အီရတ်နဲ့ ဗြိတိန်ကြား အမေရိကန်ဒေါ်လာ(၁၅)ဘီလျံတန်ဖိုးရှိ ကုန်သွယ်မှုအစီအစဉ်ကို သဘောတူညီ
124
Pika (NP News) - ဇန်နဝါရီ ၁၅
အီရတ်နှင့်ဗြိတိန်တို့ဟာ အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၉၈) ဘီလျံတန်ဖိုးရှိ ကုန်သွယ်မှုအစီအစဉ်နဲ့ နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို သဘောတူညီခဲ့တယ်လို့ အီရတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့က ပြောကြားခဲ့ပါတယ်။
အီရတ်ဝန်ကြီးချုပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ဟာ တွေ့ဆုံမှုတွေပြုလုပ်ပြီးနောက် အဲဒီသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်မှာ အီရတ်နဲ့ ဆော်ဒီအာရေးဗီးယားကြား လျှပ်စစ်ဓာတ်အား သွယ်တန်းမှု ပရောဂျက်အတွက် ဗြိတိန်လုပ် လျှပ်စစ်ဓာတ်အား သွယ်တန်းစနစ်တွေမှာ ပေါင်(၁ ဒသမ ၂) ဘီလျံ အသုံးပြုမယ့် စီမံကိန်းအပြင် အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Al-Qayyarah လေတပ်စခန်းကို အဆင့်မြှင့်တင်ဖို့ အမေရကိန်ဒေါ်လာသန်း(၆၁၀) ပါဝင်တယ်လို့လည်း သိရပါတယ်။
အီရတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ ရေသန့်တွေ ပံ့ပိုးပေးမယ့် ဗြိတိန် ဦးဆောင်တဲ့ လုပ်ငန်းစုရဲ့ ရေအခြေခံအဆောက်အအုံပရောဂျက်ကလည်း သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းဟာ ဗြိတိန်ပို့ကုန်အတွက် ပေါင်(၅ ဒဿမ ၃) ဘီလျံ တန်ကြေးရှိမယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရတ်ဝန်ကြီးချုပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုခေတ်သစ်အတွက် အခြေခံကိုတည်ဆောက်ဖို့ ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
Zawgyi Version;
အီရတ္နဲ႔ ၿဗိတိန္ၾကား အေမရိကန္ေဒၚလာ(၁၅)ဘီလ်ံတန္ဖိုးရွိ ကုန္သြယ္မႈအစီအစဥ္ကို သေဘာတူညီ
Pika (NP News) - ဇန္နဝါရီ ၁၅
အီရတ္ႏွင့္ၿဗိတိန္တို႔ဟာ အေမရိကန္ေဒၚလာ (၁၄ ဒသမ ၉၈) ဘီလ်ံတန္ဖိုးရွိ ကုန္သြယ္မႈအစီအစဥ္နဲ႔ ႏွစ္ႏိုင္ငံ ကာကြယ္ေရးသေဘာတူညီခ်က္တစ္ရပ္ကို သေဘာတူညီခဲ့တယ္လို႔ အီရတ္နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔က ေျပာၾကားခဲ့ပါတယ္။
အီရတ္ဝန္ႀကီးခ်ဳပ္နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔ဟာ ေတြ႕ဆုံမႈေတြျပဳလုပ္ၿပီးေနာက္ အဲဒီသေဘာတူညီခ်က္ကို ထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။ အဲဒီသေဘာတူညီခ်က္မွာ အီရတ္နဲ႔ ေဆာ္ဒီအာေရးဗီးယားၾကား လွ်ပ္စစ္ဓာတ္အား သြယ္တန္းမႈ ပေရာဂ်က္အတြက္ ၿဗိတိန္လုပ္ လွ်ပ္စစ္ဓာတ္အား သြယ္တန္းစနစ္ေတြမွာ ေပါင္(၁ ဒသမ ၂) ဘီလ်ံ အသုံးျပဳမယ့္ စီမံကိန္းအျပင္ အီရတ္ႏိုင္ငံ ေျမာက္ပိုင္းမွာရွိတဲ့ Al-Qayyarah ေလတပ္စခန္းကို အဆင့္ျမႇင့္တင္ဖို႔ အေမရကိန္ေဒၚလာသန္း(၆၁၀) ပါဝင္တယ္လို႔လည္း သိရပါတယ္။
အီရတ္ႏိုင္ငံ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းတို႔မွာ ေရသန႔္ေတြ ပံ့ပိုးေပးမယ့္ ၿဗိတိန္ ဦးေဆာင္တဲ့ လုပ္ငန္းစုရဲ႕ ေရအေျခခံအေဆာက္အအုံပေရာဂ်က္ကလည္း သေဘာတူညီခ်က္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ အဲဒီစီမံကိန္းဟာ ၿဗိတိန္ပို႔ကုန္အတြက္ ေပါင္(၅ ဒႆမ ၃) ဘီလ်ံ တန္ေၾကးရွိမယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရတ္ဝန္ႀကီးခ်ဳပ္နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔ဟာ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေခတ္သစ္အတြက္ အေျခခံကိုတည္ေဆာက္ဖို႔ ကာကြယ္ေရးသေဘာတူညီခ်က္တစ္ရပ္ကိုလည္း လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။