားသောက်ခဲ့ရပြီး အလေးမမှု များကို အများအပြားလုပ်ဆောင်ခဲ့ရကြောင်း ဗြိတိန်ရုပ်ရှင်သရုပ်ဆောင် Nicholas Galitzine က ထုတ်ဖော်ပြောဆိုခဲ့သည်။

အသက်(၃၀)နှစ်အရွယ် Nicholas Galitzine သည် Masters Of The Universe ရုပ်ရှင်ဇာတ်ကားအသစ်တွင် စူပါးဟီးရိုးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်လည်းဖြစ်သည်။

ထို့ပြင် He-Man ဇာတ်ကောင်အတွက် လိုအပ်သော ကြွသားများနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုများအတွက် လုပ်ဆောင်ရန်လိုအပ်သော လေ့ကျင့်ခန်းအစီအစဉ်များကို Nicholas Galitzine က ယခုကဲ့သို့ အသေးစိတ်ဖော်ပြပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Nicholas Galitzine က "He-Man ဇာတ်ကောင် အဖြစ် ပါဝင်သရုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး တခြား ဖိအားတွေတော့မရှိပါဘူး။ အဓိကကတော့ စကြာဝဠာထဲက အသန်မာဆုံးလူသားတစ်ယောက်ကို ပုံဖော်ဖို့ပဲ လိုအပ်ခဲ့တာပါ။ အစားအသောက်အများကြီး စားရတာတွေ၊ အလေးမတာတွေနဲ့ စတန့်လုပ်ခဲ့ရတာတွေပဲ ရှိခဲ့တာပါ။ ကျွန်တော် တစ်နေ့ကို အစားအစာ ကယ်လိုရီ(၄၀ဝဝ) လောက်စားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏနဲ့ နှိုင်းယှဉ်လိုက်ရင် နေ့တစ်နေ့အဆုံးမှာ ဗိုက်ထပ်ပြီး ဆာနေတာက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ဒါက တကယ်ကိုပျော်ဖို့ကောင်းတဲ့ အပိုင်းတစ်ခုပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
He-Man ဇာတ္ေကာင္အတြက္ တစ္ေန႔လွ်င္ အစားအစာ ကယ္လိုရီ(၄၀ဝဝ) ခန႔္ စားခဲ့ရ ေၾကာင္း ေျပာဆိုလာတဲ့ ၿဗိတိန္႐ုပ္ရွင္သ႐ုပ္ေဆာင္ Nicholas Galitzine
Pika (NP News) - ဇန္နဝါရီ ၁၄

Masters Of the Universe ႐ုပ္ရွင္ ဇာတ္ကားတြင္ He-Man ဇာတ္ေကာင္အျဖစ္ ပါဝင္ သ႐ုပ္ ေဆာင္ရန္အတြက္ တစ္ေန႔လွ်င္ အစားအစာ ကယ္လိုရီ(၄၀ဝဝ)ခန႔္ စားေသာက္ခဲ့ရၿပီး အေလးမမႈ မ်ားကို အမ်ားအျပားလုပ္ေဆာင္ခဲ့ရေၾကာင္း ၿဗိတိန္႐ုပ္ရွင္သ႐ုပ္ေဆာင္ Nicholas Galitzine က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အသက္(၃၀)ႏွစ္အ႐ြယ္ Nicholas Galitzine သည္ Masters Of The Universe ႐ုပ္ရွင္ဇာတ္ကားအသစ္တြင္ စူပါးဟီး႐ိုးတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမည္လည္းျဖစ္သည္။ ထို႔ျပင္ He-Man ဇာတ္ေကာင္အတြက္ လိုအပ္ေသာ ႂကြသားမ်ားႏွင့္ ခႏၶာကိုယ္ႀကံ့ခိုင္မႈမ်ားအတြက္ လုပ္ေဆာင္ရန္လိုအပ္ေသာ ေလ့က်င့္ခန္းအစီအစဥ္မ်ားကို Nicholas Galitzine က ယခုကဲ့သို႔ အေသးစိတ္ေဖာ္ျပေျပာဆိုလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Nicholas Galitzine က "He-Man ဇာတ္ေကာင္ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး တျခား ဖိအားေတြေတာ့မရွိပါဘူး။ အဓိကကေတာ့ စၾကာဝဠာထဲက အသန္မာဆုံးလူသားတစ္ေယာက္ကို ပုံေဖာ္ဖို႔ပဲ လိုအပ္ခဲ့တာပါ။ အစားအေသာက္အမ်ားႀကီး စားရတာေတြ၊ အေလးမတာေတြနဲ႔ စတန႔္လုပ္ခဲ့ရတာေတြပဲ ရွိခဲ့တာပါ။ ကြၽန္ေတာ္ တစ္ေန႔ကို အစားအစာ ကယ္လိုရီ(၄၀ဝဝ) ေလာက္စားခဲ့ရပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္လုပ္ေနတဲ့ ကိုယ္လက္လႈပ္ရွားမႈပမာဏနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ေန႔တစ္ေန႔အဆုံးမွာ ဗိုက္ထပ္ၿပီး ဆာေနတာက တကယ္ကို အံ့ဩဖို႔ေကာင္းပါတယ္။ ဒါက တကယ္ကိုေပ်ာ္ဖို႔ေကာင္းတဲ့ အပိုင္းတစ္ခုပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.