ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်
                        
                            
                             
 827
 
                             
                            
                            
                         
                        
 
                        Pika (NP News) - ဇန်နဝါရီ ၁၄
မြောက်ကိုရီးယားဟာ ဇန်နဝါရီလ(၁၄)ရက်မှာ ၎င်းရဲ့အရှေ့ဘက်ကမ်းလွန်ကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားစမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဇန်နဝါရီလ(၁၄)ရက်နံနက်(၉)နာရီခွဲအချိန်မှာ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀)ကီလိုမီတာလောက်ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံး JCS ကပြောကြားခဲ့ပါတယ်။ JCS က"မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ ပြတ်ပြတ်သားသား ရန်စမှုတစ်ခုအဖြစ် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ရန်စမှုတွေကို ချက်ချင်းရပ်တန့်ဖို့ JCS ကသတိပေးခဲ့ပြီး နောက်ထပ်ရန်စမှုတွေအားလုံးကို ချက်ချင်းလက်တုံ့ပြန်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီဟာ အခြေအနေတွေကိုပြန်လည်သုံးသပ်ပြီး သင့်လျော်တဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်ဖို့အတွက် အစည်းအဝေးတစ်ခုကိုကျင်းပခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့ပါတယ်။
                     
                        
                                
                                
                                        zawgyi version
ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပား စမ္းသပ္ပစ္လႊတ္
Pika (NP News) - ဇန္နဝါရီ ၁၄
ေျမာက္ကိုရီးယားဟာ ဇန္နဝါရီလ(၁၄)ရက္မွာ ၎ရဲ႕အေရွ႕ဘက္ကမ္းလြန္ကို တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားစမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဇန္နဝါရီလ(၁၄)ရက္နံနက္(၉)နာရီခြဲအခ်ိန္မွာ ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀)ကီလိုမီတာေလာက္ပ်ံသန္းခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္ဦးစီးခ်ဳပ္မ်ား႐ုံး JCS ကေျပာၾကားခဲ့ပါတယ္။ JCS က"ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္ပစ္လႊတ္မႈေတြကို ကိုရီးယားကြၽန္းဆြယ္ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနတဲ့ ျပတ္ျပတ္သားသား ရန္စမႈတစ္ခုအျဖစ္ ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ ရန္စမႈေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ JCS ကသတိေပးခဲ့ၿပီး ေနာက္ထပ္ရန္စမႈေတြအားလုံးကို ခ်က္ခ်င္းလက္တုံ႔ျပန္သြားမယ္လို႔ ကတိျပဳေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယား အမ်ိဳးသားလုံၿခဳံေရးေကာင္စီဟာ အေျခအေနေတြကိုျပန္လည္သုံးသပ္ၿပီး သင့္ေလ်ာ္တဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္ဖို႔အတြက္ အစည္းအေဝးတစ္ခုကိုက်င္းပခဲ့တယ္လို႔ ေတာင္ကိုရီးယားသမၼတ႐ုံးက ေျပာၾကားခဲ့ပါတယ္။