ကမ္ဘာကျော်ပညာရှင်ကြီးနှစ်ဦးရဲ့(၂၀၂၅)ခုနှစ်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ကြိုတင်ဟောကိန်းများ

 295

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၄

(၂၀၂၄)ခုနှစ်ကုန်လို့ (၂၀၂၅) ခုနှစ်ကို ရောက်ရှိလာချိန်မှာတော့ ကမ္ဘာတဝန်းရှိ လူအများအပြားဟာ (၂၀၂၅) ခုနှစ်အတွင်းကမ္ဘာကြီးမှာဘာ တွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

လက်ရှိအချိန်မှာတော့ (၂၀၂၅)ခုနှစ်အတွင်း ကမ္ဘာကြီးမှာဖြစ်လာနိုင်ဖွယ်ရှိတဲ့ ကြိုတင်ဟော ကိန်းတွေကိုရေးသားဖော်ပြနေကြပြီး အဲဒီဟောကိန်း တွေထဲကနေ ကမ္ဘာကျော်အကြားအမြင်ပညာရှင်တွေဖြစ်တဲ့ ဘာဘာဗန်ကာနဲ့ နိုစရာဒါမက်စ်တို့ရဲ့ ဟော ကိန်းတွေကိုပိုမို စိတ်ဝင်စားနေပါတယ်။ ဘာဘာဗန် ကာဟာ (၁၉၁၁) ခုနှစ်မှာမွေးဖွားပြီး (၁၉၆၆) ခုနှစ် မှာ သေဆုံးခဲ့ပေမယ့် သူမသေဆုံးခင်ကြိုတင် ဟော ကိန်းထုတ်ခဲ့တဲ့အရာတွေက မှန်ကန်မှုရှိနေခဲ့ပြီးအဲဒီ ဟောကိန်းတွေထဲက (၉/၁၁) တိုက်ခိုက်မှုဖြစ်ပွား မယ့်အကြောင်းအရာ၊ ဒိုင်ယာနာမင်းသမီး သေဆုံး မယ့်အကြောင်းအရာတွေက ရာနှုန်းပြည့်မှန်ကန်ခဲ့ပါ တယ်။ ဒါ့ပြင် ပြင်သစ်လူမျိုးဖြစ်သလို (၁၅၀၃)ခုနှစ်မှာ မွေးဖွားခဲ့တဲ့နိုစထရာဒါမက်ရဲ့ ဟောကိန်းတွေကလည်း မှန်ကန်မှုရှိခဲ့တဲ့အတွက် ကမ္ဘာတဝန်းလူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

နိုစထရာဒါမက်ဟာ (၁၆) ရာစုတည်းက လူသိများတဲ့ ပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး (၁၅၅၅)ခုနှစ် မှာ ゞင်းရေးသားထားတဲ့ ရှေ့ဖြစ်ဟောစာအုပ်ဟာ လူစိတ်ဝင်စားမှုများခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ နိုစထရာဒါမက်ဟာ နှစ်အလိုက် ကမ္ဘာကြီးမှာဖြစ်လာ နိုင်တဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမယ့် ကြိုတင်ဟောကိန်းအပါအဝင် အခြားဟောကိန်း အ များစုကလည်း မှန်ကန်ခဲ့ပါတယ်။ (၂၀၂၅) ခုနှစ် အတွင်း ကမ္ဘာကြီးမှာဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ ဘာဘာဗန်ကာရဲ့ဟောကိန်းတွေကို လေ့လာကြည့် မယ်ဆိုရင် (၂၀၂၅) ခုနှစ်အတွင်းမှာ ဥရောပတိုက် အတွင်း လူအများအပြားထိခိုက်ဆုံးရှုံးစေမယ့် ကြီး မားပြင်းထန်တဲ့စစ်ပွဲကြီးတွေဖြစ်လာနိုင်တယ်ဆိုတာ ဖော်ပြထားပါတယ်။ (၂၀၂၅) ခုနှစ်အတွင်းဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ဥရောပတိုက်ဟာ ပျက်စီးဖွယ်ရှိ နေပြီး ဥရောပတိုက်စစ်ပွဲတွေကနေ ကမ္ဘာကြီးထိခိုက် ပျက်စီးမှုတွေအထိ ဦးတည်လာဖွယ်ရှိတယ်လို့ ဘာဘာဗန်ကာရဲ့ဟောကိန်းထဲမှာဖော်ပြထားပါတယ်။

ဒါ့ပြင် ဘာဘာဗန်ကာရဲ့ ဟောကိန်းတွေ ထဲမှာ (၂၀၂၅) ခုနှစ်အတွင်း ဂြိုဟ်သားများတွေ့ဆုံမှု၊ လူသားမျိုးနွယ် ပျက်စီးခြင်းတွေစတင်ဖြစ်ပွားခြင်း၊ ဆိုလာစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုများပိုမိုဖြစ်လာနိုင် ခြင်း၊ စိတ်ခြင်းဆက်သွယ်မှုများအမှန်တကယ်ဖြစ်လာ နိုင်ခြင်းစတဲ့အချက်တွေပါဝင်နေပါတယ်။ (၂၀၂၅ )ခုနှစ်အတွင်းမှာ လူသားမျိုးနွယ် အဆုံးသတ်စေမယ့် အဖြစ်ပျက်တွေဖြစ်လာနိုင်တဲ့အတွက် စစ်ပွဲဖြစ်ပွားမှု တွေ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာတွေ၊ နည်းပညာတွေကို တစ်လွဲအသုံးချတာတွေ လျှော့ချဖို့ သတိပေးထားပါတယ်။ ဘူဂေးရီယား အကြားအမြင် ပညာရှင် ဘာဘာဗန်ကာက (၂၀၂၅) ခုနှစ်အတွင်း စွမ်းအင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ သိသိသာသာဖြစ်လာနိုင်ပြီးအထူးသဖြင့် ဆိုလာစွမ်းအင်နဲ့ ပတ် သက်ပြီး တိုးတက်ကောင်းမွန်မှုတွေဖြစ်လာမယ်လို့ ဆိုပါတယ်။ ဆိုလာ စွမ်းအင်ပြောင်းလဲမှုက လူသားတွေရဲ့လက်ရှိစွမ်းအင်လိုအပ်ချက်တွေ၊ ရုပ်ကြွင်း လောင်စာများကို အလွန်အကျွံမှီခိုရမှုတွေကိုလျှော့ ချနိုင်ဖွယ်ရှိတယ်လို့ ဘာဘာဗန်ကာရဲ့ဟောကိန်းထဲမှာ ဖော်ပြထားပါတယ်။

ဘာဘာဗန်ကာ က (၂၀၂၅)ခုနှစ်အတွင်း မှာ လူသားတွေဟာ ဂြိုဟ်သားတွေ ဒါမှမဟုတ် ကမ္ဘာ့အပြင်ဘက်က သက်ရှိတွေနဲ့ တွေ့ဆုံရဖွယ်ရှိ နေပြီး မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေအပြင် ရှာဖွေ တွေ့ရှိမှု လှိုင်းအသစ်တွေထပ်မံ တွေ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ (၂၀၂၅) ခုနှစ်အတွင်း လူသားတွေကြား စိတ်နဲ့ ဆက်နွှယ်မှု ပိုမိုအားကောင်းလာတာတွေဖြစ်လာနိုင်တဲ့အတွက် နယ်မြေစည်းမခြားဘဲ လူသားတွေ ကြားထိတွေ့ဆက်ဆံမှုတွေပိုမိုဖြစ်လာနိုင်မယ်လို့ ဘာဘာဗန်ကာက ဟောကိန်းထုတ်ထားပါတယ်။ဘာဘာဗန်ကာရဲ့ဟောကိန်းထဲမှာ (၂၀၂၅)ခုနှစ် အ တွင်း ဥရောပတိုက်မှာ စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဖော်ပြထားသလို ပြင်သစ်လူမျိုး နိုစထရာဒါမက် ရဲ့(၂၀၂၅)ခုနှစ်အတွက်ဟောကိန်းထဲမှာ ဥရောပ တိုက်အတွင်း ရက်စက်တဲ့စစ်ပွဲတွေဖြစ်လာနိုင်တယ် လို့ ဖော်ပြထားရာ တူညီမှုရှိနေရာ ကြိုတင်ဟောကိန်း ထုတ်တားတဲ့အတိုင်းသာဖြစ်လာမယ်ဆိုရင် ဥရောပ တိုက်အတွက် စိုးရိမ်စရာကောင်းတဲ့အခြေနေမျိုးရှိ နေပါတယ်။

နိုစထရာဒါမက်က ဥရောပတိုက်အတွင်း ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်ပွားလာနိုင်ပြီး စစ်ပွဲတွေ ကြောင့် နိုင်ငံတွေပျက်စီးစေကာ ပထဝီနိုင်ငံရေး ဆက်ဆံရေး ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ゞင်းရဲ့ အ နာဂတ်မှာဖြစ်လာနိုင်မယ့်နှစ်အလိုက်ဟောကိန်းထဲ မှာဖော်ပြထားပါတယ်။ နိုစထရာဒါမက်က (၂၀၂၅)ခုနှစ်အတွင်း ဥရောပတိုက်မှာစစ်ပွဲတွေဖြစ်လာမယ်လို့ ဟောကိန်းထုတ်ထားပေမယ့် အခြားတစ်ဖက်မှာ တော့ သုံးနှစ်နီးပါးကြာဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်း နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံ ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၂၀၂၅) ခုနှစ်အတွင်း အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ် နဲ့အရင်းအနှီးဟာ နှစ်နိုင်ငံစလုံးက လူအများအပြားသေကြေပျက်စီးပေးရဖွယ်ရှိတယ်လို့ နိုစထရာဒါမက်ရဲ့ဟောကိန်းကဆိုပါတယ်။

နိုစထရာဒါမက်ရဲ့ဟောကိန်းထဲမှာ ဘရာ ဇီးနိုင်ငံအတွက် သီးခြားရေးသားဖော်ပြမှုတွေရှိနေ ပြီး ဘရာဇီးနိုင်ငံဟာ (၂၀၂၅) ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကို အဆိုးရွားဆုံး ခံစားရ ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံမှာ (၂၀၂၅)ခုနှစ်အတွင်း ရေကြီးမှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်ပြီး (၂၀၂၅) ခုနှစ်အတွင်း အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ခံစားရတဲ့နိုင်ငံဖြစ်လာ ဖွယ်ရှိနေကာ လူအများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

(၂၀၂၅) ခုနှစ်အတွင်းမှာပဲ ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေးတင်းမာမှုတွေ ပိုမိုဖြစ်လာနိုင်တယ် လို့ နိုစထရာဒါမက်က သတိပေးထားပါတယ်။ အင် အားကြီးမဟာမိတ်အဖွဲ့တွေကြား ပါဝါချိန်ခွင်လျှာ အပြောင်းလဲတွေကြီးကြီးမားမားဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ နိုစရာဒါမက်က မဟာမိတ်အဖွဲ့တွေကြား အားပြိုင်မှုကြောင့် ကမ္ဘာ့အစီအစဉ်အသစ်တွေ ပေါ် ပေါက်လာဖွယ်ရှိနေသလို ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ (၂၀၂၅)ခုနှစ် အတွင်းမှာ ကမ္ဘာတဝန်းရှိ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံ တွေကြားမှာလည်း အာဏာထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရ မှုတွေ၊ အခက်အခဲအရှုပ်ထွေးတွေ ဖြစ်လာနိုင်တဲ့အ တွက် မတည်ငြိမ်မှုတွေဖြစ်လာဖွယ်ရှိတယ်လို့ နိုစရာ ဒါမက်ရဲ့ ဟောကိန်းထဲမှာဖော်ပြထားပါတယ်။ တော် ဝင်မိသားစုတွေကြား ခက်ခဲရှုပ်ထွေးမှုတွေက ဥရောပ တိုက်နဲ့ ကမ္ဘာတဝန်းရှိ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံ တွေအပေါ်သက်ရောက်မှုရှိလာနိုင်ပြီးအထူးသဖြင့် စည်းမျဉ်းခံဘုရင်စနစ်ကို သက်ရောက်မှု ကြီးကြီးမား မားဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဘူဂေးရီးယားနိုင်ငံသား ဘာဘာ ဗန်ကာနဲ့ ပြင်သစ် အကြားအမြင်ပညာရှင် နိုစရာဒါမက်ရဲ့ (၂၀၂၅) ခုနှစ်ဟောကိန်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။ အချို့ကတော့ (၂၀၂၅) ခုနှစ်အတွင်းဖြစ်လာနိုင်တဲ့ အဲဒီဟောကိန်း တွေနဲ့ပတ်သက်ပြီး တိုက်ဆိုင်မှုသာဖြစ်တယ်လို့ ဆို ကြသလို အခြားသူတွေကတော့ ကမ္ဘာလူသားမျိုးနွယ်စုအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်တယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုစရာဒါမက်နဲ့ ဘာဘာဗန်ကာတို့ ရဲ့ ယခင်တုန်းကထုတ်ပြန်ခဲ့ဖူးတဲ့ နှစ်အလိုက် ကြို တင်ဟောကိန်းတွေဟာ မှန်ကန်မှုတွေရှိခဲ့ဖူးရာ လက် ရှိအချိန်မှာလည်း ၎င်းတို့နှစ်ဦးရဲ့ခန့်မှန်းချက်တွေက ကမ္ဘာကြီးအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ နိုစရာဒါမက် နဲ့ ဘာဘာဗန်ကာတို့ရဲ့ကြိုတင်ဟောကိန်းတွေအနက် (၂၀၂၅) ခု နှစ်အတွင်းဖြစ်လာမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး ဟောကိန်းတွေက ဘယ်လောက်အထိမှန်ကန်မှုရှိနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

zawgyi version
ကမာၻေက်ာ္ပညာရွင္ႀကီးႏွစ္ဦးရဲ႕(၂၀၂၅)ခုႏွစ္အတြင္း ျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ႀကိဳတင္ေဟာကိန္းမ်ား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၄

(၂၀၂၄)ခုႏွစ္ကုန္လို႔ (၂၀၂၅) ခုႏွစ္ကို ေရာက္ရွိလာခ်ိန္မွာေတာ့ ကမာၻတဝန္းရွိ လူအမ်ားအျပားဟာ (၂၀၂၅) ခုႏွစ္အတြင္းကမာၻႀကီးမွာဘာ ေတြဆက္ျဖစ္မလဲဆိုတာကို စိတ္ဝင္စားမႈျမင့္တက္ေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ (၂၀၂၅)ခုႏွစ္အတြင္း ကမာၻႀကီးမွာျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ႀကိဳတင္ေဟာ ကိန္းေတြကိုေရးသားေဖာ္ျပေနၾကၿပီး အဲဒီေဟာကိန္း ေတြထဲကေန ကမာၻေက်ာ္အၾကားအျမင္ပညာရွင္ေတြျဖစ္တဲ့ ဘာဘာဗန္ကာနဲ႔ ႏိုစရာဒါမက္စ္တို႔ရဲ႕ ေဟာ ကိန္းေတြကိုပိုမို စိတ္ဝင္စားေနပါတယ္။ ဘာဘာဗန္ ကာဟာ (၁၉၁၁) ခုႏွစ္မွာေမြးဖြားၿပီး (၁၉၆၆) ခုႏွစ္ မွာ ေသဆုံးခဲ့ေပမယ့္ သူမေသဆုံးခင္ႀကိဳတင္ ေဟာ ကိန္းထုတ္ခဲ့တဲ့အရာေတြက မွန္ကန္မႈရွိေနခဲ့ၿပီးအဲဒီ ေဟာကိန္းေတြထဲက (၉/၁၁) တိုက္ခိုက္မႈျဖစ္ပြား မယ့္အေၾကာင္းအရာ၊ ဒိုင္ယာနာမင္းသမီး ေသဆုံး မယ့္အေၾကာင္းအရာေတြက ရာႏႈန္းျပည့္မွန္ကန္ခဲ့ပါ တယ္။ ဒါ့ျပင္ ျပင္သစ္လူမ်ိဳးျဖစ္သလို (၁၅၀၃)ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ႏိုစထရာဒါမက္ရဲ႕ ေဟာကိန္းေတြကလည္း မွန္ကန္မႈရွိခဲ့တဲ့အတြက္ ကမာၻတဝန္းလူစိတ္ဝင္စားမႈျမင့္တက္ခဲ့ပါတယ္။

ႏိုစထရာဒါမက္ဟာ (၁၆) ရာစုတည္းက လူသိမ်ားတဲ့ ပညာရွင္တစ္ဦးျဖစ္ခဲ့ၿပီး (၁၅၅၅)ခုႏွစ္ မွာ ゞင္းေရးသားထားတဲ့ ေရွ႕ျဖစ္ေဟာစာအုပ္ဟာ လူစိတ္ဝင္စားမႈမ်ားခဲ့ပါတယ္။ အဲဒီစာအုပ္ထဲမွာ ႏိုစထရာဒါမက္ဟာ ႏွစ္အလိုက္ ကမာၻႀကီးမွာျဖစ္လာ ႏိုင္တဲ့အေၾကာင္းအရာေတြကို ေရးသားေဖာ္ျပခဲ့တာ ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားမယ့္ ႀကိဳတင္ေဟာကိန္းအပါအဝင္ အျခားေဟာကိန္း အ မ်ားစုကလည္း မွန္ကန္ခဲ့ပါတယ္။ (၂၀၂၅) ခုႏွစ္ အတြင္း ကမာၻႀကီးမွာဘာေတြျဖစ္လာႏိုင္သလဲဆိုတဲ့ ဘာဘာဗန္ကာရဲ႕ေဟာကိန္းေတြကို ေလ့လာၾကည့္ မယ္ဆိုရင္ (၂၀၂၅) ခုႏွစ္အတြင္းမွာ ဥေရာပတိုက္ အတြင္း လူအမ်ားအျပားထိခိုက္ဆုံးရႈံးေစမယ့္ ႀကီး မားျပင္းထန္တဲ့စစ္ပြဲႀကီးေတြျဖစ္လာႏိုင္တယ္ဆိုတာ ေဖာ္ျပထားပါတယ္။ (၂၀၂၅) ခုႏွစ္အတြင္းျဖစ္ပြားတဲ့ စစ္ပြဲေတြေၾကာင့္ ဥေရာပတိုက္ဟာ ပ်က္စီးဖြယ္ရွိ ေနၿပီး ဥေရာပတိုက္စစ္ပြဲေတြကေန ကမာၻႀကီးထိခိုက္ ပ်က္စီးမႈေတြအထိ ဦးတည္လာဖြယ္ရွိတယ္လို႔ ဘာဘာဗန္ကာရဲ႕ေဟာကိန္းထဲမွာေဖာ္ျပထားပါတယ္။

ဒါ့ျပင္ ဘာဘာဗန္ကာရဲ႕ ေဟာကိန္းေတြ ထဲမွာ (၂၀၂၅) ခုႏွစ္အတြင္း ၿဂိဳဟ္သားမ်ားေတြ႕ဆုံမႈ၊ လူသားမ်ိဳးႏြယ္ ပ်က္စီးျခင္းေတြစတင္ျဖစ္ပြားျခင္း၊ ဆိုလာစြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားပိုမိုျဖစ္လာႏိုင္ ျခင္း၊ စိတ္ျခင္းဆက္သြယ္မႈမ်ားအမွန္တကယ္ျဖစ္လာ ႏိုင္ျခင္းစတဲ့အခ်က္ေတြပါဝင္ေနပါတယ္။ (၂၀၂၅ )ခုႏွစ္အတြင္းမွာ လူသားမ်ိဳးႏြယ္ အဆုံးသတ္ေစမယ့္ အျဖစ္ပ်က္ေတြျဖစ္လာႏိုင္တဲ့အတြက္ စစ္ပြဲျဖစ္ပြားမႈ ေတြ၊ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ျပႆနာေတြ၊ နည္းပညာေတြကို တစ္လြဲအသုံးခ်တာေတြ ေလွ်ာ့ခ်ဖို႔ သတိေပးထားပါတယ္။ ဘူေဂးရီယား အၾကားအျမင္ ပညာရွင္ ဘာဘာဗန္ကာက (၂၀၂၅) ခုႏွစ္အတြင္း စြမ္းအင္ပိုင္းဆိုင္ရာ အေျပာင္းအလဲေတြ သိသိသာသာျဖစ္လာႏိုင္ၿပီးအထူးသျဖင့္ ဆိုလာစြမ္းအင္နဲ႔ ပတ္ သက္ၿပီး တိုးတက္ေကာင္းမြန္မႈေတြျဖစ္လာမယ္လို႔ ဆိုပါတယ္။ ဆိုလာ စြမ္းအင္ေျပာင္းလဲမႈက လူသားေတြရဲ႕လက္ရွိစြမ္းအင္လိုအပ္ခ်က္ေတြ၊ ႐ုပ္ႂကြင္း ေလာင္စာမ်ားကို အလြန္အကြၽံမွီခိုရမႈေတြကိုေလွ်ာ့ ခ်ႏိုင္ဖြယ္ရွိတယ္လို႔ ဘာဘာဗန္ကာရဲ႕ေဟာကိန္းထဲမွာ ေဖာ္ျပထားပါတယ္။

ဘာဘာဗန္ကာ က (၂၀၂၅)ခုႏွစ္အတြင္း မွာ လူသားေတြဟာ ၿဂိဳဟ္သားေတြ ဒါမွမဟုတ္ ကမာၻ႔အျပင္ဘက္က သက္ရွိေတြနဲ႔ ေတြ႕ဆုံရဖြယ္ရွိ ေနၿပီး ေမွ်ာ္လင့္မထားတဲ့ စိန္ေခၚမႈေတြအျပင္ ရွာေဖြ ေတြ႕ရွိမႈ လႈိင္းအသစ္ေတြထပ္မံ ေတြ႕ရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ (၂၀၂၅) ခုႏွစ္အတြင္း လူသားေတြၾကား စိတ္နဲ႔ ဆက္ႏႊယ္မႈ ပိုမိုအားေကာင္းလာတာေတြျဖစ္လာႏိုင္တဲ့အတြက္ နယ္ေျမစည္းမျခားဘဲ လူသားေတြ ၾကားထိေတြ႕ဆက္ဆံမႈေတြပိုမိုျဖစ္လာႏိုင္မယ္လို႔ ဘာဘာဗန္ကာက ေဟာကိန္းထုတ္ထားပါတယ္။ဘာဘာဗန္ကာရဲ႕ေဟာကိန္းထဲမွာ (၂၀၂၅)ခုႏွစ္ အ တြင္း ဥေရာပတိုက္မွာ စစ္ပြဲေတြျဖစ္လာႏိုင္တယ္လို႔ ေဖာ္ျပထားသလို ျပင္သစ္လူမ်ိဳး ႏိုစထရာဒါမက္ ရဲ႕(၂၀၂၅)ခုႏွစ္အတြက္ေဟာကိန္းထဲမွာ ဥေရာပ တိုက္အတြင္း ရက္စက္တဲ့စစ္ပြဲေတြျဖစ္လာႏိုင္တယ္ လို႔ ေဖာ္ျပထားရာ တူညီမႈရွိေနရာ ႀကိဳတင္ေဟာကိန္း ထုတ္တားတဲ့အတိုင္းသာျဖစ္လာမယ္ဆိုရင္ ဥေရာပ တိုက္အတြက္ စိုးရိမ္စရာေကာင္းတဲ့အေျခေနမ်ိဳးရွိ ေနပါတယ္။

ႏိုစထရာဒါမက္က ဥေရာပတိုက္အတြင္း ျပင္းထန္တဲ့စစ္ပြဲေတြျဖစ္ပြားလာႏိုင္ၿပီး စစ္ပြဲေတြ ေၾကာင့္ ႏိုင္ငံေတြပ်က္စီးေစကာ ပထဝီႏိုင္ငံေရး ဆက္ဆံေရး ပိုမိုဆိုး႐ြားလာဖြယ္ရွိတယ္လို႔ ゞင္းရဲ႕ အ နာဂတ္မွာျဖစ္လာႏိုင္မယ့္ႏွစ္အလိုက္ေဟာကိန္းထဲ မွာေဖာ္ျပထားပါတယ္။ ႏိုစထရာဒါမက္က (၂၀၂၅)ခုႏွစ္အတြင္း ဥေရာပတိုက္မွာစစ္ပြဲေတြျဖစ္လာမယ္လို႔ ေဟာကိန္းထုတ္ထားေပမယ့္ အျခားတစ္ဖက္မွာ ေတာ့ သုံးႏွစ္နီးပါးၾကာျဖစ္ပြားေနတဲ့ ႐ုရွားနဲ႔ ယူကရိန္း ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္မယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံ ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၂၀၂၅) ခုႏွစ္အတြင္း အဆုံးသတ္ႏိုင္ဖို႔ ၿငိမ္းခ်မ္းေရးအတြက္ ကုန္က်စရိတ္ နဲ႔အရင္းအႏွီးဟာ ႏွစ္ႏိုင္ငံစလုံးက လူအမ်ားအျပားေသေၾကပ်က္စီးေပးရဖြယ္ရွိတယ္လို႔ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းကဆိုပါတယ္။

ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းထဲမွာ ဘရာ ဇီးႏိုင္ငံအတြက္ သီးျခားေရးသားေဖာ္ျပမႈေတြရွိေန ၿပီး ဘရာဇီးႏိုင္ငံဟာ (၂၀၂၅) ခုႏွစ္အတြင္းမွာ သဘာဝေဘးအႏၲရာယ္ကို အဆိုး႐ြားဆုံး ခံစားရ ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ဘရာဇီးႏိုင္ငံမွာ (၂၀၂၅)ခုႏွစ္အတြင္း ေရႀကီးမႈေတြ၊ မီးေတာင္ေပါက္ကြဲမႈေတြ ျဖစ္လာႏိုင္ၿပီး (၂၀၂၅) ခုႏွစ္အတြင္း အဆိုး႐ြားဆုံး သဘာဝေဘးအႏၲရာယ္ကို ခံစားရတဲ့ႏိုင္ငံျဖစ္လာ ဖြယ္ရွိေနကာ လူအမ်ားအျပား ထိခိုက္ပ်က္စီး ဆုံးရႈံးတာေတြျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

(၂၀၂၅) ခုႏွစ္အတြင္းမွာပဲ ကမာၻတဝန္းမွာ ပထဝီႏိုင္ငံေရးတင္းမာမႈေတြ ပိုမိုျဖစ္လာႏိုင္တယ္ လို႔ ႏိုစထရာဒါမက္က သတိေပးထားပါတယ္။ အင္ အားႀကီးမဟာမိတ္အဖြဲ႕ေတြၾကား ပါဝါခ်ိန္ခြင္လွ်ာ အေျပာင္းလဲေတြႀကီးႀကီးမားမားျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။ ႏိုစရာဒါမက္က မဟာမိတ္အဖြဲ႕ေတြၾကား အားၿပိဳင္မႈေၾကာင့္ ကမာၻ႔အစီအစဥ္အသစ္ေတြ ေပၚ ေပါက္လာဖြယ္ရွိေနသလို ျပင္းထန္တဲ့ ပဋိပကၡေတြ ျဖစ္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ (၂၀၂၅)ခုႏွစ္ အတြင္းမွာ ကမာၻတဝန္းရွိ ဘုရင္စနစ္က်င့္သုံးတဲ့ႏိုင္ငံ ေတြၾကားမွာလည္း အာဏာထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္ရ မႈေတြ၊ အခက္အခဲအရႈပ္ေထြးေတြ ျဖစ္လာႏိုင္တဲ့အ တြက္ မတည္ၿငိမ္မႈေတြျဖစ္လာဖြယ္ရွိတယ္လို႔ ႏိုစရာ ဒါမက္ရဲ႕ ေဟာကိန္းထဲမွာေဖာ္ျပထားပါတယ္။ ေတာ္ ဝင္မိသားစုေတြၾကား ခက္ခဲရႈပ္ေထြးမႈေတြက ဥေရာပ တိုက္နဲ႔ ကမာၻတဝန္းရွိ ဘုရင္စနစ္က်င့္သုံးတဲ့ႏိုင္ငံ ေတြအေပၚသက္ေရာက္မႈရွိလာႏိုင္ၿပီးအထူးသျဖင့္ စည္းမ်ဥ္းခံဘုရင္စနစ္ကို သက္ေရာက္မႈ ႀကီးႀကီးမား မားျဖစ္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ဘူေဂးရီးယားႏိုင္ငံသား ဘာဘာ ဗန္ကာနဲ႔ ျပင္သစ္ အၾကားအျမင္ပညာရွင္ ႏိုစရာဒါမက္ရဲ႕ (၂၀၂၅) ခုႏွစ္ေဟာကိန္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြလည္းရွိေနဆဲျဖစ္ပါတယ္။ အခ်ိဳ႕ကေတာ့ (၂၀၂၅) ခုႏွစ္အတြင္းျဖစ္လာႏိုင္တဲ့ အဲဒီေဟာကိန္း ေတြနဲ႔ပတ္သက္ၿပီး တိုက္ဆိုင္မႈသာျဖစ္တယ္လို႔ ဆို ၾကသလို အျခားသူေတြကေတာ့ ကမာၻလူသားမ်ိဳးႏြယ္စုအတြက္ အခ်က္ေပးေခါင္းေလာင္းသံျဖစ္တယ္ လို႔ ဆိုပါတယ္။

ဒါေပမဲ့ ႏိုစရာဒါမက္နဲ႔ ဘာဘာဗန္ကာတို႔ ရဲ႕ ယခင္တုန္းကထုတ္ျပန္ခဲ့ဖူးတဲ့ ႏွစ္အလိုက္ ႀကိဳ တင္ေဟာကိန္းေတြဟာ မွန္ကန္မႈေတြရွိခဲ့ဖူးရာ လက္ ရွိအခ်ိန္မွာလည္း ゞင္းတို႔ႏွစ္ဦးရဲ႕ခန႔္မွန္းခ်က္ေတြက ကမာၻႀကီးအတြက္ အခ်က္ေပးေခါင္းေလာင္းသံျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ ႏိုစရာဒါမက္ နဲ႔ ဘာဘာဗန္ကာတို႔ရဲ႕ႀကိဳတင္ေဟာကိန္းေတြအနက္ (၂၀၂၅) ခု ႏွစ္အတြင္းျဖစ္လာမယ့္ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေဟာကိန္းေတြက ဘယ္ေလာက္အထိမွန္ကန္မႈရွိႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဖြယ္ ရွိေနပါတယ္။

Related news

© 2021. All rights reserved.