ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူခြင်းမရှိသေးသော်လည်း ပွဲစားများက လိမ်လည်အလုပ်ခေါ်ယူမှုများရှိနေ

 85

ယွန်း (NP News) - ဇန်နဝါရီ ၁၅

ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူခြင်းမရှိသေးသော်လည်း အဆိုပါကိစ္စကိုအ ကြောင်းပြုကာ ပွဲစားများက ရုရှားနိုင်ငံသို့ပို့ဆောင်ပေးမည်ဟုဆွယ်ပြီး စတင်လိမ်လည်နေသည့်အတွက် အလိမ်ခံရသူများရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် အသိပေးပြောကြားသည်။

ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ် ယူရန်ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MOU ရေးထိုးရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် အောက်တိုဘာလတွင် အသိပေးပြောဆိုထားသည်။ လက်ရှိအချိန်အထိ မြန်မာလုပ်သားများကို ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နာလည်မှုစာချွန်လွှာ(MOU) ရေးထိုးရန် ပြင်ဆင်နေခြင်းမျိုးသာရှိနေပြီး အမှန်တကယ် အလုပ် သမားစေလွှတ်ခြင်းကို ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

သို့သော်မြေပြင်၌ ပွဲစားများအနေဖြင့် ရုရှားနိုင်ငံသို့ အလုပ်သမားပို့ဆောင်ပေးမည်ဟုဆိုကာ စတင်လိမ်လည်မှုများရှိနေပြီး အလိမ်ခံရသူများလည်းရှိနေကြောင်း သိရသည်။ "အရင်ကတော့ ရုရှားဆိုပြီးမရှိခဲ့ဘူး။ အခုကတော့ နည်းနည်းလေး အသံထွက်လာတာနဲ့ ရုရှားသွားလို့ရတယ်ဆိုပြီး လိမ်ကြတာ။ တကယ်တမ်းတော့ ပို့လို့လည်းမရသေးဘူး။ အရင်က မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီး ယားလောက်ပဲရှိတာ။ အခုဆိုရင် ရုရှားဆိုပြီး အလိမ်ခံရတဲ့သူတွေ စပြီးကြားလာရပြီ။ ရုရှားကိုအလုပ်သမားပို့ဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းတွေမှာပါတယ် လေ။ ဒါမျိုးတွေက တကယ်တမ်းလုပ်ရင် အဆင့်တွေ အများကြီးလုပ်ရမှာ။ ဒါပေမဲ့ ပွဲစားတွေက သူတို့ပါး စပ်ထဲမှာ သတင်းမှာပါတယ်။ ဒါငါတို့လုပ်နေတယ်ဆိုပြီး လူငယ်တွေကိုယုံလွယ်အောင်ပြောကြတယ်။ တချို့ဆို ဘယ်လောက်ထိ လိမ်လဲဆိုရင် အသက်ကန့်သတ်ချက်က ရုရှားတို့ ဘာတို့ဆိုရတယ်ဆိုပြီး လိမ်ကြတယ်။ အမျိုးမျိုးပြောပြီး ပိုက်ဆံတွေယူကြတယ်။ တချို့ဆို လာတိုင်တာတော့ရှိတယ်။ လိမ်တဲ့သူက ဘယ်နားရှာရမှန်းမသိဘူး"ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

ရုရှားနိုင်ငံသည် ၎င်း၏ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သင်္ဘောကျင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများကို ခေါ်ယူလိုခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက် အလုပ် လုပ် ကိုင်လျက်ရှိပြီး မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်လည်း သွားရောက်အလုပ်လုပ်ကိုင်မှုများရှိနေပြီး အလိမ်ခံရသူအရေအတွက်မှာလည်း မြင့် တက်လျက်ရှိသည်။ "လတ်တလောမှာ အလိမ်အညာတွေအရမ်းများနေတယ်။ ပတ်စပို့အတုတို့ ဘာတို့ ဖမ်းဆီးတယ်ဆိုတာလည်း လုပ်စားတာ တော်တော်ကြာပြီ။ အခုမှမိတာ။ မလေးရှား ဘက်မှာလည်း အောက်လမ်း တွေကနေသွင်းနေတဲ့အ ဖွဲ့တွေရှိတယ်။ အဲဒီလိုလုပ်နေတာကြာပြီ။ ပတ်စပို့ အတုဆိုတာကလည်း စာအုပ်ကိုအတု လုပ်တာ မဟုတ်ဘူး။ ကလေးတွေက ပွဲစားတွေဆီမှာ စာအုပ်တွေအပ်ထားတယ်။ အဲဒါတွေကိုပြန်ရောင်းစား တာ။ အဲဒီလိုပတ်စပို့တွေကို ဓာတ်ပုံတွေကပ်ခွာ လုပ်ကြတာ။ စာအုပ်ကြီးတစ်ခုလုံးကိုအတုလုပ်တာ မဟုတ်ဘူး"ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။ ထို့ပြင် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူခြင်းမရှိသေးသော်လည်း ပွဲစားများအနေ ဖြင့် သင်တန်းကျောင်းများဖွင့်လှစ်ကာ ဃောစ သွင်း၍ ကျောင်းသားများထံမှ သင်တန်းကြေး (၃၅)သိန်း အထိတောင်းသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် အယုံမလွယ်ရန်နှင့် တရားဝင်အေဂျင်စီများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီးသာ ဆောင်ရွက်သင့်ကြောင်း အထက်ပါလုပ်ငန်းရှင်က အကြံပြုပြောကြားသည်။ ထို့ပြင် ငွေကျပ် သိန်း (၇၀)၊ (၈၀)ရယူကာ ပတ်စပို့အ တုပြုလုပ်ပေးပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်အလုပ်သမားပို့သူများကို ပြီးခဲ့သည့် ဇန်နဝါရီ(၇)ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
႐ုရွားႏိုင္ငံက ျမန္မာလုပ္သားမ်ားကို ေခၚယူျခင္းမရွိေသးေသာ္လည္း ပြဲစားမ်ားက လိမ္လည္အလုပ္ေခၚယူမႈမ်ားရွိေန
ယြန္း (NP News) - ဇန္နဝါရီ ၁၅

႐ုရွားႏိုင္ငံက ျမန္မာလုပ္သားမ်ားကို ေခၚယူျခင္းမရွိေသးေသာ္လည္း အဆိုပါကိစၥကိုအ ေၾကာင္းျပဳကာ ပြဲစားမ်ားက ႐ုရွားႏိုင္ငံသို႔ပို႔ေဆာင္ေပးမည္ဟုဆြယ္ၿပီး စတင္လိမ္လည္ေနသည့္အတြက္ အလိမ္ခံရသူမ်ားရွိေနေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ အသိေပးေျပာၾကားသည္။

႐ုရွားႏိုင္ငံက ျမန္မာလုပ္သားမ်ားကို ေခၚ ယူရန္ဆႏၵရွိေနၿပီး လုပ္သားပို႔ေဆာင္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား MOU ေရးထိုးရန္ရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလတြင္ အသိေပးေျပာဆိုထားသည္။ လက္ရွိအခ်ိန္အထိ ျမန္မာလုပ္သားမ်ားကို ႐ုရွားႏိုင္ငံသို႔ ေစလႊတ္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား နာလည္မႈစာခြၽန္လႊာ(MOU) ေရးထိုးရန္ ျပင္ဆင္ေနျခင္းမ်ိဳးသာရွိေနၿပီး အမွန္တကယ္ အလုပ္ သမားေစလႊတ္ျခင္းကို ေဆာင္႐ြက္ျခင္းမရွိေသးေၾကာင္း သိရသည္။

သို႔ေသာ္ေျမျပင္၌ ပြဲစားမ်ားအေနျဖင့္ ႐ုရွားႏိုင္ငံသို႔ အလုပ္သမားပို႔ေဆာင္ေပးမည္ဟုဆိုကာ စတင္လိမ္လည္မႈမ်ားရွိေနၿပီး အလိမ္ခံရသူမ်ားလည္းရွိေနေၾကာင္း သိရသည္။ "အရင္ကေတာ့ ႐ုရွားဆိုၿပီးမရွိခဲ့ဘူး။ အခုကေတာ့ နည္းနည္းေလး အသံထြက္လာတာနဲ႔ ႐ုရွားသြားလို႔ရတယ္ဆိုၿပီး လိမ္ၾကတာ။ တကယ္တမ္းေတာ့ ပို႔လို႔လည္းမရေသးဘူး။ အရင္က မေလးရွား၊ ထိုင္း၊ စင္ကာပူ၊ ဂ်ပန္၊ ကိုရီး ယားေလာက္ပဲရွိတာ။ အခုဆိုရင္ ႐ုရွားဆိုၿပီး အလိမ္ခံရတဲ့သူေတြ စၿပီးၾကားလာရၿပီ။ ႐ုရွားကိုအလုပ္သမားပို႔ဖို႔ကိစၥေတြနဲ႔ပတ္သက္ၿပီး သတင္းေတြမွာပါတယ္ ေလ။ ဒါမ်ိဳးေတြက တကယ္တမ္းလုပ္ရင္ အဆင့္ေတြ အမ်ားႀကီးလုပ္ရမွာ။ ဒါေပမဲ့ ပြဲစားေတြက သူတို႔ပါး စပ္ထဲမွာ သတင္းမွာပါတယ္။ ဒါငါတို႔လုပ္ေနတယ္ဆိုၿပီး လူငယ္ေတြကိုယုံလြယ္ေအာင္ေျပာၾကတယ္။ တခ်ိဳ႕ဆို ဘယ္ေလာက္ထိ လိမ္လဲဆိုရင္ အသက္ကန႔္သတ္ခ်က္က ႐ုရွားတို႔ ဘာတို႔ဆိုရတယ္ဆိုၿပီး လိမ္ၾကတယ္။ အမ်ိဳးမ်ိဳးေျပာၿပီး ပိုက္ဆံေတြယူၾကတယ္။ တခ်ိဳ႕ဆို လာတိုင္တာေတာ့ရွိတယ္။ လိမ္တဲ့သူက ဘယ္နားရွာရမွန္းမသိဘူး"ဟု ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

႐ုရွားႏိုင္ငံသည္ ၎၏ေဆာက္လုပ္ေရးလုပ္ငန္းခြင္ႏွင့္ သေဘၤာက်င္းလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သားမ်ားကို ေခၚယူလိုျခင္းျဖစ္ေၾကာင္းသိရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံမွလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသို႔ အမ်ားဆုံးသြားေရာက္ အလုပ္ လုပ္ ကိုင္လ်က္ရွိၿပီး မေလးရွား၊ စင္ကာပူ၊ ကိုရီးယား၊ ဂ်ပန္ႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားတြင္လည္း သြားေရာက္အလုပ္လုပ္ကိုင္မႈမ်ားရွိေနၿပီး အလိမ္ခံရသူအေရအတြက္မွာလည္း ျမင့္ တက္လ်က္ရွိသည္။ "လတ္တေလာမွာ အလိမ္အညာေတြအရမ္းမ်ားေနတယ္။ ပတ္စပို႔အတုတို႔ ဘာတို႔ ဖမ္းဆီးတယ္ဆိုတာလည္း လုပ္စားတာ ေတာ္ေတာ္ၾကာၿပီ။ အခုမွမိတာ။ မေလးရွား ဘက္မွာလည္း ေအာက္လမ္း ေတြကေနသြင္းေနတဲ့အ ဖြဲ႕ေတြရွိတယ္။ အဲဒီလိုလုပ္ေနတာၾကာၿပီ။ ပတ္စပို႔ အတုဆိုတာကလည္း စာအုပ္ကိုအတု လုပ္တာ မဟုတ္ဘူး။ ကေလးေတြက ပြဲစားေတြဆီမွာ စာအုပ္ေတြအပ္ထားတယ္။ အဲဒါေတြကိုျပန္ေရာင္းစား တာ။ အဲဒီလိုပတ္စပို႔ေတြကို ဓာတ္ပုံေတြကပ္ခြာ လုပ္ၾကတာ။ စာအုပ္ႀကီးတစ္ခုလုံးကိုအတုလုပ္တာ မဟုတ္ဘူး"ဟု အထက္ပါ လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။ ထို႔ျပင္ ကိုရီးယားႏိုင္ငံမွ ရာသီခ်ိန္လုပ္သားေခၚယူျခင္းမရွိေသးေသာ္လည္း ပြဲစားမ်ားအေန ျဖင့္ သင္တန္းေက်ာင္းမ်ားဖြင့္လွစ္ကာ ေဃာစ သြင္း၍ ေက်ာင္းသားမ်ားထံမွ သင္တန္းေၾကး (၃၅)သိန္း အထိေတာင္းသည့္ ျဖစ္စဥ္မ်ားလည္းရွိေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အလုပ္သမားမ်ားအေနျဖင့္ အယုံမလြယ္ရန္ႏွင့္ တရားဝင္ေအဂ်င္စီမ်ားႏွင့္ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီးသာ ေဆာင္႐ြက္သင့္ေၾကာင္း အထက္ပါလုပ္ငန္းရွင္က အႀကံျပဳေျပာၾကားသည္။ ထို႔ျပင္ ေငြက်ပ္ သိန္း (၇၀)၊ (၈၀)ရယူကာ ပတ္စပို႔အ တုျပဳလုပ္ေပးၿပီး ထိုင္းႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံသို႔ တရားမဝင္အလုပ္သမားပို႔သူမ်ားကို ၿပီးခဲ့သည့္ ဇန္နဝါရီ(၇)ရက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.