တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အကြီးဆုံးကမ်းခြေစောင့်သင်္ဘောဖြန့်ကျက်ချထားမှုဟာ စိုးရိမ်စရာဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရပြော
 335
Pika (NP News) - ဇန်နဝါရီ ၁၄
ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်းမှာ တရုတ်ရဲ့ အကြီးဆုံးကမ်းခြေစောင့်သင်္ဘောဖြန့်ကျက်ချထားမှုဟာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ ငါးဖမ်းသင်္ဘောတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်ထားတာ သိသာတယ်လို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ ဂျောနသန်မလေယာက "တရုတ်က ၎င်းတို့ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့အကြီးဆုံးသင်္ဘောကို ဖြန့်ကျက်ချထားတာနဲ့ပတ်သက်ပြီး သူတို့ဘက်က ရန်လိုမှုတွေ တိုးလာနေတာကို ကျွန်တော်တို့သတိထားမိပါတယ်”လို့ပြောဆိုခဲ့ပါတယ်။ ဇမ်ဘာလက်စ်ပြည်နယ် ကမ်းလွန်ရဲ့ ရေမိုင်(၇၇)မိုင်အကွာမှာတွေ့ရှိခဲ့တဲ့ အရှည်(၁၆၅)မီတာရှိတဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောကို ဖိလစ်ပိုင်အစိုးရက ကန့်ကွက်မှုတွေလုပ်ဆောင်ခဲ့ပြီး EEZ အတွင်းကနေ ထွက်ခွါသွားဖို့ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
ဖိလစ်ပိုင်အစိုးရက"ဒါဟာ တင်းမာတွေအရှိန်မြင့်လာပြီး ရန်စနေတာမျိုးပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် တရုတ်ရဲ့အကြီးဆုံးကမ်းခြေစောင့်သင်္ဘောရောက်ရှိနေတာဟာ တရားမဝင်ဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ မလေးရှားအစိုးရက ထပ်မံပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်သီးသန့်စီးပွါးရေးဇုန်အတွင်းရောက်ရှိနေတဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောကို မောင်းထုတ်ဖို့အတွက် ၎င်းတို့ရဲ့အကြီးဆုံးသင်္ဘောနှစ်စင်းကို ဖြန့်ကျက်ချထားခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ကင်းလှည့်မှုနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဟာ အကျိုးအကြောင်းသင့်လျော်ပြီး တရားဥပဒေနဲ့အညီ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီရာကွန်းကပြောကြားခဲ့ပါတယ်။
zawgyi version
Related news
© 2021. All rights reserved.