ထူးဆန်းတဲ့ ဘောလုံးတွေ ရှာဖွေတွေ့ရှိခဲ့မှုနဲ့အတူ ဆစ်ဒနီကမ်းခြေ(၉)ခုကို ပိတ်ထား
1992
Pika (NP News) - ဇန်နဝါရီ ၁၄
ဩစတြေးလျအာဏာပိုင်တွေဟာ ဆစ်ဒနီကမ်းခြေတစ်လျှောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြူရောင်နဲ့မီးခိုးရောင် ဘောလုံးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီလ(၁၄)ရက်မှာ ဆစ်ဒနီကမ်းခြေ(၉)ခုကို ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးနောက် သတိပေးချက်မထုတ်ပြန်မချင်း ကမ်းခြေတွေကိုပိတ်ထားတယ်လို့ ဆစ်ဒနီမြို့မြောက်ပိုင်းကမ်းခြေကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဆစ်ဒနီမြို့မြောက်ပိုင်းကမ်းခြေကောင်စီက "လက်ရှိအချိန်အထိ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ နမူနာအများစုဟာ အနည်းငယ်ပိုကြီးတဲ့စကျင်ကျောက်အရွယ်အစားတွေပဲဖြစ်ပါတယ်”လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်တွေဟာ အပျက်အစီးတွေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ပြီး စမ်းသပ်မှုတွေလုပ်ဆောင်ဖို့အတွက် နမူနာတွေစုဆောင်းဖို့ ပြည်နယ်အေဂျင်စီကို ကူညီပေးနေတယ်လို့ ဒေသတွင်းအစိုးရကပြောကြားခဲ့ပါတယ်။
ဒေသတွင်းအစိုးရက "ဆစ်ဒနီမြို့ မြောက်ပိုင်းကမ်းခြေကောင်စီဟာ ဒီကိစ္စကို ဘေးကင်းစွာ ဖယ်ရှားဖို့စီစဉ်နေပြီး တခြားကမ်းခြေတွေကို စစ်ဆေးနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ဆစ်ဒနီမြို့ရဲ့ နာမည်ကျော်ကြားတဲ့ Bondi နဲ့ Coogee ကမ်းခြေတို့မှာ ဂေါက်သီးအရွယ်အစားရှိတဲ့ အမျိုးအမည်မသိအရာဝတ္ထုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ထူးဆန္းတဲ့ ေဘာလုံးေတြ ရွာေဖြေတြ႕ရွိခဲ့မႈနဲ႔အတူ ဆစ္ဒနီကမ္းေျခ(၉)ခုကို ပိတ္ထား
Pika (NP News) - ဇန္နဝါရီ ၁၄
ဩစေၾတးလ်အာဏာပိုင္ေတြဟာ ဆစ္ဒနီကမ္းေျခတစ္ေလွ်ာက္မွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အျဖဴေရာင္နဲ႔မီးခိုးေရာင္ ေဘာလုံးေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ဇန္နဝါရီလ(၁၄)ရက္မွာ ဆစ္ဒနီကမ္းေျခ(၉)ခုကို ပိတ္ပစ္လိုက္တယ္လို႔ သိရပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးေနာက္ သတိေပးခ်က္မထုတ္ျပန္မခ်င္း ကမ္းေျခေတြကိုပိတ္ထားတယ္လို႔ ဆစ္ဒနီၿမိဳ႕ေျမာက္ပိုင္းကမ္းေျခေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ ဆစ္ဒနီၿမိဳ႕ေျမာက္ပိုင္းကမ္းေျခေကာင္စီက "လက္ရွိအခ်ိန္အထိ ေဖာ္ထုတ္ေတြ႕ရွိခဲ့တဲ့ နမူနာအမ်ားစုဟာ အနည္းငယ္ပိုႀကီးတဲ့စက်င္ေက်ာက္အ႐ြယ္အစားေတြပဲျဖစ္ပါတယ္”လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့ျပင္ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရးအာဏာပိုင္ေတြဟာ အပ်က္အစီးေတြနဲ႔ပတ္သက္ၿပီး သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး စမ္းသပ္မႈေတြလုပ္ေဆာင္ဖို႔အတြက္ နမူနာေတြစုေဆာင္းဖို႔ ျပည္နယ္ေအဂ်င္စီကို ကူညီေပးေနတယ္လို႔ ေဒသတြင္းအစိုးရကေျပာၾကားခဲ့ပါတယ္။
ေဒသတြင္းအစိုးရက "ဆစ္ဒနီၿမိဳ႕ ေျမာက္ပိုင္းကမ္းေျခေကာင္စီဟာ ဒီကိစၥကို ေဘးကင္းစြာ ဖယ္ရွားဖို႔စီစဥ္ေနၿပီး တျခားကမ္းေျခေတြကို စစ္ေဆးေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းကလည္း ဆစ္ဒနီၿမိဳ႕ရဲ႕ နာမည္ေက်ာ္ၾကားတဲ့ Bondi နဲ႔ Coogee ကမ္းေျခတို႔မွာ ေဂါက္သီးအ႐ြယ္အစားရွိတဲ့ အမ်ိဳးအမည္မသိအရာဝတၳဳေတြကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔လည္း သိရပါတယ္။