တရားမဝင်ဒရုန်းတွေကို ပစ်ချခွင့်ပေးဖို့ ဂျာမနီအစိုးရ စီစဉ်နေ
146
Pika (NP News) - ဇန်နဝါရီ ၁၅
ဂျာမနီရဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေအပေါ် တရားမဝင်ပျံသန်းမှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေထွက်ပေါ်လာပြီးနောက် စစ်တပ်ကို တရားမဝင်ဒရုန်းတွေ ပစ်ချဖို့ခွင့်ပြုမယ့် အစီအစဉ်ကို ဂျာမနီအစိုးရက အတည်ပြုဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက်ပိုင်းတည်းက ဂျာမနီဟာ ၎င်းရဲ့ကာကွယ်ရေးပိုင်းအတွက် အမြင့်ဆုံးသတိပေးချက်ထားရှိတာလည်းဖြစ်ပါတယ်။ Bavaria ပြည်နယ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာစခန်းတွေမှာ ဒရုန်းတွေကိုတွေ့ရှိခဲ့ပြီးနောက် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ် ရုရှားရဲ့သူလျှိုလုပ်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ စစ်တပ်ကို လိုအပ်ပါက တရားမဝင်ဒရုန်းတွေကို ပစ်ချခွင့်ပြုသွားမယ်လို့လည်း ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လေကြောင်းလုံခြုံရေးအက်ဥပဒေပြင်ဆင်ချက်အရ လိုအပ်တယ်လို့ယူဆပါက ဒေသဆိုင်ရာအာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ စစ်တပ်ကို တောင်းဆိုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
တရားမဝင္ဒ႐ုန္းေတြကို ပစ္ခ်ခြင့္ေပးဖို႔ ဂ်ာမနီအစိုးရ စီစဥ္ေန
Pika (NP News) - ဇန္နဝါရီ ၁၅
ဂ်ာမနီရဲ႕အေရးႀကီးတဲ့အေျခခံအေဆာက္အအုံေတြအေပၚ တရားမဝင္ပ်ံသန္းမႈေတြနဲ႔ပတ္သက္တဲ့ အစီရင္ခံစာေတြထြက္ေပၚလာၿပီးေနာက္ စစ္တပ္ကို တရားမဝင္ဒ႐ုန္းေတြ ပစ္ခ်ဖို႔ခြင့္ျပဳမယ့္ အစီအစဥ္ကို ဂ်ာမနီအစိုးရက အတည္ျပဳဖို႔စီစဥ္ထားတယ္လို႔သိရပါတယ္။
ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈလုပ္ေဆာင္ၿပီးေနာက္ပိုင္းတည္းက ဂ်ာမနီဟာ ၎ရဲ႕ကာကြယ္ေရးပိုင္းအတြက္ အျမင့္ဆုံးသတိေပးခ်က္ထားရွိတာလည္းျဖစ္ပါတယ္။ Bavaria ျပည္နယ္မွာရွိတဲ့ စစ္ဘက္ဆိုင္ရာစခန္းေတြမွာ ဒ႐ုန္းေတြကိုေတြ႕ရွိခဲ့ၿပီးေနာက္ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သံသယျဖစ္ဖြယ္ ႐ုရွားရဲ႕သူလွ်ိဳလုပ္မႈေတြကို စုံစမ္းစစ္ေဆးေနတယ္လို႔ ၿဗိတိန္ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ စစ္တပ္ကို လိုအပ္ပါက တရားမဝင္ဒ႐ုန္းေတြကို ပစ္ခ်ခြင့္ျပဳသြားမယ္လို႔လည္း ၿဗိတိန္အစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေလေၾကာင္းလုံၿခဳံေရးအက္ဥပေဒျပင္ဆင္ခ်က္အရ လိုအပ္တယ္လို႔ယူဆပါက ေဒသဆိုင္ရာအာဏာပိုင္ေတြက အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေပးဖို႔ စစ္တပ္ကို ေတာင္းဆိုႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။